Pages

Thursday, November 7, 2013

အီတူး၏ ပါးနပ်မှုကို ချီးကျူးလိုက်သည့် မော်ရင်ဟို

Photo: အီတူး၏ ပါးနပ်မှုကို ချီးကျူးလိုက်သည့် မော်ရင်ဟို
Thursday, November 7, 2013

ချယ်လ်ဆီးအသင်းအတွက် ပထမဆုံးအကြိမ်အဖြစ် တစ်ပွဲတည်းတွင် (၂)ဂိုးသွင်းနိုင်ခဲ့သည့်နောက် တိုက်စစ်မှူး ဆမ်မြူရယ်လ် အီတူးကို အသင်းမန်နေဂျာ ဟိုဆေးမော်ရင်ဟိုက ချီးကျူးစကား ပြောဆိုလိုက်သည်။

ချန်ပီယံလိဂ် ပွဲစဉ်အဖြစ် ချယ်လ်ဆီးက ရှော်လ်ကေးကို (၃-၀)ဖြင့် အနိုင်ရခဲ့ရာတွင် ကင်မရွန်း လက်ရွေးစင် အီတူးက (၂)ဂိုးသွင်းနိုင်ခဲ့ခြင်း ဖြစ်သည်။ အီတူးသည် ပွဲချိန် (၃၁)မိနစ်တွင် ရှော်လ်ကေးဂိုးသမား တီမို ဟယ်လ်ဒါဘရန်းက ဘောလုံးကို မြေပေါ်ချထားချိန်၌ အလစ်ဝင် ပိတ်ဆို့ကာ ဦးဆောင်ဂိုး ရယူခဲ့သည်။ အဆိုပါ ဂိုးသည် ရှော်လ်ကေးအတွက် မျှော်လင့်ချက်များကို ရိုက်ချိုးလိုက်သည့် စိတ်ဓာတ်စစ်ဆင်ရေး ထိုးနှက်ချက်သဖွယ် ဖြစ်လာခဲ့သည်။ ပေါ်တူဂီသား မန်နေဂျာက ယင်းဂိုးတွင် အီတူးသည် အလွန်ပါးနပ်စွာ လှုပ်ရှားခဲ့ကြောင်း မှတ်ချက်ပြုခဲ့သည်။

မော်ရင်ဟိုက "ပေါ်တူဂီနဲ့ စပိန်တို့မှာလည်း ဂိုးသမားတွေကို နောက်ပြန်ပေး ကစားလေ့ရှိတယ်။ ရှော်လ်ကေးကလည်း နောက်တန်းလူတွေဟာ ဂိုးသမားနဲ့ ပြန်ချိတ်တာမျိုး လုပ်တတ်ကြောင်း ကျွန်တော် အီတူးကို ပြောပြခဲ့ပါတယ်။ ဒါကြောင့် သူကလည်း အလစ်ဖမ်း လှုပ်ရှားခဲ့တာပါ။ သူ့ရဲ့ ရွေ့လျားပုံက သပ်ရပ်ပြီး ဂိုးသမား ကန်တင်ချိန်မှာ ပိတ်လိုက်တာ အံဝင်ခွင်ကျ ဖြစ်သွားပါတယ်။ ဒါဟာ သူတော်လို့ ရလာတဲ့ဂိုးပါ"ဟု ပြောဆိုခဲ့သည်။ မော်ရင်ဟိုက ဂိုးသမား ပီတာဆက်ခ်ျကိုလည်း ချီးကျူးစကား ပြောဆိုခဲ့သေးသည်။

"ပီတာဆက်ခ်ျ အကောင်းဆုံး ကာကွယ်မှုတစ်ခု လုပ်ခဲ့ပြီး (၁)ဂိုးစီသရေ ဖြစ်နိုင်တဲ့ အခြေအနေကို ရှောင်လွှဲနိုင်ခဲ့တာ ကျွန်တော် အသိအမှတ် ပြုရပါမယ်။ ဘာပဲဖြစ်ဖြစ် တစ်သင်းလုံး စုဖွဲ့မှုကောင်းကောင်းနဲ့ ကြိုးစား ကစားခဲ့ကြတယ်။ ကျွန်တော်တို့ တောင်ပံလူတွေက သူတို့ခံစစ်ကို ကောင်းကောင်းကြီး ဒုက္ခပေးနိုင်ခဲ့ပါတယ်"ဟုလည်း မော်ရင်ဟိုက မှတ်ချက်ပြုသွားသည်။  

Ref:goal
ှSoccer Myanmar

RangonNewsDaily:: November . 7 .2013
ချယ်လ်ဆီးအသင်းအတွက် ပထမဆုံးအကြိမ်အဖြစ် တစ်ပွဲတည်းတွင် (၂)ဂိုးသွင်းနိုင်ခဲ့သည့်နောက် တိုက်
စစ်မှူး ဆမ်မြူရယ်လ် အီတူးကို အသင်းမန်နေဂျာ ဟိုဆေးမော်ရင်ဟိုက ချီးကျူးစကား ပြောဆိုလိုက်သည်။ ချန်ပီယံလိဂ် ပွဲစဉ်အဖြစ် ချယ်လ်ဆီးက ရှော်လ်ကေးကို (၃-၀)ဖြင့် အနိုင်ရခဲ့ရာတွင် ကင်မရွန်း လက်ရွေးစင် အီတူးက(၂)ဂိုးသွင်းနိုင်ခဲ့ခြင်း ဖြစ်သည်။ အီတူးသည် ပွဲချိန် (၃၁)မိနစ်တွင် ရှော်လ်ကေးဂိုးသမား တီမို ဟယ်
လ်ဒါဘရန်းက ဘောလုံးကို မြေပေါ်ချထားချိန်၌ အလစ်ဝင် ပိတ်ဆို့ကာ ဦးဆောင်ဂိုး ရယူခဲ့သည်။ 
 
အဆိုပါဂိုးသည် ရှော်လ်ကေးအတွက် မျှော်လင့်ချက်များကို ရိုက်ချိုးလိုက်သည့် စိတ်ဓာတ်စစ်ဆင်ရေး ထိုးနှက်
ချက်သဖွယ် ဖြစ်လာခဲ့သည်။ ပေါ်တူဂီသား မန်နေဂျာက ယင်းဂိုးတွင် အီတူးသည် အလွန်ပါးနပ်စွာ လှုပ်ရှားခဲ့
ကြောင်း မှတ်ချက်ပြုခဲ့သည်။

မော်ရင်ဟိုက "ပေါ်တူဂီနဲ့ စပိန်တို့မှာလည်းဂိုးသမားတွေကို နောက်ပြန်ပေးကစားလေ့ရှိတယ်။ ရှော်လ်ကေး
ကလည်း နောက်တန်းလူတွေဟာဂိုးသမားနဲ့ ပြန်ချိတ်တာမျိုး လုပ်တတ်ကြောင်းကျွန်တော်အီတူးကို ပြောပြ
ခဲ့ပါတယ်။ 
 
ဒါကြောင့် သူကလည်း အလစ်ဖမ်း လှုပ်ရှားခဲ့တာပါ။ သူ့ရဲ့ ရွေ့လျားပုံက သပ်ရပ်ပြီး ဂိုးသမား ကန်တင်ချိန်
မှာ ပိတ်လိုက်တာ အံဝင်ခွင်ကျ ဖြစ်သွားပါတယ်။ ဒါဟာ သူတော်လို့ ရလာတဲ့ဂိုးပါ"ဟု ပြောဆိုခဲ့သည်။ မော်
ရင်ဟိုက ဂိုးသမား ပီတာဆက်ခ်ျကိုလည်း ချီးကျူးစကား ပြောဆိုခဲ့သေးသည်။

"ပီတာဆက်ခ်ျ အကောင်းဆုံးကာကွယ်မှုတစ်ခုလုပ်ခဲ့ပြီး(၁)ဂိုးစီသရေ ဖြစ်နိုင်တဲ့အခြေအနေကို ရှောင်လွှဲနိုင်
ခဲ့တာကျွန်တော်အသိအမှတ် ပြုရပါမယ်။ဘာပဲဖြစ်ဖြစ် တစ်သင်းလုံး စုဖွဲ့မှုကောင်းကောင်းနဲ့ ကြိုးစား ကစား
ခဲ့ကြတယ်။ ကျွန်တော်တို့ တောင်ပံလူတွေက သူတို့ခံစစ်ကို ကောင်းကောင်းကြီး ဒုက္ခပေးနိုင်ခဲ့ပါတယ်"ဟု
လည်း မော်ရင်ဟိုက မှတ်ချက်ပြုသွားသည်။

Ref:goal
ှSoccer Myanmar , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment