Pages

Tuesday, February 25, 2014

လက်ဘနွန်နှင့် ဆီးရီးယားနယ်စပ်တွင် အစ္စရေး တိုက်လေယာဉ်များ ဗုံးကြဲ


RangonNewsDaily: February . 25 .2014
အစ္စရေး လေတပ်မှ တိုက်လေယာဉ်များသည် လက်ဘနွန် အရှေ့ဘက် ဒေသကို ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ဆီးရီးယားနှင့် နယ်နိမိတ် ထိစပ်နေသော အဆိုပါ ဒေသများတွင် အစ္စရေး လေတပ်က ကျူးကျော်တိုက်ခိုက်ကြောင်း လက်ဘနွန်အစိုးရ မီဒီယာများက စွပ်စွဲဖော်ပြခဲ့သည်။ အစ္စရေးဘက်ကမူ ယင်းအဆိုကို ထောက်ခံခြင်း၊ ငြင်းဆန်ခြင်း မရှိချေ။ အစ္စရေး လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူ အချို့၏ အဆိုကို ကိုးကားပြီး အစ္စရေး အနေဖြင့် မြောက်ပိုင်းဒေသတွင် လေတပ်၏ လှုပ်ရှားမှုအချို့ ဆောင်ရွက်စေခဲ့ကြောင်း Reuters သတင်းဌာနက ဖော်ပြခဲ့သည်။

လက်ဘနွန် သတင်းဌာနများက ဘာကာတောင်ကြားရှိ နာဘီရှိ ရွာအနီးတွင် အစ္စရေးလေတပ်က တိုက်ခိုက်ခြင်းဟု ဆိုသည်။

လေတပ်၏ ပစ်မှတ်ထား တိုက်ခိုက်မှုနှင့် ပတ်သက်၍ တိတိကျကျ မသိရသေးသော်လည်း ဟစ်ဇ်ဘိုလာ ပြောက်ကျားများ ခိုအောင်းနေသည့် နေရာများကို ဗုံးကြဲခြင်းဟု ယူဆရသည်။ အဆိုပါ တောင်ကြားဒေသတွင် ဟစ်ဇ်ဘိုလာတို့ အင်အားကောင်းကောင်း ဖြန့်ကျက်တပ်စွဲလျှက်ရှိသည်။ 


လက်ဘနွန် ပြောက်ကျားများဖြစ်သည့် ဟစ်ဇ်ဘိုလာတို့နှင့် အစ္စရေးတို့သည် ကမ္ဘာ့ရန်များလည်း ဖြစ်ကြသည်။ ပြီးခဲ့သည့် (၂)နှစ်အတွင်း အစ္စရေး လေယာဉ်များသည် လက်ဘနွန် အရှေ့ပိုင်းရှိ စစ်သွေးကြွ စခန်းများနှင့် စစ်လက်နက်မှောင်ခို ယာဉ်တန်းများကို အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ဖူးကြောင်း သိရှိရသည်။

Planet Myanmar Network , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment