Pages

Saturday, October 12, 2013

မန္တလေးမြို့ မြန်မာ့စီးပွါးရေးဘဏ် ၂ မှ ပြည်သူကိုမချေမငံဆက်ဆံသောဝန်ထမ်း (တိုင်ကြားစာ)

RangonNewsDaily:: October. 12 .2013
မနက် ၁၀ နာရီ လောက်ကဗျာ မန်းလေးရောက်နေတုန်း သူငယ် ချင်းနဲ့ မြန်မာ့စီးပွါးရေးဘဏ် ၂ ကို ငွေလဲ
ဖို့ ကိစ္စနဲ့ခဏလိုက်ခဲ့ပါ ဆိုလို့  လိုက်သွားတာ စိတ်ဆင်းရဲ စရာ သနားစရာလေးတစ်ခု တွေ့ မြင်ခဲ့ရလို့  ရေး
လိုက်တာပါ ။
အမေကြီးတယောက်က ပင်စင် ထုတ်ဖို့  စာအုပ်လာထပ်တာဗျ ။ သူလည်းအများထပ်တဲ့နေရာဆို ထပ်ပုံရပါ
တယ် ။ အခုဓါတ်ပုံထဲက ဘဏ်ဝန်ထမ်းအမျိုးသမီးက အမေ ကြီးကို ဒီစားပွဲ မဟုတ်ဘူး လာမ ထပ်နဲ့ ဟိုဘက်
သွား လို့ အော်ပြော ပြီးထပ်ထားတဲ့ စာအုပ်အစုပ်လေး ကို စွဲထုတ်ပြစ်လိုက်တယ်ဗျာ ။ 

အမေကြီးခဗျာ မျက်နှာငယ်လေးနဲ့ နောက်ထပ်စားပွဲတစ်ခုဆီကိုသွား နေလေရဲ့ ။ နောက်စားပွဲမှာဘာထပ်
ဖြစ်မယ်တော့ မမြင်ရတော့ဘူးဗျ ။ အော် ==မန်းသူမန်းသားတွေ ယဉ်ကျေး ပျူငှာ လှမှတ်တယ် တော်တော်
ရိုင်းစိုင်းတဲ့ ဘဏ်ဝန်ထမ်းတွေ လည်း ရှိသေးတယ်နော် ။ 

မိအိတို့  မိသားစုတွေထဲက ပင်စင် စားများရှိနေကြရင်တော့ ထို ဝန် ထမ်းကို သတိထားရှာင်ရှားနိုင်ကြ ဖို့  ပုံနှင့်အတူ တင်ပေးလိုက်ပါ တယ် ။ ။ 


ဇော်ထွန်း (မန္တလေး) 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment