Pages

Tuesday, February 25, 2014

ယနေ့မနက်ပိုင်းက မြောက်ဥက္ကလာပမြို့နယ် နွယ်သာကီ (၃) လမ်း (အနောက်ခြမ်း)တွင် မီးလောင်မှုဖြစ်ပွား

RangonNewsDaily: February . 25 .2014

၂၅.၂.၂ဝ၁၄ ရက်နေ့ နံနက် (၄း၎ဝ) နာရီအချိန်တွင် ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ က/ရပ်ကွက်၊

နွယ်သာကီ (၃) လမ်း (အနောက်ခြမ်း)တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသတင်းရရှိသည်။

မုန့်ဟင်းခါးချက်သည် နေအိမ်မှ စတင်၍ မီးလောင်ကျွမ်းခဲ့ပြီး လူနေအိမ် (၆) လုံးဆုံးရှုံးခဲ့သည်။ 

ဒဏ်ရာရလူနာ အမျိုးသား (၃) ဦးအား နာရေးကူညီမှု အသင်း(ရန်ကုန်)၏ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ 

လိုအပ်သည့် လုပ်ဆောင်မှု များ ပြုစုပေးခဲ့ပြီး အမျိုးသားလူနာ (၂) ဦးနှင့် သွေးထိတ်လန့်လူနာ အမျိုးသမီး 

(၁) ဦးအား အရေးပေါ် လူနာတင်ယာဉ်ဖြင့် မြောက်ဥက္ကလာပဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့သည်။ 


မီးသတ်တပ်ဖွဲ့ဝင်များ၏ ကြိုးစားငြိမ်းသတ်မှုကြောင့် နံနက်(၆း၃ဝ)နာရီအချိန်ခန့်တွင် အောင်မြင်စွာငြိမ်း

သတ်နိုင်ခဲ့သည်။ 


အရေးပေါ်ကိစ္စရပ်များ ဖြစ်ပေါ်လာပါ အများပြည်သူတို့ အတွက် အချိန်နှင့် တပြေးညီ ကူညီဖေးမလျှက်

ရှိသည့် နာရေးကူညီမှုအသင်း(ရန်ကုန်) အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့ ဝ၉ - ၃၁ ၃၃၃ ၂၇၃ သို့ ဆက်

သွယ်၍ အကူအညီ တောင်းခံနိုင် ပါကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။









kolatt(PBDN)

RangonNewsDaily

0 comments:

Post a Comment