Pages

Saturday, October 12, 2013

Super Cyclone Phailin ယနေ့ညနေ ပိုင်းတွင် အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း သြရိဿကမ်းခြေကိုစ တင်ဖြတ်ကျော်ဝင်ရောက်မည်

Breaking News:: Weather Alert !!
RangonNewsDaily:: October. 12 .2013


ဒီကနေ့(၁၂-၁၀-၂၀၁၃) ရက်ညနေမှာ အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း သြရိဿကမ်းခြေကို စတင်ဖြတ်ကျော်
တော့မှာ ဖြစ်ပါတယ်။ အင်အား Super Cyclone Category V အမြင့်ဆုံးအင်အားအဆင့်နဲ့ဖြတ်မှာမို့ အသေ
အပျောက် အပျက်အစီးတွေတော့ များနိုင်ပါတယ်
ဆရာ ဒေါက်တာထွန်းလွင်ပြောပြတဲ့မုန်တိုင်းဝင်ရောက်တော့မယ့် အခြေအနေပါ။ အားလုံး ဘေးအန္တရာယ်
ကင်းကြပါစေဗျာ။ အခုလို ပြောပြပေးတဲ့ ဆရာ့ကို အထူးကျေးဇူးတင်ရှိပါတယ်။

Tropical Cyclone 02B(Phailin) ရဲ့ပြည်တော်ဝင်
Cyclone News Update
12-10-2013
6:30 am
::
(၁) Tropical Cyclone 02B (Phailin) ဟာ (၁၂-၁၀-၂၀၁၃၀)ရက်နံနက်(၃)နာရီခွဲအချိန်JTWC/SATOPS
 ဂြိုဟ်တုနဲ့ Euromet ဂြိုဟ်တုများမှ ရိုကယူပေးထားတဲ့တိမ်ပုံတွေအရ ဆက်လက်အားကောင်းနေဆဲဖြစ်ပါ
တယ်။

ဒီကနေ့(၁၂-၁၀-၂၀၁၃) ရက်ညနေမှာ အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း သြရိဿကမ်းခြေကို စတင်ဖြတ်ကျော်
တော့မှာ ဖြစ်ပါတယ်။ အင်အား Super Cyclone Category V အမြင့်ဆုံးအင်အားအဆင့်နဲ့ ဖြတ်မှာမို့ အသေ
အပျောက် အပျက်အစီးတွေတော့ များနိုင်ပါတယ်။
::
(၂) JTWC(USA) ရဲ့ NWPခန့်မှန်းချက်အရ TC Phailin ဟာ အမြင့်ဆုံးအင်အားအဆင့် Category V နဲ့ အိန္ဒိ
ယနိုင်ငံ အရှေ့မြောက်ပိုင်း သြရိဿကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်တော့မှာဖြစ်ပါတယ်။ လက်ရှိအားဖြင့် အ
များဆုံးလေတိုက်နှုန်း 168 mph ရှိနေပြီး၊ တစ်ခါတစ်ရန် လေပုန်း(Gust) 204 mph နှုန်းလောက်အထိ ပြင်း
ထန်စွာတိုက်ခတ်နေပါတယ်။ ပင်လယ်ပြင် ဗဟိုချက်အနီးမှာလည်း ရေလှိုင်းအမြင့် (၅၆)ပေအထိ ရှိနေပါ
တယ်။
::
Cyclone Phailin ဟာအားအကောင်းဆုံးအဆင့်Category V နဲ့ ဒီကနေ့ညနေမှာဘဲ အိန္ဒိယနိုင်ငံအရှေ့ဖက်
ကမ်း သြရိဿကမ်းခြေကို ၀င်ရောက်တော့မှာမို့ အသေအပျောက်နဲ့အပျက်အစီးတွေ များနိုင်ပါတယ်။

အိန္ဒိယနိုင်ငံသူ နိုင်ငံသားများအတွက် ကျွန်တော်တို့အားလုံး မေတ္တာပို့သကြအောင်ပါဗျာ။

ဒေါက်တာထွန်းလွင် ::-- kolatt(PBDN)
RangonNewsDaily




See More News: (www.rangonnewsdaily.blogspot.com)

0 comments:

Post a Comment