Pages

Tuesday, February 25, 2014

တရုတ်တပ်မတော်ရိက္ခာဆန်မြန်မာမှ ၀ယ်မည့်အစီအစဉ်ပျက်


RangonNewsDaily: February . 25 .2014
နယ်စပ်ကုန်သွယ်ရေးမှတစ်ဆင့် တရုတ်ပြည်သူ့တပ်မတော်
အတွက် တရားဝင်ဆန်ဝယ်ယူရန် ကမ်းလှမ်းခဲ့မူကို ယခုအချိန်ထိ အကြောင်းပြန်ကြားခြင်းမရှိ၍ MOU မချုပ်ဆိုနိုင်သေးကြောင်း မူဆယ်နန့်ခမ်းနယ်စပ်ကုန်သွယ်ရေးစခန်း ကုန်သည်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ဆန်ဝယ်ရန် တရုတ်နိုင်ငံဘက်မှ စတင်ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး
မြန်မာနိုင်ငံဘက်မှ ရောင်းချနိုင်မည့် ဈေးနှုန်း၊ ပမာဏတို့ကို ညှိနှိုင်းပြီး ဖြစ် သော်လည်း တရုတ်ဘက်မှ ပြန်လည်အကြောင်း
ပြန်ကြားခြင်း မရှိသေးကြောင်း ၎င်းက ဆိုသည်။

“ဒါကြောင့် ဒီနှစ်တော့ ဆန်တင်ပို့မူမဖြစ်နိုင်ဘူး”ဟု ၎င်းကပြောကြားသည်။

စာချုပ်ချုပ်ဆို ရန်ကြန့်ကြာနေခြင်းမှာ တရုတ်နိုင်ငံ၏ပြည်နယ်တစ်ခုချင်းစီအလိုက် ဆန်လိုအပ်သည့် ပမာဏကို စာရင်းမကောက်ယူရသေး သောကြောင့် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ပြည်နယ်တစ်ခု၏ လိုအပ်သောပမာဏကို မသိဘဲ မြန်မာနယ်စပ်မှ ဆန်ဝယ်ယူပါက တရုတ်တောင်သူလယ်သမားများ
အတွက် နစ်နာနိုင် သောကြောင့် ဝယ်ယူရန် စာချုပ်ချုပ်ဆိုမှု ကြန့်ကြာနေခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

တရုတ်နိုင်ငံက တပ်မတော်ရိက္ခာအတွက် ကမ်းလှမ်းထားသော အဆိုပါကမ်းလှမ်းချက်သည် ပြီးခဲ့သည့် ကူမင်းနယ်စပ်ကုန်စည်
ပြပွဲအတွင်း ကဖြစ်ပြီး မြန်မာဘက်မှတင်ပို့ရန် သဘောတူညီသော်လည်း တရုတ်မှအကြောင်းပြန်ခြင်း မရှိ၍ စောင့်ဆိုင်းနေ ရခြင်း ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူကာကွယ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက
ပြောကြားသည်။

ဆန်အပါအ၀င် ရိက္ခာလိုအပ်ချက်ကြီးမားသော တရုတ်နိုင်ငံသည် ယခုလောလောဆယ် မ၀ယ်သေးလျှင်လည်း နောက်ပိုင်းတွင်
ဈေးကောင်းပေး ၀ယ်လာနိုင်ကြောင်း လပွတ္တာမြို့နယ်မှ ဝါရင့် ဆန်ကုန်သည်ကြီး ဦးဝင်းနိုင်က ပြောကြားသည်။

“ အခုမ၀ယ်လည်း နောက်တော့ ၀ယ်မှာပဲ ဈေးပိုရတော့ တရုတ်ကိုပို့မှာပဲ" ဟု ၎င်းကဆိုသည်။

မျိုးပပစန်းဓာတ်ပုံ - ကျော်ကျော်မင်း
ဒို့တောင်သူ သတင်းဂျာနယ် , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment