Pages

Monday, May 19, 2014

သမ္မတဦးသိန်းစိန်နှင့် ၀ူခုန်းမင်းသား တွေ့ဆုံမည်

RangonNewsDaily: May . 19 .2014
ဝူခုန်းမင်းသားဟု နာ မည်ကျော်ကြားသည့် သရုပ် ဆောင်မစ္စတာ လျူချီယိုလင်တန် သည် မေလတတိယပတ်အတွင်း မြန်မာနိုင်ငံသို့ လာရောက်လည် ပတ်မည်ဖြစ်ပြီး ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတနှင့်လည်း တွေ့ ဆုံမည်ဟု သတင်းရရှိသည်။
အနောက်သို့ ခရီးသွားခြင်း (Journey to the West) ဇာတ် ကားတွင် စွန်းဝူခုန်းမျောက်မင်း အဖြစ် မြန်မာပရိသတ်များအ ကြိုက်တွေ့ခဲ့သည့် မင်းသားမှာ မေလ ၂၁ ရက်မှ ၂၆ ရက်အထိ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး စဉ်အဖြစ် လာရောက်လည်ပတ် မည်ဟု မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း(မန္တလေး တိုင်းဒေသကြီး) အတွင်းရေးမှူးဦးပိုမြင့်က ပြောသည်။

‘‘အဓိကကတော့ မြန်မာ ပြည်မှာရှိတဲ့ သူ့ပရိသတ်တွေ နဲ့ လာတွေ့တာပါ။ တစ်ခါတည်း နေပြည်တော်မှာ သမ္မတကြီးနဲ့ တွေ့မယ်။ ရန်ကုန်နဲ့ မန္တလေးက မိဘမဲ့ကလေးတွေကို လှူဖို့ အ စီ အစဉ်တွေပါမယ်။ ပုဂံကိုတော့ လေ့လာရေးသဘောနဲ့ သွားမှာ’’ ဟု ဦးပိုမြင့်ကပြောသည်။
::
ဝူခုန်းမင်းသား မြန်မာ နိုင်ငံသို့ စတင်ရောက်ရှိမည့် မေ ၂၁ ရက်တွင် မြန်မာ-တရုတ်ချစ် ကြည်ရေးအသင်း (ဗဟို)နှင့် တွေ့ဆုံမည်ဖြစ်ပြီး ၂၂ ရက်တွင် ရန် ကုန်မြို့၊ ၂၃ ရက်တွင် နေပြည် တော်၊ ၂၄ ရက်တွင် မန္တလေးမြို့ နှင့် ၂၅ ရက်တွင် ပုဂံညောင်ဦး အစရှိသည့် မြို့များသို့ သွားရောက်မည်ဖြစ်ကာ ၂၆ ရက် တွင်မူ တံတားဦးအပြည်ပြည်ဆိုင် ရာလေဆိပ်မှ တစ်ဆင့် ဘေဂျင်း မြို့သို့ ပြန်လည်ထွက်ခွာမည်ဖြစ် ကြောင်း ရန်ကုန်မြို့ရှိ မြန်မာ- တရုတ် ချစ်ကြည်ရေးအသင်း (ဗဟို) ထုတ်ပြန်ထားသည်။

မေလ ၂၄ ရက် မန္တလေးမြို့ခရီး စဉ်တွင် မင်းသားနှင့် မြို့ခံပရိ သတ်များတွေ့ဆုံမည့်အစီအစဉ် ကို အိုရီရင်တယ်ဟောက်စ်တွင် ကျင်းပမည်ဖြစ်သည်။ ထို့အပြင် အမျိုးသားပြဇာတ်ရုံတွင်လည်း ၀ူခုန်းမင်းသား ကပြဖျော် ဖြေနိုင်ရန် ကြိုတင်စီစဉ်မှုများ ပြုလုပ်နေပြီဖြစ်သည်။ ၀ူခုန်း မင်းသားလာမည့် အစီအစဉ်အား မြို့ခံပရိသတ်များ ကျယ်ကျယ် ပြန့်ပြန့်သိရှိစေရန် အစိုးရသတင်း စာများတွင်လည်း ထည့်သွင်း ကြေညာမည်ဟုသိရသည်။
::
လွန်ခဲ့သည့် အနှစ် ၂၀ ၀န်း ကျင်အချိန်ကတည်းက နိုင်ငံပိုင် ရုပ်မြင်သံကြားမှ ညစဉ်ပြသခဲ့သည့် ၀ူခုန်းဇာတ်လမ်းတွဲများကိုထပ်ခါထပ်ခါကြည့်ရသည်အထိ ကြိုက်နှစ်သက်ခဲ့ရသောကြောင့် ၎င်းမင်းသား မြန်မာနိုင်ငံသို့ လာလျှင် သွားရောက်အားပေးရန် စီစဉ်ထားသည်ဟု မန္တလေး မြို့ခံအသက်( ၃၀)အရွယ် မငြိမ်း ငြိမ်းကပြောသည်။

‘‘၀ူခုန်းဇာတ်လမ်းတွဲတွေကို အနည်းဆုံးသုံးခါထက်မက ကြည့် ဖူးတယ်။ အစ်မတို့ ငါးတန်း၊ ခြောက်တန်းလောက်ကတည်းက ကြည့်လာရတဲ့ မင်းသားဆိုတော့ အပြင်မှာတော့ မြင်ဖူးချင်တယ်။ လာရင်တော့ သွားကြည့်ဖို့ စီစဉ် ထားတယ်’’ဟု မငြိမ်းငြိမ်းကဆို သည်။
::
ဝူခုန်းမင်းသားမှာ ဥရောပနိုင်ငံများနှင့် အာရှတိုက်အတွင်းရှိ နိုင်ငံတချို့တွင် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် စံမီသော ဖွံ့ဖြိုးတိုးတက်မှုများ ထာဝရထိန်း သိမ်းရေးလုပ်ငန်းများအတွက် လုပ်ဆောင်နေသူတစ်ဦးလည်း ဖြစ်ကြောင်း မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်းမှ သတင်းရရှိသည်။

7Day Daily ::--
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment