Pages

Saturday, October 12, 2013

Iron Man သိပ္ပံဝတ်စုံမျိုး အမေရိကန်စစ်တပ် တီထွင်နေ

Photo: Iron Man သိပ္ပံဝတ်စုံမျိုး အမေရိကန်စစ်တပ် တီထွင်နေ
Saturday, October 12, 2013

ဟောလီးဝုဒ်မင်းသား ရောဘတ်ဒေါင်နီ ဂျူနီယာ အဓိက ပါဝင်သည့် Iron Man ဇာတ်ကားများတွင် လက်နက်နှင့် ကွန်ပျူတာ စနစ်များကို မြှုပ်နှံတပ် ဆင်ထားသည့် စိတ်ကူးယဉ် သံချပ်ကာ ဝတ်စုံမျိုးမှာ အနာဂတ်တွင် လက်တွေ့ ပေါ်ပေါက်လာဖွယ် ရှိနေသည်။

Iron Man သိပ္ပံဝတ်စုံမျိုး အမေရိကန်စစ်တပ် တီထွင်နေ
အမေရိကန် စစ် တပ်သည် စိတ်ကူးယဉ် သိပ္ပံလူစွမ်းကောင်း ဇာတ်လမ်း Iron Manတွင် ပါရှိသည့် စူပါလူသားစွမ်းရည်မျိုး မြှင့်တင်ပေးနိုင်သော ချပ်ဝတ်တန်ဆာ တစ်မျိုးကို သုတေသနပြု တီထွင်နေကြောင်း သိရှိရသည်။ ဟောလီးဝုဒ်မင်းသား ရောဘတ်ဒေါင်နီ ဂျူနီယာ အဓိက ပါဝင်သည့် Iron Man ဇာတ်ကားများတွင် လက်နက်နှင့် ကွန်ပျူတာ စနစ်များကို မြှုပ်နှံတပ်ဆင်ထားသည့် စိတ်ကူးယဉ် သံချပ်ကာ ဝတ်စုံမျိုးမှာ အနာဂတ်တွင် လက်တွေ့ ပေါ်ပေါက်လာဖွယ် ရှိနေသည်။ အစိုးရ၏ သုတေသန စမ်းသပ်ခန်းများ၊ သိပ္ပံဌာနများနှင့် အမေရိကန်၏ နည်းပညာ ကုမ္ပဏီကြီး အများအပြားသည် အနာဂတ်ကာလ စစ်သည်များအတွက် ရည်ရွယ်သည့် စမတ် ချပ်ဝတ်တန်ဆာ တစ်မျိုးကို ပူးပေါင်း စမ်းသပ်နေသည်ဟု ခိုင်ခိုင်မာမာ ယူဆရသည်။

ထိုဝတ်စုံများသည် ခန္ဓာကိုယ် ပြင်ပတွင် ငြမ်းစနစ်တစ်ခု ပံ့ပိုးပေးပြီး လူတစ်ဦးအနေဖြင့် လုံးဝ သယ်ယူရန် မဖြစ်နိုင်သော ဝန်အလေးချိန်မျိုးကိုပင် သယ်ဆောင်နိုင်ဖွယ် ရှိနေကြောင်း သိရှိရသည်။ လက်ရှိတွင် Tatical Assault Light Operator Suit (Talos) အမည်ရှိ ဝတ်စုံကို နည်းပညာဆိုင် ရာ ဖြည့်တင်းတပ်ဆင်မှုများ၊ အာရုံခံစနစ် ပံ့ပိုးမှုများဖြင့် အဆင့်မြှင့်တင်လျှက် ရှိသည်။ အမေရိကန် စစ်ဘက်က ယင်းစမတ်ဝတ်စုံကို အသုံးပြုရန် ကျယ်ပြန့်သည့် ကွန်ရက်ချိတ်ဆက်မှု ဧရိယာမျိုး လိုအပ်ပြီး စစ်သားများ အနေဖြင့်လည်း Google Glassကဲ့သို့ ခန္ဓာကိုယ်ပေါ် ဝတ်ဆင်ထားရသည့် အဆင့်မြင့် ကွန်ပျူတာစနစ်မျိုးကို အသုံးပြုရမည်ဟု ပြောကြားခဲ့ဖူးသည်။

Talosတွင် လက်ရှိစမ်းသပ် တပ်ဆင်ထားသည့် ခန္ဓာကိုယ်ပြင်ပ ငြမ်းစနစ် သည် ဟိုက်ဒရောလစ် အားဖြည့်မှုဖြင့် လူတစ်ဦးကို အလွန်အားကောင်း သည့် လုပ်ဆောင်မှုများ ဆောင်ရွက်ခွင့် ပေးနိုင်မည် ဖြစ်သည်။ "ငြမ်းစနစ်နဲ့အတူ အကောင်းဆုံး ချပ်ဝတ်အကာအကွယ်တွေကို ပိုင်ပိုင်နိုင်နိုင် အသုံးချနိုင်မယ့် စနစ်မျိုးကို ကျွန်တော်တို့ မြှင့်တင်နေ တာ ဖြစ်ပါတယ်။ Talosမှာ ဝတ်စုံရဲ့ စွမ်းအင်စနစ်၊ ဝတ်ဆင်သူရဲ့ ကျန်းမာရေး အခြေအနေတွေကို ညွှန်ပြနိုင်မယ့် Displayတွေ ပါဝင်ပါတယ်။ ပြီးတော့ လက်နက်စနစ်တွေကိုပါ ထည့်သွင်း တပ်ဆင်သွားမှာပါ"ဟု အမေရိကန် စစ်ဘက် သုတေသန၊ ဖွံ့ဖြိုးရေးနှင့် အင်ဂျင်နီယာ ဌာနချုပ်မှ သိပ္ပံပညာဆိုင်ရာ အကြံပေး ဗိုလ်မှူးကြီး ကားလ်ဘောဂျက်စ်က ပြော ကြားခဲ့သည်။

Planet Myanmar Network

RangonNewsDaily:: October. 12 .2013
ဟောလီးဝုဒ်မင်းသား ရောဘတ်ဒေါင်နီ ဂျူနီယာ အဓိက ပါဝင်သည့် Iron Man ဇာတ်ကားများတွင် လက်နက်
နှင့် ကွန်ပျူတာ စနစ်များကို မြှုပ်နှံတပ် ဆင်ထားသည့် စိတ်ကူးယဉ် သံချပ်ကာ ဝတ်စုံမျိုးမှာ အနာဂတ်တွင် လက်တွေ့ ပေါ်ပေါက်လာဖွယ် ရှိနေသည်။ Iron Man သိပ္ပံဝတ်စုံမျိုး အမေရိကန်စစ်တပ် တီထွင်နေအမေရိကန် စစ် တပ်သည် စိတ်ကူးယဉ် သိပ္ပံလူ
စွမ်းကောင်း ဇာတ်လမ်း Iron Manတွင် ပါရှိသည့် စူပါလူသားစွမ်းရည်မျိုး မြှင့်တင်ပေးနိုင်သော ချပ်ဝတ်တန်
ဆာ တစ်မျိုးကို သုတေသနပြု တီထွင်နေကြောင်း သိရှိရသည်။
 
 ဟောလီးဝုဒ်မင်းသား ရောဘတ်ဒေါင်နီ ဂျူနီယာ အဓိက ပါဝင်သည့် Iron Man ဇာတ်ကားများတွင် လက်န
က်နှင့် ကွန်ပျူတာ စနစ်များကို မြှုပ်နှံတပ်ဆင်ထားသည့် စိတ်ကူးယဉ် သံချပ်ကာ ဝတ်စုံမျိုးမှာ အနာဂတ်တွင် လက်တွေ့ ပေါ်ပေါက်လာဖွယ် ရှိနေသည်။ 
 
အစိုးရ၏ သုတေသန စမ်းသပ်ခန်းများ၊ သိပ္ပံဌာနများနှင့် အမေရိကန်၏ နည်းပညာ ကုမ္ပဏီကြီး အများအပြား
သည် အနာဂတ်ကာလ စစ်သည်များအတွက် ရည်ရွယ်သည့် စမတ် ချပ်ဝတ်တန်ဆာ တစ်မျိုးကို ပူးပေါင်း စမ်း
သပ်နေသည်ဟု ခိုင်ခိုင်မာမာ ယူဆရသည်။

ထိုဝတ်စုံများသည် ခန္ဓာကိုယ် ပြင်ပတွင် ငြမ်းစနစ်တစ်ခု ပံ့ပိုးပေးပြီး လူတစ်ဦးအနေဖြင့် လုံးဝ သယ်ယူရန် မဖြစ်နိုင်သော ဝန်အလေးချိန်မျိုးကိုပင် သယ်ဆောင်နိုင်ဖွယ် ရှိနေကြောင်း သိရှိရသည်။ လက်ရှိတွင် Tatical Assault Light Operator Suit (Talos) အမည်ရှိ ဝတ်စုံကို နည်းပညာဆိုင် ရာ ဖြည့်တင်းတပ်ဆင်မှုများ၊ အာရုံ
ခံစနစ် ပံ့ပိုးမှုများဖြင့် အဆင့်မြှင့်တင်လျှက် ရှိသည်။ 
 
အမေရိကန် စစ်ဘက်က ယင်းစမတ်ဝတ်စုံကို အသုံးပြုရန် ကျယ်ပြန့်သည့် ကွန်ရက်ချိတ်ဆက်မှု ဧရိယာမျိုး လိုအပ်ပြီး စစ်သားများ အနေဖြင့်လည်း Google Glassကဲ့သို့ ခန္ဓာကိုယ်ပေါ် ဝတ်ဆင်ထားရသည့် အဆင့်မြင့် ကွန်ပျူတာစနစ်မျိုးကို အသုံးပြုရမည်ဟု ပြောကြားခဲ့ဖူးသည်။

Talosတွင် လက်ရှိစမ်းသပ် တပ်ဆင်ထားသည့် ခန္ဓာကိုယ်ပြင်ပ ငြမ်းစနစ် သည် ဟိုက်ဒရောလစ် အားဖြည့်
မှုဖြင့် လူတစ်ဦးကို အလွန်အားကောင်း သည့် လုပ်ဆောင်မှုများ ဆောင်ရွက်ခွင့် ပေးနိုင်မည် ဖြစ်သည်။ 
 
"ငြမ်းစနစ်နဲ့အတူ အကောင်းဆုံး ချပ်ဝတ်အကာအကွယ်တွေကို ပိုင်ပိုင်နိုင်နိုင် အသုံးချနိုင်မယ့် စနစ်မျိုးကို ကျွန်တော်တို့ မြှင့်တင်နေ တာ ဖြစ်ပါတယ်။ Talosမှာ ဝတ်စုံရဲ့ စွမ်းအင်စနစ်၊ ဝတ်ဆင်သူရဲ့ ကျန်းမာရေး အခြေအနေတွေကို ညွှန်ပြနိုင်မယ့် Displayတွေ ပါဝင်ပါတယ်။
 
 ပြီးတော့ လက်နက်စနစ်တွေကိုပါ ထည့်သွင်း တပ်ဆင်သွားမှာပါ"ဟု အမေရိကန် စစ်ဘက် သုတေသန၊ ဖွံ့ဖြိုးရေးနှင့် အင်ဂျင်နီယာ ဌာနချုပ်မှ သိပ္ပံပညာဆိုင်ရာ အကြံပေး ဗိုလ်မှူးကြီး ကားလ်ဘောဂျက်စ်က ပြော ကြားခဲ့သည်။

Planet Myanmar Network , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment