Pages

Tuesday, February 25, 2014

ကုမ္ပဏီပိုင်ငွေများခိုးယူသူကို ဖော်ထုတ်ဖမ်းဆီးအရေးယူ


RangonNewsDaily: February . 25 .2014
၂၀.၂.၂၀၁၄ ရက်နေ့ ၁၇၃၀ အချိန် အလုံမြို့နယ်၊ ဆင်မင်းရပ်ကွက်၊ ကမ်းနားလမ်း၊ ရွှေဇမ္ဗူဒိပ်ဆောက်လုပ်ရေးကုမ္ပဏီရုံးခန်းရှိ
ငွေထည့်ဘီဒိုအတွင်း ကုမ္ပဏီပိုင်ငွေကျပ်(၁၀)သိန်းအား သော့ခတ်သိမ်းထားခဲ့ရာ ၂၁.၂.၂၀၁၄ရက်နေ့ ၀၈၃၀အချိန်တွင် ရုံးခန်းအ၀င်တံခါး၊ အတွင်းခန်းအ၀င်တံခါးနှင့် ငွေထည့်ဘီဒိုသော့များ ပျက်စီးမှုမရှိဘဲငွေကျပ်(၁၀)သိန်းအနက်(၈)သိန်းကျပ်
မှာပျောက်ဆုံးနေ၍ ခိုးယူသူအားဖော်ထုတ်အရေးယူပေးရန် ကုမ္ပဏီလက်ထောက်ထွေထွေမန်နေဂျာ ဦးဌေးဇော်မှတိုင်တန်းသဖြင့် အလုံမြို့မရဲစခန်း(ပ) ၅၁/၂၀၁၄၊ပုဒ်မ ၃၈၀ ဖြင့်အမှုဖွင့်ပြီး တရားခံဖော်ထုတ်ဖမ်းဆီးရမိရေးစုံစမ်းဆောင်ရွက်ခဲ့ပါသည်။

အလုံမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် အမှုမှတရားခံအားဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် စုံစမ်းဆောင်ရွက်ခဲ့ရာ
၂၀.၂.၂၀၁၄ ရက်နေ့ ၂၃၃၀ အချိန်ခန့်တွင် အခင်းဖြစ်ကုမ္ပဏီရုံးခန်းသို့ အဆိုပါကုမ္ပဏီ၏ ဆောက်လုပ်ရေးဆိုဒ်မန်နေဂျာ မင်းမင်းဟိန်းမှာ လာရောက်ခဲ့ကြောင်းနှင့် ၎င်းအားမသင်္ကာဖွယ်အထောက်အထားများတွေ့ရှိရသဖြင့် ခေါ်ယူစစ်ဆေးခဲ့ရာမှ ၎င်းတွင်ရှိနေသော သော့များကို အသုံးပြုဝင်ရောက်ကာ ငွေထည့်ဘီဒိုအတွင်းမှငွေကျပ်(၈)သိန်းအားခိုးယူခဲ့ကြောင်းပေါ်ပေါက်
ခဲ့ပါသည်။

ထိုသို့ပေါ်ပေါက်သဖြင့် မင်းမင်းဟိန်းထံမှ ခိုးယူရရှိသောငွေများဖြင့် ၀ယ်ယူထားသော တက်ပလက်(၁)လုံး၊ လက်ဆွဲအိတ်(၁)လုံး၊
ကျောပိုးအိတ်(၁)လုံးနှင့် ကျန်ငွေ(၅၁၁၀၀၀)ကျပ်၊ ခိုယူရာတွင်အသုံးပြု ခဲ့သည့် သော့(၅)ချောင်းတို့အား ပြန်လည်သိမ်းဆည်းခဲ့ကာ အမှုဖြင့် ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment