Pages

Saturday, October 12, 2013

တရုတ်နိုင်ငံသား ကုမ္မဏီဝန်ထမ်းတစ်ဦး လက်ပံတောင်းတောင်ကြေးနီစီမံကိန်း လုပ်ငန်းခွင်းအတွင်း သေဆုံး

RangonNewsDaily:: October. 12 .2013
ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးကျေးရွာအုပ်စု၏အနောက်ဘက်၊ မုံရွာ-ပုသိမ် အဝေးပြေးကားလမ်းမ
ကြီးအနီးရှိ မြန်မာ့စီပွားရေးဦးပိုင်လီမီတက်နှင့်ဝမ်ပေါင်ကုမ္မဏီတို့အကျိုးတူဆောင်ရွက်လျက်ရှိသည့် လက်
ပံတောင်းတောင် ကြေးနီစီ မံကိန်း နယ်မြေ လုပ်ငန်းခွင်းအတွင်း အောက်တိုဘာ၁၀ ရက်နေ့ မနက် ၇ နာရီ
၄၀ မိနစ်အချိန်ခန့်က ယာဉ်တိုက်မှုဖြစ်ပွားခဲ့ ရာ တရုတ်နိုင်ငံသား
ကုမ္မဏီဝန်ထမ်းတစ်ဦး သေဆုံးခဲ့ကြောင်း ညောင်ပင်ကြီးနယ်မြေရဲစခန်း၏မှတ်တမ်းများ၌ ဖော်ပြထားသည်
ဟု သိရသည်။

အဆိုပါ မှတ်တမ်းများတွင် မြန်မာဝမ်ပေါင် ကုမ္မဏီ၏ ယာဉ်မောင်းတာဝန်ထမ်းဆောင်နေသူ ရန်ကွမ်ချန်း
(ခ) ကိုစိုးလှိုင်၊ အသက်(၄၂)နှစ်၊ (အဘအမည်) ဦးရန်ရှင်းထန် ဆိုသူမောင်းနှင်လာသည့် တိုယိုတာဟိုင်း
လတ် အမျိုးအစား ယာဉ်အမှတ် ၂၈/ ၇၆၁၆ ယာဉ်သည် ၀မ်ပေါင်ကုမ္မဏီ တောင်ပတ်လမ်းအတိုင်း တောင်
မှမြောက်သို့ မောင်းနှင်လာစဉ်၊ နော်ရင်ကိုကုမ္မဏီ စတိုတာဝန်ခံမစ္စတာလီဘင် အသက်(၂၄)နှစ်၊ ပတ်စပို့စ်
အမှတ်( G – 58033564 ) ဆိုသူသည် ယာဉ်နံပါတ်မပါသော ဟိုင်း ဘိုဘို အမျိုးအစား 125 ဆိုင်ကယ်အစိမ်း
ရောင်အား နောက်မှ လူတစ်ယောက်ထိုင်၍ လိုက်ပါစေပြီး မောင်းနှင်လာရာ တွင်

Heavy ၀ပ်ရှော့အနီး အုတ်စက်လမ်းသွယ်အထွက်နေရာ၌ အရောက်တွင်မျက်နှာချင်းဆိုင်အရပ်မှ ဟိုင်းလတ်
ယာဉ် မောင်းနှင်လာသည့်အတွက် ဆိုင်ကယ်အရှိန်လျော့ရာမှ ဆိုင်ကယ်လဲပြီး ကားဘီးအောက်သို့ရောက်
သွားခဲ့သည့်အတွက် တရုတ်နိုင်ငံသား မစ္စတာ လီဘင်သည် နဖူးရိုးကွဲ၊ ဦးခေါင်းခွံကွဲ၊၀ဲဘက်ခြေဖနောင့်
 ပေါက်ပြဲဒဏ်ရာများဖြင့် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်ဟု ရဲဝန်ထမ်းတစ်ဦင်္ါ်မှ အတည်ပြုပြော
ကြားသည်။

၎င်း မျက်နှာချင်းဆိုင် ယာဉ်တိုက်မှုနှင့်ပတ်သက်၍လည်း ဆားလင်းကြီးမြို့မရဲစခန်း ယာဉ်(ပ) ၂၇/ ၂၀၁၃
ပြစ်မှုပုဒ်မ ၃၃၈/ ၃၀၄(က) အရ ညောင်ပင်ကြီး နယ်မြေရဲစခန်းမှူး ရဲအုပ် မြခိုင်ဦး ဆိုသူမှ အမှုအား ဆောင်
ရွက်လျက်ရှိကြောင်း အဆိုပါ ရဲဝန်ထမ်းမှ ဆိုသည်။

ထို့နေ့ မနက၁၀ နာရီအချိန်ခန့်က လက်ပံတောင်းတောင်ဒေသရှိ ၀က်မှေးကျေးရွာခံများသည် မြေယာလျော်
ကြေးမယူ သည့် လယ်ယာမြေများပေါ်တွင် ကြေးနီစီမံကိန်း အဆောက်အဦးများ ဆောက်လုပ်ခြင်းမပြုရန် ဆန္ဒပြကန့်ကွက်သည့် နေ့ရက်နှင့်လည်း တိုက်ဆိုင်လျက်ရှိကြောင်း သိရသည်။

Monywa  Times::-- , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment