Pages

Saturday, September 21, 2013

စူပါတိုင်ဖွန်းမုန်တိုင်း USAGI မကာအိုနှင့် ဟောင်ကောင်မြို့များကို ဦးတည်တိုက်ခတ်ရန် သေချာသလောက်ရှိ

စူပါတိုင်ဖွန်းမုန်တိုင်း USAGI မကာအိုနှင့် ဟောင်ကောင်မြို့များကို ဦးတည်တိုက်ခတ်ရန် သေချာသလောက်ရှိ
By mmweather.ygn, on September 21st, 2013
http://blog.mmweather.com/2013/09/21/super-typhoon-usagi-17w-3/

တောင်တရုတ်ပင်လယ်မြောက်ပိုင်းသို့ ဝင်ရောက်လာပြီးဖြစ်သည့် စူပါတိုင်ဖွန်းမုန်တိုင်း USAGI(17W)သည် မကာအိုမြို့ အရှေ့-အရှေ့တောင်ဘက် မိုင် ၄၅ဝ ခန့်အကွာ ပင်လယ်ပြင်၌ ဗဟိုပြုနေပြီး အနောက်-အနောက်မြောက်ဘက်(Heading 280 degrees)သို့ တစ်နာရီ ၁၂ မိုင်နှုန်းခန့်ဖြင့်ဆက်လက်ရွေ့လျားလျှက်ရှိပါသည်။ မုန်တိုင်းသည် စက်တင်ဘာလ ၂၂ ရက် မြန်မာစံတော်ချိန် ၂၄း၃ဝ နာရီမတိုင်မီ ဟောင်ကောင်နှင့် မကာအို မြို့ကြားမှ တရုတ်(ပြည်မ)Guangdong ပြည်နယ် ကမ်းခြေအား ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းထားပါသည်။ မုန်တိုင်း ကုန်းတွင်းသို့ ဖြတ်ကျော်ဝင်ရောက်စဉ် မုန်တိုင်းဗဟို၌ လေတိုက်နှုန်း 80 knots မှ 105 knots(တစ်နာရီ ၉၂ မိုင်မှ မိုင် ၁၂ဝ နှုန်းအထိရှိပြီး၊ မုန်တိုင်းဗဟို၌ မုန်တိုင်းဒီလှိုင်းအမြင့် ၄၈ ပေအထိ ရှိနိုင်ကြောင်းနှင့် မုန်တိုင်းအရွယ်အစား အချင်း ကီလိုမီတာ ၁၁ဝဝ(၆၈၃.၅ မိုင်) ရှိမည်ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ မိုးလေဝသဌာနများနှင့် ကွန်ပျူတာမော်ဒယ်များမှ ခန့်မှန်းထားပါသည်။(ပုံ-၁)

မုန်တိုင်း USAGI သည် ကုန်းတွင်းသို့ ဝင်ရောက်ပြီးနောက် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ တဖြည်းဖြည်းအားပျော့သွားပြီး စက်တင်ဘာလ ၂၄ ရက် မြန်မာစံတော်ချိန် ၁၂း၃ဝ နာရီနောက်ပိုင်း၌ လေဖိအားနည်းရပ်ဝန်းအဆင့်သို့ ရောက်ရှိပြီး ပျက်ပြယ်သွားမည်ဟု ခန့်မှန်းထားပါသည်။ မုန်တိုင်းပျက်ပြယ်သွားပြီးနောက် မုန်တိုင်း အကြွင်းအကျန်များသည် အနောက်-အနောက်တောင်ဘက်သို့ ဆက်လက်ရွေ့လျားပြီး မြန်မာနိုင်ငံ အရှေ့ပိုင်းနှင့် တောင်ပိုင်းဒေသများတွင် မိုးသည်းထန်မည့် အခြေအနေများ ဖြစ်ပေါ်နိုင်ကြောင်း ခန့်မှန်းရပါသဖြင့် အထက်ပါရက်နောက်ပိုင်းကာလအတွက် သတိပြုကာကွယ်နိုင်ကြပါရန်
ကြိုတင်သတိပေးတင်ပြအပ်ပါသည်။(ပုံ-၂)

RangonNewsDaily:: September 21, 2013
တောင်တရုတ်ပင်လယ်မြောက်ပိုင်းသိ
ု့ ဝင်ရောက်လာပြီးဖြစ်သည့် စူပါတိုင်ဖွန်းမုန်တိုင်း USAGI(17W)
သည် မကာအိုမြို့ အရှေ့-အရှေ့တောင်ဘက် မိုင် ၄၅ဝ ခန့်အကွာ ပင်လယ်ပြင်၌ ဗဟိုပြုနေပြီး အနောက်-အနောက်မြောက်ဘက်(Heading 280 degrees)သို့ တစ်နာရီ ၁၂ မိုင်နှုန်းခန့်ဖြင့်ဆက်လက်ရွေ့လျားလျှက်
ရှိပါသည်။ 
မုန်တိုင်းသည် စက်တင်ဘာလ ၂၂ ရက် မြန်မာစံတော်ချိန် ၂၄း၃ဝ နာရီမတိုင်မီ ဟောင်ကောင်နှင့် မကာအို မြို့ကြားမှ တရုတ်(ပြည်မ)Guangdong ပြည်နယ် ကမ်းခြေအား ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းထားပါ
သည်။ 
 
မုန်တိုင်း ကုန်းတွင်းသို့ ဖြတ်ကျော်ဝင်ရောက်စဉ် မုန်တိုင်းဗဟို၌ လေတိုက်နှုန်း 80 knots မှ 105 knots(တစ်
နာရီ ၉၂ မိုင်မှ မိုင် ၁၂ဝ နှုန်းအထိရှိပြီး၊ မုန်တိုင်းဗဟို၌ မုန်တိုင်းဒီလှိုင်းအမြင့် ၄၈ ပေအထိ ရှိနိုင်ကြောင်းနှင့် မုန်တိုင်းအရွယ်အစား အချင်း ကီလိုမီတာ ၁၁ဝဝ(၆၈၃.၅ မိုင်) ရှိမည်ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ မိုးလေ
ဝသဌာနများနှင့် ကွန်ပျူတာမော်ဒယ်များမှ ခန့်မှန်းထားပါသည်။(ပုံ-၁)

မုန်တိုင်း USAGI သည် ကုန်းတွင်းသို့ ဝင်ရောက်ပြီးနောက် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ တဖြည်းဖြည်းအားပျော့သွားပြီး စက်တင်ဘာလ ၂၄ ရက် မြန်မာစံတော်ချိန် ၁၂း၃ဝ နာရီနောက်ပိုင်း၌ လေဖိ
အားနည်းရပ်ဝန်းအဆင့်သို့ ရောက်ရှိပြီး ပျက်ပြယ်သွားမည်ဟု ခန့်မှန်းထားပါသည်။ 
 
မုန်တိုင်းပျက်ပြယ်သွားပြီးနောက် မုန်တိုင်း အကြွင်းအကျန်များသည် အနောက်-အနောက်တောင်ဘက်သို့ ဆက်လက်ရွေ့လျားပြီး မြန်မာနိုင်ငံ အရှေ့ပိုင်းနှင့် တောင်ပိုင်းဒေသများတွင် မိုးသည်းထန်မည့် အခြေအနေ
များ ဖြစ်ပေါ်နိုင်ကြောင်း ခန့်မှန်းရပါသဖြင့် အထက်ပါရက်နောက်ပိုင်းကာလအတွက် သတိပြုကာကွယ်နိုင်
ကြပါရန်ကြိုတင်သတိပေးတင်ပြအပ်ပါသည်။
 
 
MM Weather ::--,  ရန်ကုန်နယူးဒေးလီးစ်(မီဒီယာ)
ကိုလတ် (ပန်ဘဲတန်:) 
 
 
See More News: ( www.rangonnewsdaily.blogspot.com)

0 comments:

Post a Comment