Pages

Monday, May 19, 2014

တာမွေမြို့နယ်၊ ကျောက်မြောင်းအရှေ့ရပ်ကွက်၊ မလွှကုန်းလမ်းတွင် အမျိုးသားတစ် ဦး (၇)လွှာတိုက်ခန်းမှ ပြုတ်ကျသေဆုံး

RangonNewsDaily: May . 19 .2014
၁၇.၅.၂၀၁၄ ရက်နေ့ ၀၄၄၅ အချိန်တွင် တာမွေမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် တာမွေမြို့နယ်၊ ကျောက်မြောင်း
အရှေ့ရပ်ကွက်၊ မလွှကုန်းလမ်းတွင် တိုက်(၇)လွှာပေါ်မှ အမျိုးသားတစ်ဦးပြုတ်ကျသေဆုံးကြောင်းသတင်းအရ
သွားရောက်စစ်ဆေးရာ
သေဆုံးသူမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်နေ ဦးဝင်းအောင်၊ (၄၃)နှစ်ဖြစ်ကြောင်းသိရှိရပြီး တိုက်ခန်းနောက်
ဘက်လမ်းကြားတွင် ဦးခေါင်းယာဘက်ပေါက်ပြဲ၊ နှာခေါင်းနှင့်ပါးစပ်တို့မှသွေးထွက်၊ ၀ဲလက်မောင်းနှင့်ပေါင်တို့၌
 ဖူးရောင်ဒဏ်ရာများရရှိထားသည်ကိုတွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ ၎င်းသည် အခင်းဖြစ်တိုက်ခန်းနေ အစ်မ၀မ်းကွဲတော်စပ်သူ၏နေအိမ်သို့ ၁၆.၅.၂၀၁၄ ရက်နေ့

ညနေပိုင်းတွင် အလည်အပတ်ရောက်ရှိလာပြီး ညပိုင်းတွင် အရက်သောက်စားခဲ့ကာ အိပ်ယာဝင်ခဲ့ကြောင်း၊ 
::
၁၇.၅.၂၀၁၄ ရက်နေ့ ၀၃၃၀ အချိန်တွင် အိမ်ရှင်အစ်မဖြစ်သူမှ အိပ်ယာမှနိုး၍ကြည့်ရှုရာ ၎င်းကို မတွေ့ရှိသဖြင့် လိုက်လံ
ရှာဖွေခဲ့ကြောင်း၊ တိုက်ခန်းနောက်ဘက်ရှိအကာမရှိသောပြူတင်းပေါက်မှ ဓါတ်မီးဖြင့်ထိုးကြည့်ရှာဖွေခဲ့ရာမှ အောက်

သို့ပြုတ်ကျနေသည်ကိုတွေ့ရှိရခြင်းဖြစ်ကြောင်း သိရှိရပါသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်၍ တာမွေမြို့မရဲစခန်းသေမှုသေခင်းအမှတ်စဉ် (၁၀/၂၀၁၄)ဖြင့် ရေးဖွင့်ကာ စုံစမ်း စစ်ဆေးလျက်ရှိကြောင်းသတင်းရရှိပါသည်။

MOI Webportal ::--
KOLATT(PBDN)

RangonNewsDaily

0 comments:

Post a Comment