Pages

Thursday, November 7, 2013

တန်ပေါင်းများစွာလေးသည့် ကွန်တိန်နာသေတ္တာကြီး AUDI ကားပေါ် ပိခဲ့သော်လည်း ကားပေါ်ပါလာသည့် ချစ်သူစုံတွဲ ဒဏ်ရာအနည်းငယ်သာ ရရှိ

Photo: တန်ပေါင်းများစွာလေးသည့် ကွန်တိန်နာသေတ္တာကြီး
AUDI ကားပေါ် ပိခဲ့သော်လည်း ကားပေါ်ပါလာသည့် ချစ်သူစုံတွဲ
ဒဏ်ရာအနည်းငယ်သာ ရရှိ
Thursday, November 7, 2013

တရုတ်နိုင်ငံ၊ Quanzhou မြို့မှ ချစ်သူစုံတွဲသည် အနက်ရောင် Audi ကားဖြင့် ထွက်ခွာလာစဉ် တန်ပေါင်းများစွာလေးသည့် ကွန်တိန်နာသေတ္တာကြီးမှာ ကားအပေါ် ပိကျခဲ့သော်လည်း ကံကောင်းထောက်မလွန်း၍ ဒဏ်ရာ အနည်းငယ်သာ ရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ ချစ်သူစုံတွဲသည် ပထမဆုံးအကြိမ် ချိန်းတွေ့သည့်နေ့တွင် အဖြစ်ဆိုးနှင့် ကြုံတွေ့ခဲ့ရခြင်း ဖြစ်ပြီး အပြိုင်မောင်းနှင်လာသော ကွန်တိန်နာယာဉ် နှစ်စီးကြောင့် ယခုဖြစ်ရပ်ဆိုး ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

ကွန်တိန်နာယာဉ်တစ်စီးမှ ပစ္စည်းတင် သေတ္တာကြီးမှာ Audi အမျိုးအစား ကားတစ်စီးလုံးအပေါ်သို့ ပိကျခဲ့ခြင်း ဖြစ်ပြီး ကယ်ဆယ်ရေး အဖွဲ့ဝင်များ ရောက်လာချိန်တွင် ကားပေါ်ပါလာသူအားလုံး သေဆုံးမည်ဟု ထင်မှတ်ခဲ့သော်လည်း ကရိန်းကား တစ်စီး၏ အကူအညီဖြင့် သေတ္တာကြီးအား ဖယ်ရှားလိုက်သောအခါ နှစ်ဦးစလုံး အသက်ရှင်နေသည်ကို အံ့အားသင့်စွာ တွေ့ရှိခဲ့ရခြင်းဖြစ်သည်။ 

ကားပေါ်ပါ အမျိုးသမီးမှာ ကိုယ်တိုင် ထွက်လာနိုင်သော်လည်း သူ၏ ချစ်သူ စီးပွားရေးလုပ်ငန်းရှင် အမျိုးသားမှာမူ ထိုင်ခုံများကြား ညပ်နေ၍ ကယ်ဆယ်ရေးသမားများက ဆွဲထုတ်ပေးခဲ့ရသည်။ ၎င်းတို့စုံတွဲကို နီးစပ်ရာ ဆေးရုံ တစ်ရုံသို့ ပို့ဆောင်ကာ ဆေးစစ်မှု ခံယူခဲ့ပြီး နှစ်ဦးစလုံးမှာ ပြင်းထန်သည့် ဒဏ်ရာများ မရရှိဘဲ အသေးစား ဒဏ်ရာများသာ ရရှိခဲ့သည်။

မျက်မြင်သက်သေတစ်ဦးက ကုန်တင်ကားကြီးနှစ်စီးအပြိုင် ဘရိတ်အုပ်လိုက်စဉ် တစ်စီး၏ ကုန်သေတ္တာမှာ ကားငယ်ပေါ်သို့ ပိကျသွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Automobile Journal

RangonNewsDaily:: November . 7 .2013

Automobile Journal , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment