Pages

Thursday, November 7, 2013

You Tube ဝက်ဘ်ဆိုက်၏ ဂီတဗီဒီယို ဆုကို ယခုနှစ်တွင် Girls Generation အဖွဲ့ရရှိ

Photo: You Tube ဝက်ဘ်ဆိုက်၏ ဂီတဗီဒီယို ဆုကို ယခုနှစ်တွင် Girls Generation အဖွဲ့ရရှိ
Thursday, November 7, 2013

နှစ်စဉ် ကျင်းပမြဲဖြစ်သော YouTube ဂီတဆုချီးမြှင့်ပွဲ အခမ်းအနားကို နယူးယောက်မြို့ရှိ Pier 36 ၌ နိုဝင်ဘာ ၄ ရက်က ကျင်းပခဲ့ရာ တောင်ကိုရီးယား အဆိုအဖွဲ့ဖြစ်သော Girls' Generation အဖွဲ့က ကမ္ဘာကျော် အဆိုတော်များ ဖြစ်ကြသည့် Psy၊ လေဒီဂါဂါ၊ ဂျက်စတင် ဘီဘာ၊ မိုင်လီဆိုင်းရပ်စ်၊ One Direction နှင့် အခြားနာမည်ကြီး အနုပညာ ရှင်များကို ကျော်လွန်၍ ယခုနှစ်၏ ဂီတဗီဒီယိုဆုကို ရရှိသွားခဲ့ကြောင်း သိရသည်။

Girls' Generation အဖွဲ့ သည် I Got a Boy တေးသီချင်းဖြင့် အဆိုပါ ဆုကို ရရှိခဲ့ခြင်း ဖြစ်ပြီး YouTube ဝက်ဘ်ဆိုက်၏ ဂီတဗီဒီယိုဆုကို ပထမဆုံး အကြိမ်အဖြစ် ရရှိခြင်း ဖြစ်ကြောင်း၊ YouTube ဝက်ဘ်ဆိုက်သည် ဂီတသမား အားလုံး၏ အကောင်းဆုံး မိတ်ဆွေဖြစ်ပြီး ယခုကဲ့သို့ ဆုရရှိခဲ့သည့် အတွက် မိမိတို့အဖွဲ့ဝင် အားလုံးက စိတ်လှုပ်ရှား ဂုဏ်ယူမိကြောင်း အဖွဲ့ဝင် အားလုံး၏ ကိုယ်စား တစ်ဖနီက ပြောကြားခဲ့သည်။

I Got a Boy တေးဂီတ ဗီဒီယိုသည် ဇန်နဝါရီလက ဖြန့်ချိခဲ့သည့် စတုတ္ထမြောက် စတူဒီယို အယ်လ်ဘမ်ဖြစ်ပြီး YouTube ဝက်ဘ်ဆိုက်တွင် ကြည့်ရှု အားပေးသူ ၇၄ သန်းကျော်ရှိပြီး Likes ၄၂၅ဝဝဝ ကျော် ရရှိထားသော တေးဂီတ ဗီဒီယိုဖြစ်သည်။

မြ၀တီ

RangonNewsDaily:: November . 7 .2013
နှစ်စဉ် ကျင်းပမြဲဖြစ်သော YouTube ဂီတဆုချီးမြှင့်ပွဲ အခမ်းအနားကို နယူးယောက်မြို့ရှိ Pier 36 ၌ နိုဝင်ဘာ ၄ ရက်က ကျင်းပခဲ့ရာ တောင်ကိုရီးယား အဆိုအဖွဲ့ဖြစ်သော Girls' Generation အဖွဲ့က ကမ္ဘာကျော် အဆိုတော်များ ဖြစ်ကြသည့် Psy၊ လေဒီဂါဂါ၊ ဂျက်စတင် ဘီဘာ၊ မိုင်လီဆိုင်းရပ်စ်၊ One Direction နှင့် အခြားနာမည်ကြီး အနုပညာ ရှင်များကို ကျော်လွန်၍ ယခုနှစ်၏ ဂီတဗီဒီယိုဆုကို ရရှိသွားခဲ့ကြောင်း သိရသည်။ Girls' Generation အဖွဲ့ သည် I Got a Boy တေးသီချင်းဖြင့် အဆိုပါ ဆုကို ရရှိခဲ့ခြင်း ဖြစ်ပြီး YouTube ဝက်ဘ်ဆိုက်၏ ဂီတဗီဒီယိုဆုကို ပထမဆုံး အကြိမ်အဖြစ် ရရှိခြင်း ဖြစ်ကြောင်း၊ YouTube ဝက်ဘ်ဆိုက်သည် ဂီတသမား အားလုံး၏ အကောင်းဆုံး မိတ်ဆွေဖြစ်ပြီး ယခုကဲ့သို့ ဆုရရှိခဲ့သည့် အတွက် မိမိတို့အဖွဲ့ဝင် အားလုံးက စိတ်လှုပ်ရှား ဂုဏ်ယူမိကြောင်း အဖွဲ့ဝင် အားလုံး၏ ကိုယ်စား တစ်ဖနီက ပြောကြားခဲ့သည်။

I Got a Boy တေးဂီတ ဗီဒီယိုသည် ဇန်နဝါရီလက ဖြန့်ချိခဲ့သည့် စတုတ္ထမြောက် စတူဒီယို အယ်လ်ဘမ်ဖြစ်ပြီး YouTube ဝက်ဘ်ဆိုက်တွင် ကြည့်ရှု အားပေးသူ ၇၄ သန်းကျော်ရှိပြီး Likes ၄၂၅ဝဝဝ ကျော် ရရှိထားသော တေးဂီတ ဗီဒီယိုဖြစ်သည်။

မြ၀တီ , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment