Pages

Thursday, November 7, 2013

ရန်ကုန်နှင့် မန္တလေးနိုင်ငံခြား ဘာသာတက္ကသိုလ်များအား အရည်အသွေး ဆိုင်ရာ စံနှုန်းမြှင့်တင်မည်

ရန်ကုန်နှင့် မန္တလေးနိုင်ငံခြား ဘာသာတက္ကသိုလ်များအား အရည်အသွေး
ဆိုင်ရာ စံနှုန်းမြှင့်တင်မည်
Thursday, November 7, 2013

နိုင်ငံခြား ဘာသာတက္ကသိုလ်များ နိုင်ငံတကာ အဆင့်မီ အရည်အသွေးပြည့်
ဝသည့် ဘာသာစကား တက္ကသိုလ်များအဖြစ် ရပ်တည်နိုင်ရန် ရန်ကုန်နှင့် မန္တလေးနိုင်ငံခြား ဘာသာတက္ကသိုလ်များတွင် နိုင်ငံတကာ အဆင့်မီ အရည်အသွေးဆိုင်ရာ စံနှုန်းများ မြှင့်တင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ နိုင်ငံခြားဘာသာ တက္ကသိုလ်များကို နိုင်ငံတကာ အဆင့်မီ အရည်အသွေး အကဲဖြတ်မှု လုပ်ငန်းစဉ်များကို လျာထား သတ်မှတ်နိုင်
ရန်၊ ကျောင်းသား ကျောင်းသူများ၏ ဘာသာစကား စွမ်းရည်နှင့် တတ်
ကျွမ်းနားလည်မှုကို အရည်အသွေး မှန်ကန်တိကျစွာ စစ်ဆေးတိုင်းတာနိုင်
မည့် နည်းစနစ်များကို ရှာဖွေ ဖော်ထုတ်သွားနိုင်ရန်၊ သုတေသနဆိုင်ရာ နည်းစနစ်များကို ဆရာ၊ ဆရာမများ အကျွမ်းဝင်စေရန်၊ သုတေသန လုပ်ဆောင်ခြင်းကို အထောက်အကူပြုမည့် စာအုပ်စာတမ်းများကို သိရှိလေ့လာ စုပေါင်းဆွေးနွေးခြင်းဖြင့် ပြည့်စုံကောင်းမွန်သော သင်ရိုးပေါ်ထွက်လာစေရန်၊ သက်ဆိုင်ရာ ဘာသာစကားတွင် ကျွမ်းကျင် တတ်မြောက်သည့် နိုင်ငံ့အကျိုးပြု လူငယ်များကို ပြုစုပျိုးထောင်ပေးရန် အစရှိသည့် ရည်ရွယ်ချက်များဖြင့် အလုပ်ရုံ ဆွေးနွေးပွဲများကို ကျင်းပပြုလုပ်ကာ အာဆီယံ တက္ကသိုလ်များ ကွန်ရက် (AUN) မှ သတ်မှတ်ထားသော အခြေခံစံနှုန်းများနှင့်အညီ နိုင်ငံခြားဘာသာ တက္ကသိုလ်များ၌ လက်တွေ့တွင် ထိရောက်စွာ အသုံးပြုနိုင်မည့် အရည်အသွေးဆိုင်ရာ စံနှုန်းများ သတ်မှတ်သွားမည် ဖြစ်သည်။

နိုင်ငံခြားဘာသာ တက္ကသိုလ်များ၏ ပညာရည် မြင့်မားရေးဆိုင်ရာ လုပ်ငန်းစဉ်များ အကောင်အထည်ဖော်သည့် အလုပ်ရုံ ဆွေးနွေးပွဲကို
အောက်တိုဘာ ၂၇ ရက်နှင့် ၂၈ ရက်များတွင် ရန်ကုန် နိုင်ငံခြားဘာသာ
တက္ကသိုလ်၌ ကျင်းပခဲ့ပြီး အဆိုပါ အလုပ်ရုံဆွေးနွေးပွဲ၌ မြန်မာနိုင်ငံရှိ
နိုင်ငံခြား ဘာသာတက္ကသိုလ်များနှင့် အာဆီယံ တက္ကသိုလ်များရှိ ဘာသာစကား သင်ရိုးညွှန်းတမ်းများအား နှိုင်းယှဉ် လေ့လာခဲ့ကြသည်။

eleven media group

RangonNewsDaily:: November . 7 .2013 နိုင်ငံခြား ဘာသာတက္ကသိုလ်များ နိုင်ငံတကာအဆင့်မီအရည်အသွေးပြည့်ဝသည့်ဘာသာစကား တက္ကသိုလ်
များအဖြစ် ရပ်တည်နိုင်ရန် ရန်ကုန်နှင့် မန္တလေးနိုင်ငံခြား ဘာသာတက္ကသိုလ်များတွင် နိုင်ငံတကာ အဆင့်မီ အရည်အသွေးဆိုင်ရာ စံနှုန်းများ မြှင့်တင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံရှိ နိုင်ငံခြားဘာသာ တက္ကသိုလ်များကို နိုင်ငံတကာအဆင့်မီအရည်အသွေး အကဲဖြတ်မှု လုပ်ငန်း
စဉ်များကိုလျာထားသတ်မှတ်နိုင်ရန်၊ ကျောင်းသား ကျောင်းသူများ၏ဘာသာစကား စွမ်းရည်နှင့် တတ်ကျွမ်း
နားလည်မှုကို အရည်အသွေး မှန်ကန်တိကျစွာ စစ်ဆေးတိုင်းတာနိုင်မည့် နည်းစနစ်များကို ရှာဖွေ ဖော်ထုတ်
သွားနိုင်ရန်၊သုတေသနဆိုင်ရာနည်းစနစ်များကိုဆရာ၊ဆရာမများအကျွမ်းဝင်စေရန်၊သုတေသန လုပ်ဆောင်
ခြင်းကိုအထောက်အကူပြုမည့်စာအုပ်စာတမ်းများကို သိရှိလေ့လာ စုပေါင်းဆွေးနွေးခြင်းဖြင့် ပြည့်စုံကောင်း
မွန်သော သင်ရိုးပေါ်ထွက်လာစေရန်၊ သက်ဆိုင်ရာ ဘာသာစကားတွင် ကျွမ်းကျင် တတ်မြောက်သည့် နိုင်ငံ့
အကျိုးပြု လူငယ်များကို ပြုစုပျိုးထောင်ပေးရန် အစရှိသည့် ရည်ရွယ်ချက်များဖြင့် အလုပ်ရုံ ဆွေးနွေးပွဲများကို ကျင်းပပြုလုပ်ကာ အာဆီယံ တက္ကသိုလ်များ ကွန်ရက် (AUN) မှ သတ်မှတ်ထားသော အခြေခံစံနှုန်းများနှင့်
အညီ နိုင်ငံခြားဘာသာ တက္ကသိုလ်များ၌ လက်တွေ့တွင် ထိရောက်စွာ အသုံးပြုနိုင်မည့် အရည်အသွေး
ဆိုင်ရာ စံနှုန်းများ သတ်မှတ်သွားမည် ဖြစ်သည်။

နိုင်ငံခြားဘာသာ တက္ကသိုလ်များ၏ ပညာရည် မြင့်မားရေးဆိုင်ရာ လုပ်ငန်းစဉ်များ အကောင်အထည်ဖော်
သည့် အလုပ်ရုံ ဆွေးနွေးပွဲကိုအောက်တိုဘာ ၂၇ ရက်နှင့် ၂၈ ရက်များတွင်ရန်ကုန် နိုင်ငံခြားဘာသာတက္က
သိုလ်၌ ကျင်းပခဲ့ပြီး အဆိုပါ အလုပ်ရုံဆွေးနွေးပွဲ၌ မြန်မာနိုင်ငံရှိနိုင်ငံခြား ဘာသာတက္ကသိုလ်များနှင့် အာဆီ
ယံ တက္ကသိုလ်များရှိ ဘာသာစကား သင်ရိုးညွှန်းတမ်းများအား နှိုင်းယှဉ် လေ့လာခဲ့ကြသည်။

eleven media , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment