Pages

Monday, May 19, 2014

အမျိုးသမီး ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များ ဖြင့် ပြေးဆွဲမှု ယာဉ် (၁၃) စီးတွင် စတင်စမ်းသပ်

RangonNewsDaily: May . 19 .2014
မြို့တွင်း ပြေးဆွဲလျက်ရှိသည့်ယာဥလိုင်းများတွင် အမျိုးသမီး ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များဖြင့် ပြေးဆွဲမှု အကောင်
အထည်ဖော်ရန် ယာဉ် (၁၃) စီးတွင် စတင် စမ်းသပ်လုပ်ဆောင်ခွင့်ပြု လိုက်ကြောင်း မ.ထ.သ (ဗဟို) မှ သိရသည်။စမ်း
သပ်ပြေးဆွဲမှု အနေဖြင့် (၄၈) အထူး ယာဉ်လိုင်းမှ ယာဉ် (၁၃) စီးတွင် ယာဉ်နောက်လိုက် လိုင်စင်ရ အမျိုးသမီး (၁၁) ဦးဖြင့် စတင်ပြေးဆွဲ သွားမည်ဖြစ်သည်။ လက်ရှိတွင် အမျိုးသမီးများသည် ယာဉ်နောက်လိုက် အဖြစ်သာ ဆောင်ရွက်
မည်ဖြစ်ပြီး ယာဉ်မောင်း အဖြစ် လိုက်ပါရန် မရှိသေး ကြောင်း သိရသည်။ ယာဉ်ပိုင်ရှင်တွေကလည်း တောင်း ဆိုကြပါ
တယ်။ 
အဲဒီလို ပြေးဆွဲခွင့်ပြုခြင်းအား ဖြင့် အမျိုးသမီးတွေအတွက် အလုပ်အကိုင် အခွင့် အလမ်း တွေလည်း ရလာနိုင်မှာဖြစ်ပါ တယ်။ အခုဆိုရင် က.ည.န ကလည်း အမျိုး သမီး၊ အမျိုးသား မခွဲခြားဘဲ ယာဉ်နောက်လိုက် လိုင်စင်ထုတ်ပေး နေ ပါပြီ ဟု မ.ထ.သ (ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်ကပြောသည်။ 

ယာဉ်လိုင်းများတွင် အမျိုးသမီး ယာဉ်မောင်း၊ယာဉ်နောက်လိုက်များဖြင့် ပြေးဆွဲမှု အောင်မြင် ပါက ခရီးသည်များနှင့် ပြဿနာ ဖြစ်ပွားမှုနှုန်း လျော့ကျလာနိုင်ပြီး၊၀င်ငွေကွာဟမှုကိုလည်း ထိန်းချုပ်လာနိုင်မည်ဖြစ်ကြောင်း (၃၁) ယာဉ်လိုင်းမှ ယာဉ်ပိုင် ရှင်တစ်ဦးက ပြောသည်။ 

ယာဉ်လိုင်းများတွင် အမျိုးသမီးများ ပါဝင် လုပ်ကိုင်ခြင်းဖြင့် အမျိုးသားများထက် သည်းခံနိုင်စွမ်း ပိုမိုရှိနိုင်ခြင်းကြောင့် ယာဉ် မဆင်မခြင် မောင်းနှင်မှုနှင့် ယာဉ်မတော်တဆ မှုများကိုလည်း လျှော့ချလာနိုင်မည်ဖြစ်ကြောင်း လည်း ယာဉ်ပိုင်ရှင်များနှင့် မ.ထ.သ (ဗဟို) တာဝန်ရှိ သူ များက သုံးသပ်ပြောဆိုကြသည်။ 

ယာဉ်လိုက်ပါခွင့် လိုင်စင်ရအောင် ယူ နိုင်ဖို့လိုတယ်။ လိုင်စင်ရပြီးပြီဆိုရင် တခြား ယာဉ်လိုင်းတွေမှာ လုပ်ကိုင်ချင်တယ် ဆိုရင် လည်း ခွင့်ပြုပေးသွားမှာပါ ဟု ဦးလှအောင် က ပြောသည်။

ယခုကဲ့သို့ ယာဉ်လိုင်းများတွင် အမျိုးသမီးများ ၀င်ရောက် လုပ်ဆောင်ပါက ယာဉ်ပိုင်ရှင်များ အနေဖြင့် ကားသိမ်းချိန်များနှင့် ကားထုတ်ချိန် များတွင် အခက်အခဲမရှိစေရန် တာဝန်ယူဆောင်ရွက်ပေးရန် လိုအပ်ကြောင်း မ.ထ.သ (ဗဟို) မှ တာဝန်ရှိသူတစ်ဦးကလည်း အကြံပြု ပြောဆိုသည်။ ခရီး သည်တင်ယာဉ် လိုင်း အများစုမှာ နံနက် (၅) နာရီ ၀န်းကျင် ကားစတင်ထုတ်ယူပြီး၊ ည (၁၁) နာရီ ၀န်းကျင် တွင် ကားသိမ်းရမှုကြောင့် အမျိုးသားများ အတွက် အခက်အခဲ မရှိနိုင်သော်လည်း အမျိုးသမီးများအတွက်မူ အခက်အခဲရှိနိုင်ကြောင်း ၎င်း က သုံးသပ်ပြောဆိုသည်။

Messenger News , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment