Pages

Saturday, September 21, 2013

ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ ပြည်ထောင်စုကြီး ငြိမ်းချမ်းပါစေ လမ်းလျှောက်ပွဲကျင်းပ

RangonNewsDaily:: September 21, 2013

စက်တင်ဘာလ ၂၁ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ပြည်ထောင်စုကြီး ငြိမ်းချမ်းပါစေ ရည်ရွယ်ချက်ဖြင့် စုပေါင်းလမ်းလျှောက်ပွဲကို ရန်ကုန်မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံရှေ့မှစ၍ နေ့လည် ၁၂ နာရီတွင် ငြိမ်းချမ်းရေး လိုလားသူအချို့က ဦးဆောင်လမ်းလျှောက်ခဲ့ကြသည်။ အဆိုပါလမ်းလျှောက်ပွဲကို လူအင်အား ၁၀၀၀ ခန့်ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ကာ အရပ်ဖက် လူမှု အဖွဲ့အစည်းများ ပါဝင်ခဲ့ကြပြီး မှ မဟာဗန္ဓုလပန်းခြံရှေ့မှ စတင်ကာ ကမ်းနားလမ်းအတိုင်း မြေနီကုန်း ပြည်သူ့ရင်ပြင်ပန်းခြံ အတွင်း ငြိမ်းချမ်းရေးပွဲတော် ကျင်းပနေသည့် နေရာသို့လမ်းလျှောက် ခဲ့ခြင်းဖြစ်သည်။
မြစ်မခမီဒီယာ , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment