Pages

Saturday, October 12, 2013

ကုရ်ဘာနီအိဒ်နေ့ မန္တလေးတွင် သားကောင်အရေအတွက် ကန့်သတ်ခံရ

eid

RangonNewsDaily:: October. 12 .2013
မန္တလေး  ။        ။    မွတ်စလင်မ်တို့၏ အိဒ်နေ့တွင် ကုရ်ဘာနီပြုလုပ်ရန် သားကောင်အရေအတွက်ကို လျှော့
ချကန့်သတ်ရန်ခရိုင်ဥက္ကဋ္ဌနှင့်ဝန်ကြီးများက မန္တလေးမြို့လုံး ဆိုင်ရာ ကုရ်ဘာနီရေးရာကော်မတီကအား မနေ့
ကခေါ်ယူ၍ ပြောဆိုလိုက်ကြောင်းသိရသည်။

အိဒ်နေ့တွင် ကုရ်ဘာနီပြုလုပ်လေ့ရှိသည့်အတွက် မန္တလေးတွင်လည်း နှစ်စဉ် ပြုလုပ်လေ့ရှိပြီး ယခုနှစ်တွင် ကြာနီကန်၊ တောင်မြင့်၊ ကံရွာ၊ သိုးခြံ တို့တွင် ကွင်း ၄-ကွင်း သတ်မှတ်ပြီး ဖြစ်ပါတယ်။

ယခုနှစ်တွင် ကုရ်ဘာနီ ပြုလုပ်ရန်အတွက် တိုင်းအဆင့်ဆင့်သို မန္တလေးမြို့လုံးဆိုင်ရာ ကုရ်ဘာနီ ကော်မတီမှ သားကောင် ၁၁၇၅-ကောင် စာရင်းတင်သွင်းခဲ့ကြောင်း၊ မနေ့က အောက်တိုဘာ ၁၁-ရက်နေ့ မနက် ၁၀း၀၀-နာရီမှာ ခရိုင်အုပ်ချုပ်ရေးမှူးမှ အစည်းအဝေးခေါ်ယူသည့်အတွက် ကုရ်ဘာနီကော်မတီမှ တာဝန်ရှိသူများ သွားရောက်ခဲ့ရာ သားကောင် ၇၅၀ ပြုလုပ်ရန်သာ ပြောဆိုကြောင်း၊ အစည်းအဝေးပြီးချိန်မှ ဖုန်းဆက်၍ တစ်ခါခေါ်ယူသဖြင့် ညနေ ၅း၀၀-နာရီတွင် ထပ်မံ သွားရောက်တွေ့ဆုံရာ ကွင်းတစ်ခုလျှင် ကောင်ရေ (၅၀)ဖြင့်၊ သားကောင်(၂၀၀)သာ လုပ်ခွင့်ပြုမည်ဟု ထပ်မံ ပြောဆိုလာသဖြင့် ကုရ်ဘာနီကော်မတီမှ တာဝန်ရှိသူများအနေဖြင့် ယနေ့ညပိုင်းတွင် အစည်းအဝေးပြုလုပ်ပြီး ဆုံးဖြတ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ဆက်သွယ်မေးမြန်းရာ “မနေ့က မနက် ၁၀-နာရီမှာ အစည်းအဝေးခေါ်တာ သစ်တောနဲ့ သတ္ထုတွင်းဝန်ကြီးဌာန ရုံးမှာပါ။ ခရိုင်ကခေါ်လို့ ကုရ်ဗာနီကော်မတီဝင်တချို့သွားရောက်ခဲ့ပါ
တယ်။

အုပ်ချုပ်ရေးမှူးဦးအောင်ကျော်မိုးအပါအ၀င် မြို့နယ်အုပ်ချုပ်ရေးမှူးတွေပါတယ်။ အဲ့ဒီမှာ ပြောတာက ကုရ်ဗာနီ
သားကောင်လုပ်မယ့် ကိစ္စနဲ့ပတ်သက်ပြီး မန္တလေးမြို့လုံးဆိုင်ရာ ကုရ်ဗာနီရေးရာကော်မတီက တင်ထားတာ
က သားကောင်က ၁၁၇၅-ကောင်တင်ထားပါတယ်။ သက်ဆိုင်ရာက ခွင့်ပြုထားတဲ့ ကြာနီကန်၊ သိုးခြံ၊ ကံရွာ
၊ တောင်မြင့် ကွင်းလေးကွင်းမှာ အဲ့ဒီကောင်ရေအတိုင်းလုပ်ဖို့ အရင်နှစ်ကအတိုင်း တင်ထားပါတယ်။

အဲဒီမှာ ၀န်ကြီးချုပ်က ကောင်ရေများလွန်းတယ်။ လျှော့လုပ်ပါလို့ ပြောတယ်။ ဆွေးနွေးရင်း နောက်ဆုံးကျ
တော့ ၇၅၀ လုပ်ဖို့သဘောတူခဲ့ကြတယ်။ အဲဒါက မနက်ပိုင်းမှာ အစည်းအဝေးပြီးသွားတယ်။နေ့လည်ပိုင်း
မှာကျတော့ ညနေ ၅-နာရီ အစည်းအဝေးပြန်လာပါလို့ ဖုန်းဆက်ပြီး ခေါ်ပြန်တယ်။ အဲဒါ ထပ်သွားကြတော့ လယ်ယာဝန်ကြီးကပြောတယ် မြန်မာပြည်က ခိုင်းနွားတွေဟာ အရေအတွက် သိပ်နည်းသွားတဲ့အတွက် အခု
လုပ်မယ့် သားကောင်ကများတယ်။

ဒါကြောင့် ကောင်ရေ ၂၀၀ ပဲ ခွင့်ပြုနိုင်မယ်လို့ပြောပါတယ်။ ဒါနဲ့ ဘာမှ ဆုံးဖြတ်ချက်မပေးပဲ ပြန်လာခဲ့ပြီး ဒီ
နေ့ညမှာ မန္တလေးမြို့လုံးဆိုင်ရာ ကုရ်ဘာနီရေးရာကော်မတီအစည်းအဝေးလုပ်ပြီး တိုင်ပင် ဆုံးဖြတ်ကြပါ
မယ်”လို့ M-Media ရဲ့ ဆက်သွယ် မေးမြန်းချက်ကို မန္တလေးမြို့လုံးဆိုင်ရာ ကုရ်ဘာနီရေးရာကော်မတီမှ တာ
ဝန်ရှိသူတစ်ဦးက ပြန်လည် ဖြေကြားပေးခဲ့ပါတယ်။

“လယ်ယာဝန်ကြီးကလယ်လုပ်ငန်းအတွက်ခိုင်းနွားမရှိတော့ဘူးလို့ပြောတယ်ဆိုတော့ ခေတ်မီဖွံ့ဖြိုးတိုးတက်
လာပြီးလယ်ယာလုပ်ငန်းမှာစက်ပစ္စည်းကိရိယာတွေသုံးလာပြီဆိုပြီး ပြောခဲ့တာတွေက လိမ်ညာမှုတွေ ဖြစ်
နေပြီပေါ့။ အခုလိုပြောတာကလည်း အကြောင်းပြချက် သက်သက်လို့ပဲ မြင်တယ်။

အခုမှ ခိုင်းနွား မရှိလို့ ၂၀၀-ပဲ လုပ်ပါလို့ ပြောပေမယ့် နှစ်စဉ် တရုတ်ပြည်ကို တင်ပို့နေတဲ့ သိန်းချီပြီး တင်ပို့
နေတာကျ မသိသလိုလုပ်နေပြီးအခုလိုကန့်သတ်လာတာကတော့ တမင်ကို လုပ်ဆောင်တယ်လို့ ကျွန်တော်
တို့ ခံစားရတယ်”လို့ မန္တလေးမြို့ခံတစ်ဦးကလည်း ပြောပါတယ်။

M- Media ,  kolatt(PBDN)
RangonNewsDaily


0 comments:

Post a Comment