Pages

Tuesday, February 25, 2014

မြန်မာအိမ်အကူများ ဟောင်ကောင်သို့ ပထမအသုတ် ရောက်ရှိ


RangonNewsDaily: February . 25 .2014
ပထမဆုံးအသုတ်အနေဖြင့် မြန်မာအိမ်ဖော်များ ဟောင်ကောင်သို့ တနင်္လာနေ့ (ဖေဖော်ဝါရီ ၂၄ ရက်)က ရောက်ရှိခဲ့ပြီး နောက်လ
များတွင် မြန်မာအိမ်အကူ ၂၀၀နှင့် နောက်နှစ်တွင် ၁,၀၀၀ ထက်မနည်းရောက်ရှိ လာလိမ့်မည်ဟု မျှော်လင့်ကြောင်း South China Morning post သတင်းတွင် ဖေဖော်ဝါရီ ၂၄ ရက်က ဖော်ပြထားသည်။
ဟောင်ကောင်တွင် အိမ်ဖော်များရှားပါးမှုပြဿနာကို ကြုံတွေ့နေရစဉ် ဟောင်ကောင်အခြေစိုက်Golden Mindအလုပ်အကိုင်ရှာဖွေရေး
အေဂျင်စီက မြန်မာနိုင်ငံအခြေစိုက် မိတ်ဖက်အေဂျင်စီတစ်ခုနှင့် ဖက်စပ် လုပ်ကိုင်ရန် သဘောတူစာချုပ်ချုပ်ဆိုပြီး မြန်မာအစိုးရ
ခွင့်ပြုချက်ဖြင့် အိမ်ကူရှာဖွေသည့်လုပ်ငန်းကို ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ယင်းကုမ္ပဏီသည် ထိုခွင့်ပြုချက်မျိုးကို ရယူနိုင်ခဲ့သည့် ကမ္ဘာပေါ်ရှိ ပထမဆုံး ကုမ္ပဏီဖြစ်သည်။

ယခု ရောက်ရှိလာသည့် အိမ်ဖော်များသည် ရန်ကုန်တွင် သုံးလကြာသင်တန်း ပေးထားပြီးသူများဖြစ်ကြ သည်။ ဖိလစ်ပိုင်က အိမ်

ဖော်များလျှော့၍ စေလွှတ်ပေးလာခြင်းနှင့် အင်ဒိုနီးရှားနိုင်ငံက ၂၀၁၇ ခုနှစ်တွင် အိမ်အကူများစေလွှတ်ခြင်းကို ရပ်ဆိုင်းတော့မည်ဟု မကြာခင်က ကြေညာခဲ့ခြင်းတို့ကြောင့် ဟောင်ကောင် တွင် အိမ်ဖော်အကူ ရှားပါးမှုပြဿနာနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။

လူဝင်မှုကြီးကြပ်ရေးဌာန၏ ပြီးခဲ့သည့်လက ထုတ်ပြန်သော စာရင်းများအရ မြန်မာအိမ်ဖော် ၄၃ ဦးသည် ဟောင်ကောင်တွင် လုပ်

ကိုင်လျက်ရှိကြောင်း သိရသည်။ ၎င်းတို့ကိုဟောင်ကောင်တွင် တရားဝင်နေထိုင် ခွင့်ရ မြန်မာနိုင်ငံသားများက တစ်ဦးချင်းသေ
ဘာဖြင့် ခေါ်ဆောင်ပေးခဲ့ကြခြင်းဖြစ်သည်ဟု Golden Mind မှ အထွေထွေမန်နေဂျာက ပြောသည်။

အင်ဒိုနီးရှား အိမ်ဖော် အီစီယာနာကို တစ်ကိုယ်လုံးအနှံ့ နှိပ်စက်ညှဉ်းပန်းခံထားသည့် ပြတ်ရှဒဏ်ရာ၊ မီးလောင်ဒဏ်ရာ၊ ပွန်းပဲ့ဒဏ်

ရာများရရှိအောင် ညှဉ်းပန်းနှိပ်စက်မှုဖြင့် ၎င်း၏အလုပ်ရှင်ဖြစ်သူ အသက် ၄၄ နှစ် အမျိုးသမီးနှင့် အခြားအင်ဒိုနီးရှား အိမ်ဖော်နှစ်ဦး
တို့ကို နှိပ်စက်ညှဉ်းပန်းမှုဖြင့် ဟောင်ကောင်တရားရုံး တစ်ခုက ပြီးခဲ့သည့်လက ရုံးတင်တရားစွဲထားသည်။

ယင်းအမှု ရုံးတင်ထားပြီးချိန်တွင် မြန်မာအလုပ်သမားဝန်ကြီးဌာန ၀န်ကြီးဦးအေးမြင့်နှင့် လစ်ဘရယ်ပါတီ လွှတ်တော်အမတ် ဖိ

လစ်ချောင်ကောက်ပန်တို့က တွေ့ဆုံခဲ့ကြသည်။

နိုင်ငံခြားကအိမ်ဖော်များကို အကာအကွယ်ပေးရန် ဟောင်ကောင်တွင် ဥပဒေရှိမရှိကို မေးမြန်း၍ မြန်မာ အိမ်ဖော်များအတွက် စိုးရိမ်

ပူပန်ကြောင်းကို ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က ထုတ်ဖော်ပြောသည်။

ဟောင်ကောင်ရှိ မြန်မာကောင်စစ် ၀န်ရုံးမှ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးက “ယခုလုပ်ငန်းက မြန်မာနိုင်ငံ ရဲ့ အလုပ်လက်မဲ့နှုန်းကို လျှော့ချနိုင်မှာဖြစ်သလို အိမ်နီးချင်းနိုင်ငံများကို တရားမ၀င် သွားရောက်ကြတဲ့ အလုပ်သမားအရေအတွက်ကိုလည်း လျော့ကျစေနိုင်မှာဖြစ်ပါတယ်” ဟု ပြောသည်။

အိမ်ဖော်များရသင့်သည့် အခွင့်အရေးနှင့် အရေးပေါ်တယ်လီဖုန်းနံပါတ်များကို မြန်မာလိုဖော်ပြထားသည့် လက်ကမ်းစာစောင်များကို မြန်မာအိမ်ဖော်များထံ ပေးဝေခဲ့သည်ဟု အဆိုပါလုပ်ငန်းကို ဆောင်ရွက်သည့် အင်န်ဂျီအိုတစ်ခုမှ တာဝန်ရှိသူအမျိုးသမီး ဆီလ်ဗီ

ယာဘွန်ဝီနီက ပြောသည်။

“ပြီးခဲ့တဲ့နှစ်က လာရောက်လာတဲ့ ဘင်္ဂလားဒေ့ရှ် အိမ်ဖော်တွေက အဆက်အအသွယ်မရှိတာ၊ သူတို့ရဲ့ အခွင့်အရေးကို မသိတာ စတာတွေကြောင့် နိုင့်ထက်စီးနင်း အပြုခံရတယ်။ ဘင်္ဂလားဒေ့ရှ် အိမ်ဖော်တစ် ဦး ပြီးခဲ့တဲ့လက ဆေးရုံတင်လိုက်ရတာနဲ့အတူ နှိပ်စက်ညှဉ်းပန်းမှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်အိမ်ဖော်များ ခေါ်ယူဖို့ အစီအစဉ် ပျက်သွားရတယ်” ဟု ၎င်းက ပြောသည်။

ဟောင်ကောင်တွင် အလုပ်ရှင်သစ်ရှာဖွေရန် အချိန်နှစ်ပတ်သာရှိသည့် စည်းမျဉ်းကိုပြင်ဆင်ရန် ရွှေ့ပြောင်း လုပ်သားများကို ထောက်

ခံသည့်အုပ်စုက တောင်းဆိုလျက်ရှိသည်။အိမ်အကူများအတွက် အများဆုံး အလုပ်အချိန်နှင့် အိမ်အကူများကို အကြွေးနွံနစ်စေသည့်
များပြားသော ၀န်ဆောင်ခများပေးချေရသည့် အေဂျင်စီကြေးကို ဆန့်ကျင်သည့် ပြဋ္ဌာန်းချက်များ ပြဋ္ဌာန်းပေးရန်ကိုလည်း ၎င်းတို့
ကတောင်းဆိုသည်။

Golden Mind အထွေထွေ မန်နေဂျာ အန်နီတာလင်းက “အိမ်အကူတွေက လမ်းကြောင်းလွဲဒုက္ခရောက် သွားနိုင်တဲ့အတွက် တစ်

ဆင့်ခံအဖွဲ့တွေနဲ့ မလုပ်ချင်ကြပါဘူး။ ဒါကြောင့် အကူအညီရမယ်ထင်တဲ့ အေ ဂျင်စီတွေကို ဆက်သွယ်ကြတာပါ။ တစ်စုံတစ်ရာဖြစ်
လာခဲ့ရင် ကျွန်တော်တို့နဲ့ မြန်မာနိုင်ငံမှာရှိတဲ့ မိတ် ဆက်အေဂျင်စီတွေက အကူအညီပေးမှာပါ။ တခြားနေရာကနေ လုပ်နေတာမျိုးဆို
ရင်တော့ သူတို့တွေ လမ်းကြောင်း သွေဖည်သွားမှာကို စိုးရိမ်ပါတယ်” ဟု ပြောခဲ့သည်။

ရွှေ့ပြောင်းလုပ်သားများရေးရာ မစ်ရှင်၏ ၂၀၁၃ ခုနှစ် တိုင်းတာမှုတစ်ရပ်တွင် ဟောင်ကောင်ရှိ အိမ်အကူ များ၏ ၅၈ ရာခိုင်နှုန်း

သည် စိတ်ပိုင်းဆိုင်ရာ နိုင့်ထက်စီးနင်းပြုကျင့်ခံရကြောင်း ၁၈ ရာခိုင်နှုန်းသည် ကိုယ် ပိုင်းဆိုင်ရာ နှိပ်စက်ညှဉ်းပန်းမှုနှင့် ခြောက်ရာ
ခိုင်နှုန်းမှာ လိင်အလွဲသုံးစားပြုကျင့်ခြင်းခံရကြောင်း သိရသည်။

Mizzima - News , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment