Pages

Thursday, November 7, 2013

တစ်ကိုယ်တည်းဘဝကို ကျေနပ်နေသည့် ဆယ်လီနာဂိုမက်ဇ်

Photo: တစ်ကိုယ်တည်းဘဝကို ကျေနပ်နေသည့် ဆယ်လီနာဂိုမက်ဇ်
Thursday, November 7, 2013

Popဂီတ အဆိုတော်မလေးသည် ကနေဒါ လူငယ်အဆိုတော် ဂျက်စတင်ဘီဘာနှင့် ယခုနှစ် အစောပိုင်းက လမ်းခွဲဖြစ်ခဲ့သည်။ ယင်းတို့နှစ်ဦးသည် (၂)နှစ်ကျော် အတူတွဲခဲ့ပြီးမှ လမ်းခွဲဖြစ်ခဲ့ကြ
Posted on Nov 07 13 - 05:32 PM | Hits : 12
တစ်ကိုယ်တည်းဘဝကို ကျေနပ်နေသည့် ဆယ်လီနာဂိုမက်ဇ်

သူမအနေဖြင့် တစ်ကိုယ်တည်း ဘဝကို ကျေနပ်ပျော်ရွှင်စွာ ဖြတ်သန်းနေကြောင်း ဆယ်လီနာဂိုမက်ဇ်က ထုတ်ဖော် ပြောကြားလိုက်သည်။ Popဂီတ အဆိုတော်မလေးသည် ကနေဒါ လူငယ်အဆိုတော် ဂျက်စတင်ဘီဘာနှင့် ယခုနှစ် အစောပိုင်းက လမ်းခွဲဖြစ်ခဲ့သည်။ ယင်းတို့နှစ်ဦးသည် (၂)နှစ်ကျော် အတူတွဲခဲ့ပြီးမှ လမ်းခွဲဖြစ်ခဲ့ကြသည်။ ဆယ်လီနာက ယခုအခါ တစ်ကိုယ်တည်း ဘဝတွင် မိသားစုများ၊ သူငယ်ချင်းများအတွက် ပိုမို၍ အချိန်ပေး ဖြတ်သန်းလာနိုင်ပြီး ယင်းအတွက် ပျော်ရွှင် အားရမိကြောင်း ဖွင့်ဟခဲ့သည်။ အသက်(၂၁)နှစ်ရှိ ဆယ်လီနာက ရိုင်ယန်ဆေးခရက်စ်နှင့် တွေ့ဆုံရာတွင် သူမအနေဖြင့် ချစ်သူရည်းစား မရှိသော ဘဝတွင် ကောင်းကွက်များကို တွေ့ရှိသိမြင်နေပြီဟု အတည်ပြုခဲ့သည်။

"ကျွန်မအတွက် တကယ်ဆိုရင် တစ်ကိုယ်တည်း နေရတာက ပိုတောင်ကောင်းပါသေးတယ်။ ကိုယ်ပိုင်အချိန်ကို ကိုယ်တိုင်အသုံးချခွင့်ရှိတယ်။ ကျွန်မမိဘတွေနဲ့ အပြင်ထွက်လည်လို့လည်း ရတယ်လေ။ တစ်ယောက်တည်း ဘဝမှာ ကျွန်မကိုယ်ကျွန်မ ပိုပြီး ပိုင်ဆိုင်လာတယ်။ ဒီခံစားချက်က ခမ်းနားလွန်းပါတယ်"ဟု ဆယ်လီနာက ဖွင့်ဟခဲ့သည်။ KIIS-FM၏ အစီအစဉ်တွင် ပါဝင်ခဲ့ရာ၌ ဆယ်လီနာက သူမသည် အချစ်ရေးတွင် အတန်ငယ် ရှေးရိုးဆန်သော ပုံစံမျိုးရှိကြောင်းလည်း ဖွင့်ဟခဲ့သည်။

Spring Breakersစတား မင်းသမီးက "ကျွန်မက မင်းသမီးတစ်ယောက်၊ အဆိုတော်တစ်ယောက် ဖြစ်နေလို့တော့ အရမ်းကြီး အမြင်ဆန်းသစ်နေတယ် မထင်ပါနဲ့။ ကျွန်မက နည်းနည်း ရှေးရိုးဆန်တယ်။ ကျွန်မကို အပြင်ထွက် လည်ဖို့ ချဉ်းကပ်ရဲတဲ့ ယောက်ျားလေး တစ်ယောက်ယောက် ရှိလာမှပဲ ကျွန်မစဉ်းစားမိမှာပဲ။ ကျွန်မကို ချဉ်းကပ်ရဲတဲ့ ယောက်ျားလေးတွေကိုတော့ သဘောကျလေ့ရှိပါတယ်"ဟုလည်း မှတ်ချက်ပြုသွားသည်။

Planet Myanmar Network

RangonNewsDaily:: November . 7 .2013
သူမအနေဖြင့် တစ်ကိုယ်တည်း ဘဝကို ကျေနပ်ပျော်ရွှင်စွာ ဖြတ်သန်းနေကြောင်း ဆယ်လီနာဂိုမက်ဇ်က ထုတ်ဖော် ပြောကြားလိုက်သည်။ Popဂီတ အဆိုတော်မလေးသည် ကနေဒါ လူငယ်အဆိုတော် ဂျက်စတင်ဘီဘာနှင့် ယခုနှစ် အစောပိုင်းက လမ်းခွဲဖြစ်ခဲ့သည်။ ယင်းတို့နှစ်ဦးသည် (၂)နှစ်ကျော် အတူတွဲခဲ့ပြီးမှ လမ်းခွဲဖြစ်ခဲ့ကြသည်။ ဆယ်လီနာက ယခုအခါ တစ်ကိုယ်တည်း ဘဝတွင် မိသားစုများ၊ သူငယ်ချင်းများအတွက် ပိုမို၍ အချိန်ပေး ဖြတ်သန်းလာနိုင်ပြီး ယင်းအတွက် ပျော်ရွှင် အားရမိကြောင်း ဖွင့်ဟခဲ့သည်။ 
 
အသက်(၂၁)နှစ်ရှိ ဆယ်လီနာက ရိုင်ယန်ဆေးခရက်စ်နှင့် တွေ့ဆုံရာတွင် သူမအနေဖြင့် ချစ်သူရည်းစား မရှိသော ဘဝတွင် ကောင်းကွက်များကို တွေ့ရှိသိမြင်နေပြီဟု အတည်ပြုခဲ့သည်။

"ကျွန်မအတွက် တကယ်ဆိုရင် တစ်ကိုယ်တည်း နေရတာက ပိုတောင်ကောင်းပါသေးတယ်။ ကိုယ်ပိုင်အချိန်ကို ကိုယ်တိုင်အသုံးချခွင့်ရှိတယ်။ ကျွန်မမိဘတွေနဲ့ အပြင်ထွက်လည်လို့လည်း ရတယ်လေ။ တစ်ယောက်တည်း ဘဝမှာ ကျွန်မကိုယ်ကျွန်မ ပိုပြီး ပိုင်ဆိုင်လာတယ်။ 
 
 ဒီခံစားချက်က ခမ်းနားလွန်းပါတယ်"ဟု ဆယ်လီနာက ဖွင့်ဟခဲ့သည်။ KIIS-FM၏ အစီအစဉ်တွင် ပါဝင်ခဲ့ရာ၌ ဆယ်လီနာက သူမသည် အချစ်ရေးတွင် အတန်ငယ် ရှေးရိုးဆန်သော ပုံစံမျိုးရှိကြောင်းလည်း ဖွင့်ဟခဲ့သည်။

Spring Breakersစတား မင်းသမီးက "ကျွန်မက မင်းသမီးတစ်ယောက်၊ အဆိုတော်တစ်ယောက် ဖြစ်နေလို့တော့ အရမ်းကြီး အမြင်ဆန်းသစ်နေတယ် မထင်ပါနဲ့။ ကျွန်မက နည်းနည်း ရှေးရိုးဆန်တယ်။ 
 
ကျွန်မကို အပြင်ထွက် လည်ဖို့ ချဉ်းကပ်ရဲတဲ့ ယောက်ျားလေး တစ်ယောက်ယောက် ရှိလာမှပဲ ကျွန်မစဉ်းစားမိမှာပဲ။ ကျွန်မကို ချဉ်းကပ်ရဲတဲ့ ယောက်ျားလေးတွေကိုတော့ သဘောကျလေ့ရှိပါတယ်"ဟုလည်း မှတ်ချက်ပြုသွားသည်။

Planet Myanmar Network , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment