Pages

Monday, May 19, 2014

Sony မှ အသစ် ထွက်ရှိသည့် 4K Ultra HD Video များကို ရိုက်ကူး နိုင်သော ရေစိမ်ခံ Xperia Z2



RangonNewsDaily: May . 19 .2014
Android Version 4.4 ထည့်သွင်း ပေးထားကာ Screen အရွယ် အစား 5.2" Full HD Display (1080 _ 1920 Pixels) ပါဝင် သည့် Sony မှ အသစ် ထွက်ရှိ လာသည့် 4K Ultra HD Video များ ကို ရိုက်ကူး နိုင်သော ရေစိမ်ခံ Xperia Z2 4G ကို မြန်မာ နိုင်ငံတွင် ဝယ်ယူ ရရှိ နိုင်ပြီ ဖြစ်ကြောင်း သိရ သည်။ 



Xperia Z2 ဖုန်း သည် Display ပိုင်းတွင် Z1 ထက် အရောင် အသွေး စိုပြည် လှပပြီး ရှေ့စပီကာ နှစ်လုံး နှင့် အသံထွက် လည်း ကောင်းမွန် ကာ Double Tap to Unlock, Smart Screen, Smart Call Handling အစ ရှိသော Features အသစ်ပေါင်း များစွာ ပါဝင် လာကြောင်း သိရသည်။

Z1 နည်းတူ ရေစိုခံ သည့် ဖုန်း အမျိုးအစား ဖြစ်ပြီး Internal Storage အနေ ဖြင့် 16 GB ထည့်သွင်း ပေးထား ကာ မလုံလောက် ပါက Micro SD ထပ်မံ ဖြည့်သွင်း နိုင်မည် လည်း ဖြစ်သည်။
::
RAM အနေဖြင့် 3G ဖြစ်ပြီး 2.3 GHz Quad Core Processor ဖြစ်သည့် အတွက် သုံးစွဲ သူများ အကြိုက် ပေါ့ပါး မြန်ဆန် သည့် ဖုန်း အမျိုးအစား တစ်ခု ဖြစ်သည်။

Z2 တွင် Battery 3200 mAh တပ်ဆင် ပေးထား ကာ Back Camera 20.7 ဖြစ်၍ Full HD များ ရိုက်ကူး နိုင်ပြီး ရှေ့ ကင်မရာ မှာ 2.2 MP ဖြစ် သည်။

၎င်း Xperia Z2 ဖုန်း ကို Sony ၏ တရား ဝင် တစ်နှစ် အာမခံ (Software, Hardware Service) ရရှိ နိုင်ပြီး ဈေးနှုန်း နေဖြင့် ငွေကျပ် ၆၅ဝဝဝဝ ဝန်းကျင် ရှိ ကြောင်း ရန်ကုန် မိုဘိုင်းလ် ဖုန်း အရောင်း ဈေးကွက် မှ သိ ရသည်။


KOLATT(PBDN)

RangonNewsDaily

0 comments:

Post a Comment