Pages

Saturday, October 12, 2013

နယ်ကျော်ကားများကို အခွန်ကောက်ခံတော့မည်

RangonNewsDaily:: October. 12 .2013

တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်မော်တော်ယာဉ်များအတွက် နံပါတ်ပြားများ သတ်မှတ်ပေးပြီးနောက်တွင်နယ်ကျော်ကားများကို အခွန်ကောက်ခံရန်အစီအစဉ်ရေးဆွဲ
လျက်ရှိကြောင်းစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ညွှန်ကြားမှုဦးစီးဌာနကသိရသည်။

ယခုအခါ ယာဉ်နံပါတ်ပြားများတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ခွဲခြား၍ သတ်မှတ်ပေးထားပြီး ပြည်နယ်အလိုက် သတ်မှတ်ထားသည့် မော်တော်ယာဉ်များအား နယ်ကျော်သွားလာမှုများ ပြုလုပ်ပါက သွားလိုသည့် ပြည်နယ်တွင် အဆိုပါ ပြည်နယ် အစိုးရမှကောက်ခံမည့်အခွန်များကှိုပေးဆောင်စေသည့် စနစ်ဖြစ်ကြောင်းစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးညွှန်ကြားမှု ဦးစီးဌာနမှတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“ အခုလုပ်မယ့် စနစ်က နိုင်ငံတကာမှာလည်း ရှိပါတယ်။ အခုထိတော့ ညွှန်ကြားချက်တို့ ထုတ်ပြန်ချက်တို့ မလာသေးဘူး၊ နိုင်ငံတကာ စနစ်အတိုင်းသွားမှာပါ၊ ထုတ်ပြန်ချက်ထွက်ရှိတာနဲ့ တစ်ပြိုင်နက်ကြေညာသွားမှာပါ” ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးညွှန်ကြားမှု ဦးစီးဌာနမှညွှန်ကြားရေးမှူးဦးသန်းအောင်ကျော် ကပြောသည်။

လက်ရှိတွင် မော်တော်ယာဉ်များအနေဖြင့်တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက်သွားလာဖြတ်သန်းမှုတွင် မြို့ဝင်ကြေးအပါအ၀င်အခြားအခွန်များကို မြို့အ၀င်ဂိတ်ပေါက်များ၌ပေးဆောင်ကြရပြီး လက်ရှိတွင် နယ်မြေ ဧရိယာများသတ်မှတ်ကာ ထပ်မံ၍ အခွန်များတိုးလာမည်ဖြစ်သည်။

“ အခွန်ရှိတာတော့ ဘာမှမဖြစ်ပါဘူး။ဒါပေမဲ့ သင့်တင့်တဲ့ အခွန် ဖြစ်ဖို့တော့လိုအပ်တယ်။ဒီအခွန် ကိစ္စက ခရီးသွားလာရေး၊ နိုင်ငံခြား ခရီးသွားဧည့်သည် လည်ပတ်မှုနှုန်းနဲ့ ကုန်ပစ္စည်းတွေစီးဆင်းနေမှု

အပေါ်အများကြီးသက်ရောက်တယ်။ အထူးသဖြင့်ကျွန်တော်တို့လို အဝေးပြေးကားတွေအတွက် ပိုသိသာတယ်” ဟု ရန်ကုန် - မန္တလေး- မုံရွာ ကုန်စည် လှည့်လည်နေသူတစ်ဦးဖြစ်သည့် ကိုထွန်းကျော်က ပြောသည်။

လက်ရှိတွင် မော်တော်ယာဉ် နံပါတ်ပြား ပြုလုပ်မှု အဖြစ် ၁၁.၁၀. ၂၀၁၃ ခုနှစ်အောက်တိုဘာ ၁၁ ရက် စာရင်းဇယားအရ 9F- 8200 သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်းသိရသည်။

မြတ်မိုးကျော်(မြစ်မခ) , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment