Pages

Saturday, October 12, 2013

ပြသနာများရှောင်ရှားနိုင်ရန် ကျောင်းကုန်းမြို့မှ မွတ်စလင်မ်များ ကုရ်ဗာနီ အီးဒ်နေ့အား ၁ ရက်နောက်ရွှေ့ကာ ပြုလုပ်ကြမည်

7.-Pic-Kyaung-Gone
ကျောင်းကုန်းမြို့မှ ဗလီဝတ်ကျောင်း (ဓါတ်ပုံ ဧရာဝတီ)
RangonNewsDaily:: October. 12 .2013
ကျောင်းကုန်း ။              ။ လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းက ဆူပူအကြမ်းဖက်မှု ဖြစ်စေမည့် ကိစ္စရပ်တစ်ခုပေါ်
ပေါက်ခဲ့ပြီး ထပ်မံဖြစ်ပွားမရှိအောင် ထိန်းသိမ်းနိုင်ခဲ့သည့် ကျောင်းကုန်းမြို့တွင် အစ္စလာမ်ဘာသာဝင်များ
အနေဖြင့် အောက်တိုဘာ ၁၆-ရက်နေ့တွင် ကျရောက်မည့် အီးဒ်နေ့အစား အောက်တိုဘာ ၁၇-ရက်နေ့မှ အီးဒ်နေ့အထိမ်းအမှတ်ပြုလုပ်မည်ဟု သိရှိရပါတယ်။

အခုလာမယ့် အောက်တိုဘာ ၁၆-ရက်နေ့သည် မွတ်စလင်မ်များ၏ ကုရ်ဗာနီအိဒ်နေ့ဖြစ်ပြီး ကျောင်းကုန်းမှာ သံဃာတော်တွေရဲ့ တရားပွဲနဲ့တိုက်နေတဲ့ အတွက် အောက်တိုဘာ ၁၇-ရက်နေ့သို့  ပြောင်းရန် တိုင်းဝန်ကြီး
ချုပ်မှ ပြောကြားသည်ဆိုသည့် သတင်းများလည်း ပေါ်ထွက်လာသောကြောင့် ကျောင်းကုန်းမြို့သို့ ဆက်သွယ်
 မေးမြန်းခဲ့ပါတယ်။

“ရက်ရွှေ့လိုက်တာတော့ဟုတ်ပါတယ်။အာဏာပိုင်ကတော့ ရွှေ့ခိုင်းတာမဟုတ်ပါဘူး။ အခုလို ရက်က ထိတ်
တိုက်ဆုံနေတယ်။ မနေ့က ၀န်ကြီးချုပ်လာတော့ ဘာသာပေါင်းစုံနဲ့စုံတယ်။  အစည်းအဝေးလုပ်တယ်။ အခု
တရားပွဲက အိဒ်နေ့နဲ့တိုက်နေတယ်။ အဲဒါကို သူတို့ ရွှေ့ဖို့လည်း ကြိုးစားတယ်။

တရားပွဲဖိတ်စာတွေဝေတာ၊ ပြင်ဆင်တာအားလုံးကလည်းလုပ်ပြီးသားဖြစ်နေတယ်။  ကျွန်တော်တို့နဲ့ ရင်းနှီး
တဲ့ မြို့ပေါ်က ဗုဒ္ဓဘာသာဝင်တွေကလည်း တချို့ကပြောတယ် ကုန်ကျစရိတ်ကို သူတို့ပြန်ပေးမယ် တရားပွဲ
ကို ရက်ရွှေ့ဖို့ပြောတယ်။ တချို့က လက်ခံမှုမရှိလို့ သူတို့ Time table အရ လုပ်ရမှာဖြစ်လို့ ဒီရက်ကိုပဲ လုပ်ရ
မယ်လို့ပြောတယ်။

အုပ်ချုပ်ရေးမှူးကလည်း ကျွန်တော်တို့ကို မေတ္တာရပ်ခံတယ်။”လို့ ကျောင်းကုန်းဒေသခံက ပြောပါတယ်။

“သူတို့ကတော့ ရွှေ့တာမျိုးမလုပ်ဘူး ကျွန်တော်တို့တွေ ရွှေ့တာ မရွှေ့တာက ကျွန်တော်တို့အပိုင်းလို့ ပြောပါ
တယ်။ သူတို့ရဲ့ Time Table အရ တခြားမြို့နယ်တွေလည်း ရှိတဲ့အတွက် အခုက ရွှေ့လို့မရဘူး။ ပထမတစ်
ကြိမ်တုန်းက သူတို့က ၆-ရက်နေ့ကနေ ၁၆-ရက်နေ့ကို ရွှေ့ထားတာလည်းရှိတယ်။

အီးဒ်နေ့ကိုလည်း သူတို့ သတိမထားဘူးပြောတယ်။ပညာရေးနဲ့ ပတ်သက်ပြီးတော့လည်း ဒီလိုပါပဲ ကျောင်း
က စာမေးပွဲရက်က အိဒ်နေ့နဲ့တိုက်တယ်။ ဒါပေမယ့် အခုတော့ အီးဒ်နေ့က အားလုံးပိတ်ရက်ဖြစ်နေတော့ ရက်ပြန်ရွှေ့လိုက်တယ်။အိဒ်နေ့ကိုတော့ ၀တ်ပြုမယ်ဆိုရင်တော့ လုံခြုံရေးတော့ပေးမှာပါ။

ဒါပေမယ့် အောက်တိုဘာ ၅-ရက်နေ့က ဖြစ်သွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့လည်း ကျွန်တော်တို့က ပြဿနာ
အကျယ်အကျယ် ပြန်လုပ်ပြန်ဖြစ်လာမှာလည်း မလိုလားဘူး။ ဒါကြောင့် ၀န်ကြီးချုပ်နဲ့ဆုံတဲ့အစည်းအဝေးခန်း
မထဲမှာပဲမွတ်စလင်မ်ဘက်ကတချို့ တိုင်ပင်ဆုံးဖြတ်ပြီး ကျွန်တော်တို့တွေကပဲ အောက်တိုဘာ ၁၇-ရက်နေ့
ကို ရွှေ့လိုက်တာပါ”လို့ ကျောင်းကုန်းဒေသခံ တစ်ဦးမှ ထပ်မံ ပြောဆိုပြန်ပါတယ်။

အစ္စလာမ်သာသနာဝင်များ၏ အထွတ်အမြတ်ထားရာ အီးဒ်အထိမ်းအမှတ်နေ့ထူး ၂-ရက်တည်းသာရှိပြီး ယခု အိဒွလ်အဿွာဟာတစ်ရက်သာ ဘာသာရေးအထိမ်းအမှတ်နေ့အဖြစ် နိုင်ငံတော်အစိုးရမှအသိအမှတ်ပြု၍အများ
ပြည်သူရုံးပိတ်ရက်သတ်မှတ်ပေးထားခြင်းဖြစ်ရာယခုကဲ့သို့ ရက်ရွှေ့ပြောင်းရခြင်းအတွက်စိတ်မကောင်းဖြစ်
မိသော်လည်း ကျောင်းကုန်းမှ မွတ်စလင်မ်များအနေနှင့်အကောင်းဆုံးအခြေအနေတစ်ခုကို ဖန်တီးပြုမူလိုက်
ခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။

M-Media ,  kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment