RangonNewsDaily: February . 25 .2014
ဂျပန်နိုင်ငံအခြေစိုက် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတစ်ခုဖြစ်သော Aeon ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် ဈေးဝယ် စင်တာတည်ဆောက်ရေးစီမံချက်တစ်ရပ် ချမှတ်လိုက်သည်ဟု ရှန်ဟိုင်းနေ့စဉ်သတင်းဌာနက ယနေ့ဖော်ပြသည်။
Aeon ကုမ္ပဏီသည်လာမည့်မတ်လတွင် မြန်မာနိုင်ငံ ရန်ကုန်မြို့၌ ရုံးခွဲဖွင့်လှစ်ရန်လာရောက်လေ့လာမည်ဖြစ်ပြီး ၂ဝ၁၆ ခုနှစ်တွင် ရန်ကုန်မြို့၌ ဖွင့်လှစ်ရန်ရည်ရွယ်ထားသောဈေးဝယ်စင်တာအတွက် တည်ဆောက်ရေးလုပ်ငန်းများစတင်သွားမည်ဟုလည်းသိရသည်။
Aeon ကုမ္ပဏီသည် တရုတ်နိုင်ငံ၊ မလေးရှားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့တွင်လက်လီအရောင်းဆိုင်များနှင့် ဈေးဝယ် စင်တာများဖွင့်လှစ်ထားပြီးဖြစ်ကာ အင်ဒိုနီးရှားနိုင်ငံနှင့်ကမ္ဘောဒီယားနိုင်ငံများသို့လည်း ဈေးကွက်ချဲ့ထွင်မည်ဟုသတင်းထုတ်ပြန် ထားသည်။ Aeon ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်မည့် ပမာဏကိုမူ သတင်းထုတ်ပြန်ခြင်းမရှိခဲ့ဟု ရှန်ဟိုင်း နေ့စဉ်က ဖော်ပြသည်။
The Union Daily , kolatt(PBDN)
RangonNewsDaily
ဂျပန်နိုင်ငံအခြေစိုက် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတစ်ခု
Aeon ကုမ္ပဏီသည်လာမည့်မတ်လတွင် မြန်မာနိုင်ငံ ရန်ကုန်မြို့၌ ရုံးခွဲဖွင့်လှစ်ရန်လာရောက်လေ့လ
Aeon ကုမ္ပဏီသည် တရုတ်နိုင်ငံ၊ မလေးရှားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့တွင်လက်လီအေ
The Union Daily , kolatt(PBDN)
RangonNewsDaily
0 comments:
Post a Comment