Pages

Saturday, October 12, 2013

ကုရ်ဘာနီ အထူးသတင်း.....

RangonNewsDaily:: October. 11 .2013
ဒီနှစ်မန္တလေးမှာ ကုရ်ဘာနီလုပ်ဖို့ ကွင်းလေးကွင်းသတ်မှတ်ထားပါတယ်။၂၀၁၁ခုနှစ်က ကုရ်ဘာနီကွင်းမှာ
 ကုရ်ဘာနီလုပ်သော သားကောင် အကောင်ရေ ၁၂၀၀ ကျော်ရှိခဲ့ပါတယ်။မနှစ်က တနိုင်ငံလုံးမှာ အစ္စလာမ်
ဘာသာဝင်တွေအပေါ် အကြမ်းဖက်ခံရမှုတွေကိုအစိုးရက အကာအကွယ်မပေးတာကို ဆန္ဒပြ ကန့်ကွက်တဲ့
အနေနဲ့- အစိုးရ သတ်မှတ်ပေးတဲ့
အီးဒ်ပွဲတော်မလုပ်ဖို့အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးရဲဆုံးဖြတ်ချက် အရ-အစိုးရအသိအမှတ်ပြု ကုရ်ဘာနီကွင်း
တွေ မဖွင့်ခဲ့ပါဘူး- ကုရ်ဘာနီ တာဝန်ချလိုသူများ-မိမိအဆင်ပြေတဲ့နေရာများမှာ တာဝန်ချခဲ့ကြရပါတယ်။

ဒီနှစ်တော့ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက ကုရ်ဘာနီကြီးကြပ်ရေးအဖွဲ့များဖွဲ့စည်းထားပြီး ကုရ်ဘာနီတာ
ဝန်ကို တည်ငြိမ်အေးချမ်း စည်းကမ်းရှိစွာ တာဝန်ချနိုင်ရန် စီစဉ်နေပါတယ်။

မန္တလေးမြို့မှာတော့ ကုရ်ဘာနီကော်မတီဆိုပြီး(အစဉ်အလာအတိုင်း) သီးသန့် ဖွဲ့စည်းထားပြီး- သားကောင်
များလုံခြုံရေး-စည်းကမ်းတစ်ကျဖြစ်ရေး- ဒေသဆိုင်ရာ အစိုးရအဖွဲ့အစည်းများကို(ပြသနာမရှာအောင်)ဆက်
ကြေးပေးရေး တွေကို လုပ်ဆောင်ပေးနေတဲ့ အဖွဲ့တစ်ခု သီးခြားရှိနေပါတယ်။

ဒီကနေ့ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက ကုရ်ဘာနီကြီးကြပ်ရေးအဖွဲ့နဲ့ ကုရ်ဘာနီကော်မတီနှစ်ရပ်စလုံး
ကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သာသနာရေးဝန်ကြီး ဦးသန်းစိုးမြင့်က ခေါ်ယူ တွေ့ဆုံခဲ့ပါတယ်။

ဝန်ကြီးဦးသန်းစိုးမြင့်ကကုရ်ဘာနီကွင်းတစ်ကွင်းလျှင် နွားကောင်ရေ ၅၀နှုန်းနဲ့ကွင်းလေးကွင်းမှာ အကောင်
ရေ ၂၀၀လောက်သာ ကုရ်ဘာနီလုပ်ဖို့ မေတ္တာရပ်ခံပါတယ်တဲ့- အဲ့ဒါကို လက်ခံရင် အေးအေးချမ်းချမ်းဖြစ်
မယ်- လုံခြုံရေးတာဝန်ယူ မယ်ပေါ့ဗျာ-ဒီအဖြေကိုလဲ ၁၄-၁၀-၂၀၁၃-တနင်္လာနေ့ အကြောင်းပြန်ပေးရမယ်
တဲ့။

(မန္တလေးတိုင်းအစိုးရအဖွဲ့ ဆက်ကြေးယူပြီးတရုတ်ပြည်ကိုနေ့စဉ် တင်ပို့နေတဲ့ နွားပျို နွားလှအကောင်ရေက ၅၀၀ကျော်ပါတယ်-တစ်နှစ်ကို နွားအကောင်ရေ ၁၈၀၀၀၀/၂၀၀၀၀၀ လောက် တရုတ်ပြည်ကို ပို့နေတာပါ။
အေးခဲအသားအနေနဲ့ ဆယ်ဘီးကားကြီးတွေနဲ့ သီးသန့် တင်ပို့နေကြပါသေးတယ်။)

အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက ကုရ်ဘာနီကြီးကြပ်ရေးအဖွဲ့နဲ့ မန္တလေးကုရ်ဘာနီ ကော်မတီကတော ထုံး
စံအတိုင်း အစည်းအဝေးထိုင်နေကြလေရဲ့....

ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်တခုချပြီး သတ္တိရှိရှိ ရင်ဆိုင်ဖို့တော့ လိုနေပါပြီ။ဒီအကြောင်းကို သိရှိသူများ
ကလဲ အဖွဲ့အစည်းတွေကို ဖိအားပေးဖို့ လိုလာပါပြီ။

အစိုးရရဲ့ အကောင်ေ၇ ကန့်သတ်မှုကို လုံးဝ ပယ်ချပါ- မိမိတို့က စည်းကမ်းတကျလုပ်တာကို အပြည့်အဝ
လုံခြုံရေးတာဝန်ယူဖို့ အစိုးရမှာ တာဝန်ရှိကြောင်း အကြောင်းကြားထားပါ-

ဖြစ်ပေါ်လာတဲ့ အကျိုးဆက်အားလုံးဟာ အစိုးရရဲ့တာဝန်ဖြစ်ကြောင်း ရှင်းလင်း တိကျ ပြတ်သားတဲ့ ကြေငြာ
ချက်တစ်စောင်ကို လူသိရှင်ကြားထုတ်ပြန်ပေးပါ။

ကြားသိသူများ အားလုံး ဒိုအာပြုပေးကြပါရန်..........။

Credit:: ဦးမောင်မောင် (SKW) ::--, kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment