Pages

Monday, May 19, 2014

ကြေးစင်တောင်လုပ်ကွက်အတွင်း တန်(၁၀၀) Dump Truck ယာဉ်က ဟိုင်းလပ် ကားအား ၀င်ကြိတ်၊ မြန်မာ ၀န်ထမ်းတစ်ဦး သေဆုံး

RangonNewsDaily: May . 19 .2014
ကြေးစင်တောင်ကြေးနီစီမံကိန်း အတွင်း တန်(၁၀၀) Dump Truck ယာဉ် က စက်ယန္တရားများကို လိုက်လံ ပြင်ဆင်ပေးနေသည့် Toyota Hilux ယာဉ်အား ၀င်ကြိတ်မိ သဖြင့် မြန်မာဝန်ထမ်းတစ်ဦး သေဆုံးသွားခဲ့ကြောင်း သက်ဆိုင်ရာ ရဲစခန်းမှ သိရ သည်။
ကြေးစင်တောင် စီမံကိန်း အတွင်း ယမန်နေ့ နံနက် (၈း၁၅) နာရီက သတ္တုရိုင်းများ တင်ဆောင်ရန် တန်(၁၀၀) Dump Truck ယာဉ်က အရံသင့် စောင့်ဆိုင်း နေစဉ် စက်ယန္တရားကြီးများအား လိုက်လံ ပြင်ဆင်ရန် ရောက်ရှိလာသည့် Toyota Hilux ယာဉ် ၏ ရှေ့ပိုင်း သုံးပုံတစ်ပုံခန့် အား ၀င်ရောက်ကြိတ်မိခဲ့ခြင်း ဖြစ်ကြောင်း ပထမသတင်းပေးချက် အရ သိရသည်။

ဖြစ်စဉ်မှာမျိုး ကိုကိုစိုး (၃၆) နှစ် (ဖောင်းကားကျေးရွာ)မောင်းနှင်လာသည့် Terex အမျိုးအစား တန်(၁၀၀) Dump Truck ယာဉ်အမှတ် (၇၄)သည် သတ္တုရိုင်းများ တင်ဆောင်ရန်အသင့်စောင့်ဆိုင်းနေစဉ် Heavy Workshop မှ မင်းမင်းစိုး (၃၅) နှစ် (မိုင်းလုပ်သားမြို့) နှင့်အဖော်ဖြစ်သူ မင်းသန့်နိုင် (တောင်ပုလူရွာ) တို့ လိုက်ပါလာသည့် Toyota Hilux ယာဉ်သည် စက်ယန္တရား များကို လိုက်လံပြင်ပေးရန် အတွက် မောင်းနှင်လာစဉ် 
::
သတ္တုရိုင်းများ တင်ဆောင်လာသည့် ကားမှ ရုတ်တရက် ကွေ့ချ လိုက်သဖြင့် Dump Truck ယာဉ်ကို ရှေ့ညာဘက် ဘီးဖြင့် သုံးပုံတစ်ပုံခန့် ၀င်ရောက်ကြိတ်မိခဲ့ကာ၊ ယာဉ်မောင်းဖြစ်သူ မင်းမင်းစိုးမှာ နေရာတွင်ပင် ခေါင်းပိပြားကာ ပွဲချင်းပြီး သေဆုံးသွားရသည်။ အဖော်ဖြစ်သူ မင်းသန့်နိုင်မှာ ဘယ်ဘက်ခြေသလုံးကျိုးကာ ဒဏ်ရာအနည်းငယ် ရရှိခဲ့သဖြင့်မုံရွာ ဆေးရုံကြီးသို့ ကုသမှု ခံယူနေ ကြောင်း သက် ဆိုင်ရာမှုခင်း မှတ်တမ်းများအရ သိရသည်။

ယင်းကိစ္စများနှင့် ပတ်သက်၍ သက်ဆိုင်ရာ ကြေးနီမိုင်းရဲ စခန်းမှယာဉ်အား မဆင် မခြင်မောင်းနှင်သူ မျိုးကိုကိုစိုး (၃၆) နှစ် Dump Truck မောင်းနှင်သူအား ယာဉ်(ပ) ၁၉/၂၀၁၄ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၃၇ ၊ ၃၃၈၊ ၃၀၄(က) အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Messenger News ::--
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment