Pages

Tuesday, May 20, 2014

မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်စက်မှုဇုန် (၃) က ဆန္ဒပြပွဲနှစ်ခု ပြေလည်မှုရရှိ

RangonNewsDaily: May . 20 .2014
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်စက်မှုဇုန် (၃) က Mercury Rays လယ်ယာသုံး ပိုက်ပျော့စက်ရုံနဲ့ Happy Cook မီးဖိုချောင် သုံးပစ္စည်းစက်ရုံက လုပ်ခလစာ ကျပ် ၂၅ဝဝဝ (နှစ်သောင်းခွဲ) တိုးပေးဖို့ သပိတ်စခန်းဖွင့် တောင်းဆိုနေတဲ့ အလုပ်သမားတွေနဲ့ အလုပ်ရှင်ကိုယ်စား လှယ်တွေ မြို့နယ်အလုပ်သမားညှိနှိုင်းဖြန်ဖြေရေးရုံးမှာ ဒီနေ့ ညှိနှိုင်းရာ ပြေ လည်မှုရရှိခဲ့ပါတယ်။
အလုပ်ရှင်ဘက်က လုပ်ခလစာ ၁၅ဝဝဝ (တစ်သောင်းခွဲ) တိုးပေးဖို့ ကတိပေးခဲ့တာကြောင့် သပိတ်စခန်းကို ဒီနေ့ညနေမှာ ပိတ်လိုက်ပြီး မနက်ဖြန်မှာ အလုပ်ပြန်ဆင်းကြမှာဖြစ်တယ်လို့ Mercury Rays စက်ရုံက အလုပ်သမား ကိုထက်လွင်အောင်က ပြောပါတယ်။

"ကျနော်တို့ ဆန္ဒပြမဲ့ ၆ ရက်မြောက်နေ့မှာ မြို့နယ်ရုံးမှာ ကျနော်တို့ သွားရောက်ညှိနှိုင်းခဲ့တယ် အဲ့ဒီအတွက်လည်း အောင်မြင်ခဲ့ပါတယ် ၊သူတို့ဘက်ကလည်း ကျနော်တို့ တောင်းဆိုထားတဲ့ အချက်တွေကို လိုက်လျောပေးတယ်ပေါ့ဗျာ၊


ကျနော်တို့ နှစ်သောင်းခွဲတောင်းဆိုထားတယ် အဲ့ဒါကို သူတို့ဘက်က တစ်သောင်းခွဲနဲ့ စရိတ်ငြိမ်းကို ပြန်ပြီးတော့ခန့်အပ်တဲ့ အတွက် ကျနော်တို့ အလုပ်သမားတွေ အားလုံးသဘောတူထားပါတယ် ၊မနက်ဖြန်ကျရင် အလုပ်ဝင်ဖို့အတွက် စက်ယန္တရားတွေ လည်ပတ်ဖို့ အတွက်ပြင်ရဆင်ရမယ်"

ပြီးခဲ့တဲ့ မေလ ၁၄ရက်နေ့ကစပြီး အဲ့ဒီစက်ရုံ ၂ရုံက အလုပ်သမား ၁ဝဝ ကျော်ဟာ လုပ်ခလစာ ကျပ် ၂၅ဝဝဝ (နှစ်သောင်းခွဲ) တိုးပေးဖို့၊ လုပ်သက်ကြေး ၁ နှစ်ကို ကျပ် ၁ သောင်း တိုးပေးဖို့၊ တနင်္ဂနွေနေ့မှာ အလုပ်ဆင်းရရင် အချိန်ပိုကြေး ၂ ဆပေးဖို့၊ အစိုးရရုံးပိတ်ရက်တိုင်း အလုပ်ပိတ်ပေးဖို့ အချက်တွေကို တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။


Mercury Rays နဲ့ Happy Cook စက်ရုံပိုင်ရှင်က အလုပ်ရှင်ဘက်က လုပ်ခ လစာ ကျပ် ၁သောင်းခွဲ တိုးပေးဖို့အပြင် အလုပ်သမားတွေ တောင်းဆိုတဲ့ အချက်အားလုံးကို လိုက်လျောပေးခဲ့တာလို့ သိရပါတယ်။

RFA , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment