Pages

Tuesday, February 25, 2014

မကွေးတိုင်း ဒေသကြီး၊ တောင်တွင်းကြီးမြို့တွင် ဓါတ်ဆီဖြည့်ရာမှ မီးလောင်မှုဖြစ်

RangonNewsDaily: February . 25 .2014
၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ညနေ ၃ နာရီ ၄၅ မိနစ်အချိန် မကွေးတိုင်း ဒေသကြီး၊ တောင်တွင်းကြီးမြို့၊ ရွှေကြာအင်း(၂)ရပ်ကွက်၊ ရေခဲစက်လမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ တောင်တွင်းကြီးမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ အိမ်အမှတ်(၁၇၈)နေ ဒေါ်စိမ်းစိမ်းမြင့်(၄၈)နှစ်၏ ““၀ါဝါ၀င်း””စက်သုံးဆီနှင့်စားသုံးဆီအရောင်းဆိုင်တွင် အလုပ်သမားဖြစ်သူ အောင်အောင်က ဓါတ်ဆီပေပါမှပလပ်စတစ်ပုံးခွံအတွင်းသို့ ဓါတ်ဆီဖြည့်ရာမှ မီးလောင်ကျွမ်းခဲ့ကြောင်းတွေ့ရှိရသည်။
မီးလောင်မှုကြောင့် ပေ(၄၀)ပတ်လည်(၂)ထပ်တိုက်၊ အုတ်ညှပ်၊ သွပ်မိုးတိုက်(၁)လုံး၊ တန်ဘိုးငွေကျပ်(၈၅၀၀၀၀ိ/-)မီးလောင်ဆုံး
ရှုံးခဲ့သဖြင့် မီးပေါ့ဆစွာသုံးစွဲသူ ဒေါ်စိမ်းစိမ်းမြင့်အား တောင်တွင်းကြီးမြို့မရဲစခန်း(ပ)၃၄/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည် , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment