Pages

Monday, May 19, 2014

မုံရွာကြေးနီသတ္တုစီမံကိန်းမှ တရုတ်နိုင်ငံသား(၂)ဦးကို ဆည်တည်းရွာမှ ပြန်ပေးဆွဲ

RangonNewsDaily: May . 19 .2014
မုံရွာကြေးနီသတ္တုစီမံကိန်းမှ တရုတ်နိုင်ငံသား(၂)ဦးကို ဆည်တည်းရွာမှ ပြန်ပေးဆွဲထားကြောင်းမြန်မာ
ဝမ်ပေါင်မှ အုပ်ချုပ်မှုမန်နေဂျာ ဦးမြင့်သိန်း က News Watch သတင်းဂျာနယ်ကို ပြောသည်။"မနေ့က
အဖမ်းခံရတာပါ။သူတို့တောင်းဆိုတာကိုမလိုက်လျောရင် ဖမ်းထားတဲ့ နှစ်ယောက်ကို သတ်ပစ်မယ်
လို့ ခြိမ်းခြောက်ပြောဆိုပါတယ်။ဒါကြောင့် ရဲတွေကို နောက်ပြန်ဆုတ်ဖို့၊အကြမ်းမလုပ်ဖို့ ကျွန်တော်တို့
က ပြန်တောင်းဆိုထားပါတယ်။

စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ကိုလည်း စာတွေပို့ထားပါတယ်။အခုထိတော့ လုံးဝ ညှိလို့မရသေးပါဘူး။ဒီနေ့တော့ သတ္တုတွင်း ၀န်ကြီးလာပြီးညှိနှိုင်းမှုတွေလုပ်ပါမယ်။သူတို့တောင်းဆိုတဲ့အချက်တွေထဲမှာဒီကြေးနီစီမံကိန်းကြီး
ကို လုံးဝ ရပ်ပစ်လိုက်ဖို့ ဆိုတဲ့အချက်ပါဝင်နေပါတယ်"ဟု ယင်းက ရှင်းပြသည်။
::
အဖမ်းခံထားရသော အသက် ၂၃ နှစ် အရွယ် တရုတ်နိုင်ငံသား Mr.Maio Jie နှင့် Mr. Lu Yuanhao ဝန်
ထမ်းနှစ်ဦးအတွက် မြန်မာဝမ်ပေါင်ကုမပ္ပဏီအနေဖြင့် အလွန်စိုးရိမ်သောက ဖြစ်နေရကြောင်း၊ထို့ကြောင့် အမြန်ဆုံးပြန်လည်လွှတ်ပေးရေးအတွက် ဆွေးနွေးမှု ပြုလုပ်ကြမည်ဖြစ်ကြောင်း၊တောင်းဆိုချက်ကိုမလိုက်
လျောပါက အဆိုပါ ဝန်ထမ်းနှစ်ဦးကို သတ်ပစ်မည်ဟုခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း ဦးမြင့်သိန်းက ပြော
သည်။

"ဖမ်းထားတာ ဟုတ်ပါတယ် သူတို့အခု တဲလေးပေါ်မှာ အိပ်နေကြတယ်။ ဖမ်းတာက သူတို့က လာပြီးမြေ
ပေါ်မှာ သံဆူးကြိုးတွေလာ ကာ ကြလို့ ဖမ်းတာပါ။ ဘယ်တော့ပြန်လွှတ်မလဲဆိုတာ အခု ညှိပြီးမှ ပြောလို
့ရမှာပါ" ဟု ဒေသခံ ဒေါ်စိန်ကNews Watch သတင်းဂျာနယ်ကို ပြောသည်။

News Watch Journal ::--KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment