Pages

Thursday, November 7, 2013

နယ်မြေမှူးက ပေငါးဆယ်လမ်းကို ပိတ်ဆို့ရောင်းစားသဖြင့် နယ်မြေခံများက အုပ်ချုပ်ရေးမှူးသို့ တိုင်ကြား

Photo: နယ်မြေမှူးက ပေငါးဆယ်လမ်းကို ပိတ်ဆို့ရောင်းစားသဖြင့် နယ်မြေခံများက အုပ်ချုပ်ရေးမှူးသို့ တိုင်ကြား
Thursday, November 7, 2013

လားရှိုးမြို့၊ ရပ်ကွက်(၁)၊နယ်မြေ(၈)၌ နယ်မြေမှူး ဆိုသူသည် မူလသတ်မှတ်ထားသော ပေ(၅၀)လမ်းကို ပိတ်၍ အခြားပုဂ္ဂိုလ်တစ်ဦးအား ရောင်းစားခဲ့ခြင်းကြောင့် ရပ်ကွက်လူထုက ကျေနပ်မှုမရှိ၍ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးရုံးသို့ တိုင်ကြားခဲ့ကြောင်း တိုင်ကြားသူများ၏ ပြောကြသည်။

“ကျွန်တော်တို့ နယ်မြေထဲမှာရှိတဲ့ ပေ(၅၀)လမ်းဟာ လမ်းဟုသတ်မှတ်ထားပေမယ့် ခြုံနွယ်ပိတ်ပေါင်းနဲ့ ဖုံးနေတော့ လမ်းပျောက်နေသလို ဖြစ်နေတယ်။ ဒါကိုနယ်မြေမှူး ဆိုတဲ့သူက အခွင့်အကောင်းယူ မြေစာရင်းနဲ့ပေါင်းပြီး လမ်းကိုပိတ်ဆို့ ရောင်းစားနေတာကို တွေ့ရပါတယ်။ ဒီကိစ္စကို ရပ်ကွက်လူထုက မကျေနပ်လို့ ရပ်ကွက်အုပ်ချုပ်ရေးရုံးကို တိုင်ကြားပေမယ့် ဘာမှမထူးလာလို့ အခုဒုတိယအကြိမ်အဖြစ် လားရှိုးမြို့နယ် အုပ်ချုပ်ရေးရုံးကို တိုင်ထားပါတယ်။ ကျွန်တော်တို့နယ်မြေ လူနေအိမ်တွေဟာ ထွက်ပေါက်လမ်း မရှိကြုံနေရတယ်။ နဂိုမူလမြေပုံအတိုင်း လမ်းရှိစေချင်တယ်။ ဒီလိုမတရား လုပ်စားနေတဲ့ သူတွေကိုလည်း ဥပဒေအရ ထိရောက်စွာ အရေးယူုပေးစေချင်ပါတယ်”ဟု နယ်မြေခံ ဦးတင့်လွင်ဆိုသူက ပြောသည်။

၎င်းပေ(၅၀)လမ်းအနီးတွင် နေထိုင်သူ ကိုအောင်ကျော် က“ကျွန်တော်နေလာတာကြာပြီ။ ဒီပေ(၅၀)လမ်းဟာ မြေပုံအရ နဂိုကထဲကရှိနေပြီးသားပါ။ နယ်မြေမှုးဦးစောရွှေဝါနဲ့အတူ ပါလာတဲ့ မြေစာရင်းကလူတွေက လမ်းကိုပိတ်ဆို့ပြီး အကွက်ရိုက်ပေးနေတာ တွေ့ရတယ်။ အများပိုင်မြေကို မတရားလုပ်စားနေတာ မကျေနပ်လို့ သက်ဆိုင်ရာကို တိုင်တာပါ။ နယ်မြေခံတွေက ဒီပေ(၅၀)လမ်းကို သူ့နဂိုမူလအတိုင်းပဲ ရှိစေချင်တယ်”ဟု ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ လားရှိုးမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးညီညီအောင်က“ဒီကိစ္စနဲ့ပတ်သက်လို့ နယ်မြေမှူး ရောင်းစားတယ်/မရောင်းတယ် မသိပါဘူး။ ကျွန်တော်တို့ စစ်ဆေးချက်အရ လမ်းမြေပေါ်မှာ ကျုးကျော်နေတာတော့ အမှန်ပါ။ လက်ရှိပေ(၅၀)လမ်းပေါ်မှာ နေထိုင်တဲ့သူက လမ်းဖေါက်တဲ့အခါ ရွေ့ပြောင်းပေးဖို့ ကတိခံဝန်ထားပါတယ်။ တကယ်လည်း ပေ(၅၀)လမ်းပေါ် ကျူုးကျော်နေတာကို စစ်ဆေးတွေ့ရှိရပါတယ်။ တပတ်အတွင်း အကောင်အထည်ဖော် ဆုံးဖြတ်ပေးသွားမှာပါ”ဟု ၎င်းအုပ်ချုပ်ရေးမှုးက ပြောကြားသည်။

ယင်းအပြင်နယ်မြေခံ လူထုကကြားနာ စစ်ဆေးချက်အပေါ်တွင် လမ်းပေါ်တွင် ကျူးကျော်နေထိုင်သူကို လမ်းဖောက်မှ ဖယ်ရှားပေးမည် ဆိုသည်မှာ လမ်းမဖောက်က တစ်သက်လုံးနေထိုင်သွားမည်ဆိုသည့် သဘော သက်ရောက် နေသောကြောင့် လက်မခံနိုင်ကြောင်း ၎င်းနယ်မြေခံ လူထုက သုံးသပ်ပြောဆိုနေကြသည်။

အဆိုပါပေ(၅၀)လမ်းသည် လားရှိုးမြို့ရပ်ကွက်(၁)၊ နယ်မြေ(၈)အတွင်းရှိ မြေကွက်အမှတ်၁၇/၁၅၁၏ မြောက်ဖက်တွင် ကပ်လျက်ရှိကာ ၂၀၁၁ခုနှစ်မှစ၍ လမ်းမြေပေါ်တွင် ကျူးကျော်နေထိုင်လာခြင်းဖြစ်ကြောင်း၊ နယ်မြေခံရပ်ကွက်လူထုက ကျေနပ်မှုမရှိသောကြောင့် ယခုနှစ် စက်တင်ဘာလတွင် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးရုံးသို့ ဒုတိယအကြိမ်မြောက် တိုင်ကြားခဲ့ကြောင်း ၎င်းအုပ်ချုပ်ရေးရုံးမှ သိရသည်။

ထွန်းထွန်း
မြန်မာ့ခေတ်

RangonNewsDaily:: November . 7 .2013
လားရှိုးမြို့၊ ရပ်ကွက်(၁)၊နယ်မြေ(၈)၌ နယ်မြေမှူး ဆိုသူသည် မူလသတ်မှတ်ထားသော ပေ(၅၀)လမ်းကို ပိတ်၍ အခြားပုဂ္ဂိုလ်တစ်ဦးအား ရောင်းစားခဲ့ခြင်းကြောင့် ရပ်ကွက်လူထုက ကျေနပ်မှုမရှိ၍ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးရုံးသို့ တိုင်ကြားခဲ့ကြောင်း တိုင်ကြားသူများ၏ ပြောကြသည်။ “ကျွန်တော်တို့ နယ်မြေထဲမှာရှိတဲ့ ပေ(၅၀)လမ်းဟာ လမ်းဟုသတ်မှတ်ထားပေမယ့် ခြုံနွယ်ပိတ်ပေါင်းနဲ့ ဖုံးနေတော့ လမ်းပျောက်နေသလို ဖြစ်နေတယ်။ ဒါကိုနယ်မြေမှူး ဆိုတဲ့သူက အခွင့်အကောင်းယူ မြေစာရင်းနဲ့ပေါင်းပြီး လမ်းကိုပိတ်ဆို့ ရောင်းစားနေတာကို တွေ့ရပါတယ်။ 
 
ဒီကိစ္စကို ရပ်ကွက်လူထုက မကျေနပ်လို့ ရပ်ကွက်အုပ်ချုပ်ရေးရုံးကို တိုင်ကြားပေမယ့် ဘာမှမထူးလာလို့ အခုဒုတိယအကြိမ်အဖြစ် လားရှိုးမြို့နယ် အုပ်ချုပ်ရေးရုံးကို တိုင်ထားပါတယ်။ ကျွန်တော်တို့နယ်မြေ လူနေအိမ်တွေဟာ ထွက်ပေါက်လမ်း မရှိကြုံနေရတယ်။ နဂိုမူလမြေပုံအတိုင်း လမ်းရှိစေချင်တယ်။ ဒီလိုမတရား လုပ်စားနေတဲ့ သူတွေကိုလည်း ဥပဒေအရ ထိရောက်စွာ အရေးယူုပေးစေချင်ပါတယ်”ဟု နယ်မြေခံ ဦးတင့်လွင်ဆိုသူက ပြောသည်။

၎င်းပေ(၅၀)လမ်းအနီးတွင် နေထိုင်သူ ကိုအောင်ကျော် က“ကျွန်တော်နေလာတာကြာပြီ။ ဒီပေ(၅၀)လမ်းဟာ မြေပုံအရ နဂိုကထဲကရှိနေပြီးသားပါ။ နယ်မြေမှုးဦးစောရွှေဝါနဲ့အတူ ပါလာတဲ့ မြေစာရင်းကလူတွေက လမ်းကိုပိတ်ဆို့ပြီး အကွက်ရိုက်ပေးနေတာ တွေ့ရတယ်။ 
 
အများပိုင်မြေကို မတရားလုပ်စားနေတာ မကျေနပ်လို့ သက်ဆိုင်ရာကို တိုင်တာပါ။ နယ်မြေခံတွေက ဒီပေ(၅၀)လမ်းကို သူ့နဂိုမူလအတိုင်းပဲ ရှိစေချင်တယ်”ဟု ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ လားရှိုးမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးညီညီအောင်က“ဒီကိစ္စနဲ့ပတ်သက်လို့ နယ်မြေမှူး ရောင်းစားတယ်/မရောင်းတယ် မသိပါဘူး။ ကျွန်တော်တို့ စစ်ဆေးချက်အရ လမ်းမြေပေါ်မှာ ကျုးကျော်နေတာတော့ အမှန်ပါ။ လက်ရှိပေ(၅၀)လမ်းပေါ်မှာ နေထိုင်တဲ့သူက လမ်းဖေါက်တဲ့အခါ ရွေ့ပြောင်းပေးဖို့ ကတိခံဝန်ထားပါတယ်။ 
 
တကယ်လည်း ပေ(၅၀)လမ်းပေါ် ကျူုးကျော်နေတာကို စစ်ဆေးတွေ့ရှိရပါတယ်။ တပတ်အတွင်း အကောင်အထည်ဖော် ဆုံးဖြတ်ပေးသွားမှာပါ”ဟု ၎င်းအုပ်ချုပ်ရေးမှုးက ပြောကြားသည်။

ယင်းအပြင်နယ်မြေခံ လူထုကကြားနာ စစ်ဆေးချက်အပေါ်တွင် လမ်းပေါ်တွင် ကျူးကျော်နေထိုင်သူကို လမ်းဖောက်မှ ဖယ်ရှားပေးမည် ဆိုသည်မှာ လမ်းမဖောက်က တစ်သက်လုံးနေထိုင်သွားမည်ဆိုသည့် သဘော သက်ရောက် နေသောကြောင့် လက်မခံနိုင်ကြောင်း ၎င်းနယ်မြေခံ လူထုက သုံးသပ်ပြောဆိုနေကြသည်။

အဆိုပါပေ(၅၀)လမ်းသည် လားရှိုးမြို့ရပ်ကွက်(၁)၊ နယ်မြေ(၈)အတွင်းရှိ မြေကွက်အမှတ်၁၇/၁၅၁၏ မြောက်ဖက်တွင် ကပ်လျက်ရှိကာ ၂၀၁၁ခုနှစ်မှစ၍ လမ်းမြေပေါ်တွင် ကျူးကျော်နေထိုင်လာခြင်းဖြစ်ကြောင်း၊ နယ်မြေခံရပ်ကွက်လူထုက ကျေနပ်မှုမရှိသောကြောင့် ယခုနှစ် စက်တင်ဘာလတွင် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးရုံးသို့ ဒုတိယအကြိမ်မြောက် တိုင်ကြားခဲ့ကြောင်း ၎င်းအုပ်ချုပ်ရေးရုံးမှ သိရသည်။

ထွန်းထွန်း
မြန်မာ့ခေတ် , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment