Pages

Thursday, November 7, 2013

ပါလက်စတိုင်းခေါင်းဆောင် ရာဆာ အာရာဖတ် သေဆုံးခဲ့ခြင်း အဆိပ်သင့်မှုကြောင့်ဟု စစ်ဆေးတွေ့ရှိ

Photo: အာရာဖတ် သေဆုံးခဲ့ခြင်းမှာ အဆိပ်သင့်မှုကြောင့်ဟု စစ်ဆေးတွေ့ရှိ
Thursday, November 7, 2013

အာရာဖတ်၏ ရုပ်အလောင်းအား စစ်ဆေးမှုများအရ ၎င်း သေဆုံးရခြင်းမှာ ပိုလိုနီယမ်-၂၁၀ အဆိပ်သင့်မှုကြောင့် ဖြစ်နိုင်ကြောင်း ဆွစ်ဇာလန်သိပ္ပံပညာရှင်များ၏ ၁၀၈ မျက်နှာပါ စစ်ဆေးတွေ့ရှိမှု အစီရင်ခံစာတွင် ဖော်ပြ

အာရာဖတ် သေဆုံးခဲ့ခြင်းမှာ အဆိပ်သင့်မှုကြောင့်ဟု စစ်ဆေးတွေ့ရှိ

ပါလက်စတိုင်းခေါင်းဆောင် ရာဆာ အာရာဖတ် သေဆုံးခဲ့ခြင်းမှာ ပိုလိုနီယမ် (polonium) ဓာတုအဆိပ်သင့်မှုကြောင့် ဖြစ်နိုင်သည်ဟု ဆွစ်ဇာလန်သိပ္ပံပညာရှင်များက ကောက်ချက်ချခဲ့ကြောင်း Al-Jazeera သတင်းဌာနက ဗုဒ္ဓဟူးနေ့တွင် ပြောကြားသည်။ အာရာဖတ်၏ ရုပ်အလောင်းအား စစ်ဆေးမှုများအရ ၎င်း သေဆုံးရခြင်းမှာ ပိုလိုနီယမ်-၂၁၀ အဆိပ်သင့်မှုကြောင့် ဖြစ်နိုင်ကြောင်း ဆွစ်ဇာလန်သိပ္ပံပညာရှင်များ၏ ၁၀၈ မျက်နှာပါ စစ်ဆေးတွေ့ရှိမှု အစီရင်ခံစာတွင် ဖော်ပြသည်။ ပါလက်စတိုင်းခေါင်းဆောင် အာရာဖတ်၏ ရုပ်အလောင်းအား ယမန်နှစ် နိုဝင်ဘာလအတွင်းက ပြန်လည်တူးဖော်၍ ဓာတ်ခွဲစစ်ဆေးမှုများ ပြုလုပ်ရန် လိုအပ်သည့် နမူနာများ ရယူခဲ့သည်။ ၂၀၀၆ ခုနှစ်က လန်ဒန်တွင် ရုရှားထောက်လှမ်းရေးဟောင်းနှင့် ကရင်မလင်အစိုးရကို ဝေဖန်လေ့ရှိသူ အလက်ဇန်ဒါ လစ်ဗီနင်ကို လုပ်ကြံသတ်ဖြတ်ခံရပြီးနောက် အာရာဖတ် သေဆုံးမှုသည် အဆိပ်မိခြင်းကြောင့် ဖြစ်နိုင်ကြောင်း သံသယများ ပိုမိုမြင့်တက်လာခဲ့သည်။

အာရာဖတ်၏  ရုပ်အလောင်းကို အသေးစိတ် ဓာတ်ခွဲစစ်ဆေးရာတွင် မမျှော်လင့်ဘဲ ပိုလိုနီယမ်-၂၁၀ ဓာတုအဆိပ်သင့်မှု လက္ခဏာများကို တွေ့ရှိခဲ့ရကြောင်း အဖွဲ့ဝင် ၁၀ ဦးမှာ ဆွစ်ဇာလန် သိပ္ပံပညာရှင်များ၏ အစီရင်ခံစာကဆိုသည်။ အာရာဖတ်၏ အရိုးနှင့် အသားစများတွင် ပိုလိုနီယမ် ပမာဏမှာ အဆပေါင်း ၂၀ ခန့် မြင့်မားစွာရှိနေကြောင်း ၎င်းအစီရင်ခံစာက ဖော်ပြသည်။ ယခင် သတင်းများတွင်မူ အာရာဖတ်သည် စီးကရက် အလွန်အကျွံ သောက်ခြင်းကြောင့် ၎င်း၏ ခန္ဓာကိုယ်တွင် ပိုလိုနီယမ်ပမာဏ ရှိသင့်သည်ထက် ပိုမိုများပြားနေကြောင်း ရေးသားဖော်ပြခဲ့ကြသည်။ အာရာဖတ် အဆိပ်ခတ်ခံရခြင်းမှာ ကြီးမြတ်သည့် ခေါင်းဆောင်ကို လုပ်ကြံသတ်ဖြတ်ခြင်းနှင့် နိုင်ငံရေး ရာဇဝတ်မှုတစ်ခုပင်ဖြစ်ကြောင်း အာရာဖတ်၏ ဇနီးဖြစ်သူ ဆူဟာက Al-Jazeera နှင့် အင်တာဗျူးတွင် ပြောကြားလိုက်သည်။"ဒီသတင်းက ကျွန်မနဲ့ ကျွန်မရဲ့သမီးတို့အတွက် ဝမ်းနည်းစရာ ထိတ်လန့်စရာပါ၊ လူထုက ရွေးချယ်ထားတဲ့ ခေါင်းဆောင်ကို ဒီလို သူရဲဘောကြောင်တဲ့နည်းနဲ့ သတ်ဖြတ်ခဲ့ကြတာ အလွန်တုန်လှုပ်စရာပါပဲ၊ စစ်မြေပြင်မှာ သူ့ကို မသတ်နိုင်ခဲ့တဲ့သူတွေက ဒီလို လုပ်ခဲ့ကြတာပဲ"ဟု သူမက ဆက်လက် ပြောကြားသည်။ အာရာဖတ်နှင့် ဆူဟာတို့သည် ၁၉၈၀ ပြည့်နှစ်များအတွင်း ပဲရစ်မြိ့ရှိ Sorbonne တက္ကသိုလ်တွင် ဆူဟာ ကျောင်းတက်နေစဉ် တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။ ဆူဟာ၏ တောင်းဆိုမှုအရ အာရာဖတ်၏ ရုပ်အလောင်းမှ အရိုးနှင့် အသားစ အစိတ်အပိုင်း ၆၀ ခန့်ကို ယမန်နှစ် နိုဝင်ဘာလအတွင်း ပြန်လည်တူးဖော်ရယူခဲ့ပြီး ဆွစ်ဇာလန်၊ ရုရှားနှင့် ပြင်သစ် စုံစမ်းစစ်ဆေးရေးအဖွဲ့များက ခွဲဝေစစ်ဆေးခဲ့ကြခြင်း ဖြစ်သည်။

Planet Myanmar Network

RangonNewsDaily:: November . 7 .2013
ပါလက်စတိုင်းခေါင်းဆောင် ရာဆာ အာရာဖတ် သေဆုံးခဲ့ခြင်းမှာ ပိုလိုနီယမ် (polonium) ဓာတုအဆိပ်သင့်မှုကြောင့် ဖြစ်နိုင်သည်ဟု ဆွစ်ဇာလန်သိပ္ပံပညာရှင်များက ကောက်ချက်ချခဲ့ကြောင်း Al-Jazeera သတင်းဌာနက ဗုဒ္ဓဟူးနေ့တွင် ပြောကြားသည်။ အာရာဖတ်၏ ရုပ်အလောင်းအား စစ်ဆေးမှုများအရ ၎င်း သေဆုံးရခြင်းမှာ ပိုလိုနီယမ်-၂၁၀ အဆိပ်သင့်မှုကြောင့် ဖြစ်နိုင်ကြောင်း ဆွစ်ဇာလန်သိပ္ပံပညာရှင်များ၏ ၁၀၈ မျက်နှာပါ စစ်ဆေးတွေ့ရှိမှု အစီရင်ခံစာတွင် ဖော်ပြသည်။ 
 
ပါလက်စတိုင်းခေါင်းဆောင် အာရာဖတ်၏ ရုပ်အလောင်းအား ယမန်နှစ် နိုဝင်ဘာလအတွင်းက ပြန်လည်တူးဖော်၍ ဓာတ်ခွဲစစ်ဆေးမှုများ ပြုလုပ်ရန် လိုအပ်သည့် နမူနာများ ရယူခဲ့သည်။ 
 
၂၀၀၆ ခုနှစ်က လန်ဒန်တွင် ရုရှားထောက်လှမ်းရေးဟောင်းနှင့် ကရင်မလင်အစိုးရကို ဝေဖန်လေ့ရှိသူ အလက်ဇန်ဒါ လစ်ဗီနင်ကို လုပ်ကြံသတ်ဖြတ်ခံရပြီးနောက် အာရာဖတ် သေဆုံးမှုသည် အဆိပ်မိခြင်းကြောင့် ဖြစ်နိုင်ကြောင်း သံသယများ ပိုမိုမြင့်တက်လာခဲ့သည်။

အာရာဖတ်၏ ရုပ်အလောင်းကို အသေးစိတ် ဓာတ်ခွဲစစ်ဆေးရာတွင် မမျှော်လင့်ဘဲ ပိုလိုနီယမ်-၂၁၀ ဓာတုအဆိပ်သင့်မှု လက္ခဏာများကို တွေ့ရှိခဲ့ရကြောင်း အဖွဲ့ဝင် ၁၀ ဦးမှာ ဆွစ်ဇာလန် သိပ္ပံပညာရှင်များ၏ အစီရင်ခံစာကဆိုသည်။ 
 
အာရာဖတ်၏ အရိုးနှင့် အသားစများတွင် ပိုလိုနီယမ် ပမာဏမှာ အဆပေါင်း ၂၀ ခန့် မြင့်မားစွာရှိနေကြောင်း ၎င်းအစီရင်ခံစာက ဖော်ပြသည်။ ယခင် သတင်းများတွင်မူ အာရာဖတ်သည် စီးကရက် အလွန်အကျွံ သောက်ခြင်းကြောင့် ၎င်း၏ ခန္ဓာကိုယ်တွင် ပိုလိုနီယမ်ပမာဏ ရှိသင့်သည်ထက် ပိုမိုများပြားနေကြောင်း ရေးသားဖော်ပြခဲ့ကြသည်။ 
 
အာရာဖတ် အဆိပ်ခတ်ခံရခြင်းမှာ ကြီးမြတ်သည့် ခေါင်းဆောင်ကို လုပ်ကြံသတ်ဖြတ်ခြင်းနှင့် နိုင်ငံရေး ရာဇဝတ်မှုတစ်ခုပင်ဖြစ်ကြောင်း အာရာဖတ်၏ ဇနီးဖြစ်သူ ဆူဟာက Al-Jazeera နှင့် အင်တာဗျူးတွင် ပြောကြားလိုက်သည်။
 
"ဒီသတင်းက ကျွန်မနဲ့ ကျွန်မရဲ့သမီးတို့အတွက် ဝမ်းနည်းစရာ ထိတ်လန့်စရာပါ၊ လူထုက ရွေးချယ်ထားတဲ့ ခေါင်းဆောင်ကို ဒီလို သူရဲဘောကြောင်တဲ့နည်းနဲ့ သတ်ဖြတ်ခဲ့ကြတာ အလွန်တုန်လှုပ်စရာပါပဲ၊ စစ်မြေပြင်မှာ သူ့ကို မသတ်နိုင်ခဲ့တဲ့သူတွေက ဒီလို လုပ်ခဲ့ကြတာပဲ"ဟု သူမက ဆက်လက် ပြောကြားသည်။ 
 
အာရာဖတ်နှင့် ဆူဟာတို့သည် ၁၉၈၀ ပြည့်နှစ်များအတွင်း ပဲရစ်မြိ့ရှိ Sorbonne တက္ကသိုလ်တွင် ဆူဟာ ကျောင်းတက်နေစဉ် တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။ ဆူဟာ၏ တောင်းဆိုမှုအရ အာရာဖတ်၏ ရုပ်အလောင်းမှ အရိုးနှင့် အသားစ အစိတ်အပိုင်း ၆၀ ခန့်ကို ယမန်နှစ် နိုဝင်ဘာလအတွင်း ပြန်လည်တူးဖော်ရယူခဲ့ပြီး ဆွစ်ဇာလန်၊ ရုရှားနှင့် ပြင်သစ် စုံစမ်းစစ်ဆေးရေးအဖွဲ့များက ခွဲဝေစစ်ဆေးခဲ့ကြခြင်း ဖြစ်သည်။

Planet Myanmar Network , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment