Pages

Saturday, October 12, 2013

မွတ်စ်လင်မ်များ ဟဂ်ျကို ကြိမ်ဖန်များစွာ မပြုလုပ်ရန် မုဖ်သီချုပ်မှ ဆော်သြ

Sheikh Abdul Aziz Al-Asheikh

RangonNewsDaily:: October. 12 .2013
ဘ၀သက်တမ်း၌ ပထမဦးဆုံးအကြိမ် ဟဂ်ျပြုသူများအတွက် လွယ်ကူချောမွေ့စေရေး အခွင့်အလမ်းကို ဖော်
ဆောင်ပေးသောအားဖြင့်ဟဂ်ျပြုဖူးပြီးသောမွတ်စ်လင်မ်များအနေနှင့်ယခုရာသီတွင် ဟဂ်ျခရီးစဉ် လာရောက်
မှုကို ရှောင်ရှားကြပါရန် မုဖ်သီ ချုပ်ကြီး ရှိုင်းခ် အဗ်ဒုလ် အဇီးဇ် အလ်အရှ်ရှိုင်းခ်မှ ဆော်သြထားသည်။

ဟဂ်ျပြုဖူးသူများသည် ဟဂ်ျခရီးစဉ်အတွက် (ထပ်မံ)အသုံးပြုမည့်ငွေကြေးများကို ဒုက္ခရောက်အခက်အခဲဖြစ်
နေသူများထံလှူဒါန်းပေးကမ်းကြရန်လမ်းညွှန်လိုက်ပါသည်။မက္ကဟ်မြို့ရှိ ဟဂ်ျရေးရာဝန်ကြီးဌာနမှ စီစဉ်သော
ကွန်ဖရင့်၌ “ လူတစ်ဦးအဖို့ တစ်သက်မှာတစ်ကြိမ်သာ ဟဂ်ျပြုခြင်းက မပြုမနေရတာဝန် ဖြစ်တယ်။ 

တမန်တော်မြတ် မုဟမ္မဒ် ( ငြိမ်းချမ်းမှုနှင့်ကောင်းချီးမင်္ဂလာသက်ရောက်စေသား ) ဟာ ဟဂ်ျကိုတစ်ကြိမ်တစ်
ခါတည်းသာ ပြုလုပ်ဆောင်ရွက်တော်မူခဲ့ပါတယ်။ 

လူတိုင်း ဟဂ်ျမှာ ပါဝင်နိုင်အောင်လို့ မွတ်စ်လင်မ်တွေအနေနဲ့ ဒီစည်းမျဉ်းကို လိုက်နာရမှာဖြစ်ပါတယ် ” ဟု သူက မိန့်ခွန်းပေးခဲ့သည်။

မည်သို့သောလူစားပင်ဖြစ်စေကာမူ သူ့ဘ၀တစ်သက်တာ၌ ဟဂ်ျတစ်ကြိမ်ပြုပြီးပါကတာဝန်ဝတ္တရားမှာအထ
မြောက်ပြီးစီး သွားပြီဖြစ်ကြောင်း၊ ထပ်ဖန်တလဲလဲ ပြုလုပ်ရန် မလိုအပ်ကြောင်း၊ အထူးသဖြင့် ကမ္ဘာ့ဒေသ
အနှံ့အပြားမှ လာရောက်ကြသည့် ဘုရားဖူးဦးရေမှာ ဤနှစ်များအတွင်း အလွန်များပြားလာကြောင်း စသည်
တို့ကိုလည်း ထည့်သွင်းပြောကြားသွားသည်။

Ref: arabnews , M-Media , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment