Pages

Saturday, September 21, 2013

"ရေဘေးသင့် ပြည်သူများအား ဆက်သယ်ရေး ကုမ္ပဏီ Ooredoo မှ ငွေလှူဒါန်း"

RangonNewsDaily:: September 21, 2013

မြန်မာရေဘေးသင့် ပြည်သူများအား ဆက်သယ်ရေး ကုမ္ပဏီ Ooredoo မှ အမေရိကန်ဒေါ်လာ လေးသောင်း ထပ်မံ လှူဒါန်းခဲ့ကြောင်း ယင်းကုမ္ပဏီမှ ထုတ်ပြန်ချက်အရ သိရသည်။::
“ရေဘေးသင့်ပြည်သူတွေ ထောက်ပံ့လှူဒါန်းမှုတွေ အများကြီးလိုအပ်နေတဲ့အတွက် ကူညီပေးဖို့ ဆုံးဖြတ်ခဲ့တာပါ။ Ooredoo အနေနဲ့လည်း လူ့အဖွဲ့အစည်းအတွင်း အကူအညီလိုအပ်နေတဲ့ အချိန်မှာ ကူညီပေးတဲ့အလေ့အထကောင်း ရှိပါတယ်။
ဒါကြောင့် ရေဘေးသင့်ပြည်သူတွေရဲ့ ဆုံးရှုံးမှုကို ကူညီထောက်ပံ့ပေးတာပါ”ဟု Ooredoo Myanmar မှ အကြီးတန်းအရာရှိ Rose Cormack က ပြောသည်။
::
လက်ရှိတွင် Ooredoo ကုမ္ပဏီ လှူဒါန်းမှုသည် ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့၌ ရေဘေးဒဏ်ခံခဲ့ရသည့် ပြည်သူများအတွက် လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ပထမအကြိမ်တွင်လည်း ရေဘေးသင့်ပြည်သူများ သက်သာကယ်ဆယ်ရေး လုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ နှစ်သောင်းလှူဒါန်းထားခဲ့ကြောင်း သိရသည်။
::
Ooredoo သည် မြန်မာအစိုးရမှ လုပ်ကိုင်ခွင့်ချပေးသော မိုဘိုင်းဆက်သွယ်ရေး လိုင်စင်နှစ်ခုတွင် ရွေးချယ်ခံထားရသည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး ၁၀ နှစ်အတွင်း သန်းပေါင်း ၆၀ ရင်းနှီးမြှုပ်နှံမည်ဟု ကတိပြုထားသည်။

AZ
Popular Myanmar , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment