Pages

Saturday, September 21, 2013

ကိုယ်ကြိုက်လို့ရှိရင်တော့ ဈေးကြီးလည်းစားတယ်လို့ဆိုတဲ့ ယွန်းရွှေရည်

Photo: ကိုယ်ကြိုက်လို့ရှိရင်တော့ ဈေးကြီးလည်းစားတယ်လို့ဆိုတဲ့ ယွန်းရွှေရည်
Saturday, September 21, 2013

• အချက်အပြုတ်ကို ဘယ်အရွယ်လောက်ကစပြီး ၀ါသနာပါခဲ့တယ်လို့
ထင်မိပါသလဲ။
- ဘယ်အရွယ်လောက်ကလည်းဆိုရင် ၉ တန်း၊ ၁၀ တန်းလောက် အမေနဲ့
ဝိုင်းကူချက်ပြုတ်ပေးရင်းနဲ့ စပြီးဝါသနာပါခဲ့တာပါ။

• အခုဟင်းပွဲလေးကိုချက်ပြဖို့ စီစဉ်ဖြစ်သွားပုံလေးကရော။
- စီစဉ်ဖြစ်သွားပုံလေးက အစ်ကိုတို့မဂ္ဂဇင်းက ဟင်းလေးတွေချက်တာ
ဝါသနာပါရင်ချက်ပြပါ။ အင်တာဗျူးပြီး ဓာတ်ပုံရိုက်မယ်ဆိုတော့ ညီမလည်း စိတ်ဝင်စားပြီးတော့ ကိုယ်ချက်တတ်တာလေးတွေကို အခုလို
ချက်ပြမိသွားတာပါ။

• ယွန်းရွှေရည်ဘ၀မှာ ပထမဆုံးချက်ပြုတ်ဘူးတဲ့ ဟင်းပွဲကိုမှတ်မိသေးရင်
ပြောပြပေးပါဦး။
- ပထမဆုံးချက်ဖြစ်တာဆိုရင်တော့ ကြက်သားနဲ့ အာလူးဟင်းဖြစ်မယ်
ထင်တယ်။

• အဲဒီလိုပထမဆုံးချက်တုန်းက ဟင်းလက်ရာကရောဘယ်လိုနေလဲ။
- အရသာကတော့ အနေတော်လေးဖြစ်သွားမယ်ထင်တယ်။
ကြက်သား၊ အာလူးမဆလာဟင်းကို အရမ်းအအီကြီးမဟုတ်အောင်
ချက်ထားတာပါ။ ပထမဆုံးချက်တယ်ဆိုပေမယ့် အမေက
အနီးကပ်သင်ပေးတော့ အဆင်ပြေပါတယ်။

• ညီမချက်တဲ့ ဟင်းတွေထဲမှာမှ လူကြိုက်အများဆုံးဟင်းပွဲကရော
ဘာဖြစ်မယ်လို့ ထင်မိလဲ။
- အဲဒါဆိုရင်တော့ စောစောကပြောတဲ့ ကြက်သား၊ အာလူး
ဟင်းဖြစ်မယ်ထင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ အခုထက်ထိ
အိမ်မှာလည်း ညီမချက်တဲ့ဟင်းကို သူငယ်ချင်းတွေဖြစ်ဖြစ်၊
မိသားစုဝင်တွေဖြစ်ဖြစ် စားပြီးတော့ ကောင်းတယ်လို့ပြောကြတယ်။

• ညီမချက်တဲ့ဟင်းကိုစားပြီးတော့ ချီးမွမ်းခံရတုန်းက ခံစား
ချက်ကရော။
- ကိုယ်ချက်တဲ့ဟင်းကို သူများတွေက အားရပါးရစားပြီးတော့
ကောင်းလိုက်တာ။ အရသာရှိလိုက်တာလို့ပြောတော့
ကိုယ်လည်း ချက်ရကျိုးနပ်တယ်။ နောက် ၀မ်းလည်းဝမ်းသာမိတယ်။
နောက်ထပ်လည်း ချက်ကျွေးချင်မိတယ်။

• ဒီလိုချက်ပြုတ်တာတွေကို ညီမအနေနဲ့ ဘယ်သူတွေဆီက
အဓိကသင်ယူပါသလဲ။
- အဓိကတော့ ညီမအမေလို့ ပြောရမှာပါပဲ။ ဘာဖြစ်လို့လည်းဆိုတော့
အမေချက်တာ၊ ပြုတ်တာကို ညီမက ဘေးကနေကူညီရင်းနဲ့
ချက်တတ်ပြုတ်တက်လာတာပါပဲ။

• ညီမ မကြိုက်တဲ့ အစားအစာတွေကရော ဘာတွေပါလဲ။
- အစားအစာနဲ့ပတ်သက်ရင် မကြိုက်တဲ့အစားစာက သိပ်မရှိပါဘူး။
ဒါပေမယ့် ကိုယ်နဲ့မတည့်တဲ့ အစားစာတို့၊ ကိုယ့်ကိုအဆိပ်ဖြစ်စေမယ့်
အစားအသောက်တို့ကိုတော့ မကြိုက်ပါဘူး။

• ငယ်ငယ်က အစားအသောက်နဲ့ပတ်သက်ပြီး အမှတ်တရ
အဖြစ်အပျက်လေးတွေရှိရင် ပြောပြပေးပါဦး။
- အမှတ်တရဆိုရင် ငယ်ငယ်တုန်းက ငါးရိုးဆူးဖူးတယ်။
မျက်ရည်ကျလောက်အောင် တော်တော်လေးကို ခံရခက်ခဲ့ပါတယ်။
နောက်ပိုင်း ငါးစားရင်တောင် ငါးရိုးဆူးမှာ ကြောက်မိပါတယ်။
နောက်ထပ် အမှတ်တရကတော့ ကျောင်းမှာ စာသင်တဲ့အချိန်မှာ
ဆီးထုပ်ခိုးစားလို့ ဆရာမဆူတာတော့ခံဖူးတယ်။ အခြားဟာတွေတော့
သိပ်မမှတ်မိတော့ပါဘူး။

• မနက်စာကို ဘယ်အချိန်လောက်စားဖြစ်လဲ။ ဘာတွေနဲ့စားဖြစ်လဲ။
- မနက်စာကိုတော့ မနက် ၈ နာရီလောက်မှာ မုန့်ဟင်းခါးတို့ဘာတို့
စားဖြစ်ပါတယ်။

• နေ့လယ်စာကျတော့ ဘာတွေနဲ့ စားတတ်တာများလဲ။
- နေ့လယ်စာကိုတော့ ညီမက မြန်မာထမင်းဟင်းပဲစားဖြစ်တယ်။
များသောအားဖြင့် ၁၂ နာရီကျော်လောက် စားဖြစ်ပါတယ်။
ရှုတင်မှာရှိတာများတော့ ရှုတင်ထမင်းဟင်းကို
စားဖြစ်တာများပါတယ်။ အသားလည်းပါတယ်။ ငါးလည်းပါတယ်။
အရွက်ကြော်အစုံပေါ့။

• ညစာကျတော့ရော။
- ညီမက ညစာကိုတော့ သိပ်မစားဖြစ်ဘူး။ စားရင်တော့ အသီးအနှံတွေပဲ
စားဖြစ်တယ်။ ပန်းသီးတို့ဘာတို့ပေါ့။

• စားဖူးသမျှထဲမှာ တစ်သက်မမေ့နိုင်လောက်တဲ့ အစားအသောက်တွေ
ဘာတွေရော ရှိလား။
- တစ်သက်မမေ့လောက်တဲ့ ဟင်းလိုမျိုးရယ်တော့ သီးသန့်မရှိပါဘူး။
ညီမက အစားအစာမှန်သမျှ အကုန်လုံးနီးပါးကြိုက်တော့
ဘယ်အစားပဲဖြစ်ဖြစ် စားဖြစ်တာများပါတယ်။ ဒါပေမယ့်
တစ်ခုတော့ရှိတယ် မမေ့တာက ရွှေစက်တော်က မြေစာဥလေးစား
ရတာပါပဲ။ အဲဒါကိုလည်း အရမ်းကြိုက်တယ်။ ဒီမှာလည်း ရှာလို့မလွယ်ဘူး။

• ဒါဆို အိမ်မှာညီမအမေချက်တဲ့ဟင်းတွေထဲမှာဆိုရင် ဘယ်ဟင်းကိုကြိုက်လဲ။
- အမေချက်ရင်တော့ ၀က်သားဟင်းရယ်၊ ချဉ်ပေါင်ဟင်းရယ်ကိုတော့
ကြိုက်မိတယ်။

• စားဖူးသမျှထဲမှာ ထူးဆန်းတယ်လို့ထင်တဲ့ အစားအသောက်ရောရှိလား။
- ပြောရမယ်ဆိုရင် ထူးထူးဆန်းဆန်း အသားငါးတွေကို တစ်ခါမှမစားဖူးဘူး။

• နိုင်ငံတကာ အစားအသောက်ထဲမှာဆိုရင်ရော ဘယ်လိုအစားအသောက်
မျိုးကိုကြိုက်လဲ။
- များသောအားဖြင့်တော့ ညီမက ယိုးဒယားအစားအသောက်တွေကို
ကြိုက်နှစ်သက်ပါတယ်။

• ညီမဘ၀မှာ အမှတ်တရဖြစ်တဲ့ အစားအစာရောရှိလား။
ဥပမာ အဲဒီ့အစားအစာကို စားလိုက်ရရင် တစ်နေရာရာ၊ တစ်ချိန်ချိန်၊
တစ်ယောက်ယောက်ကို သတိရမိတာမျိုးပေါ့။
- အဲဒီလိုမျိုးအစားအသောက်ဆိုရင်တော့ ငယ်ငယ် အတန်းကျောင်းသူ
ဘ၀တုန်းက သူငယ်ချင်းတွေနဲ့ အသုပ်တွေဝယ်စားတယ်။
နောက် ၀က်သားတုတ်ထိုးတွေစားတယ်။ အခုထိလည်း
လမ်းဘေးက အသုပ်စုံတို့၊ ၀က်သားတုတ်ထိုးတို့စားမိရင်
ငယ်ငယ်ကျောင်းတက်တုန်းက ဘ၀လေးကို ပြန်သတိရမိတယ်။

• စားဖူးသမျှအစားအသောက်တွေထဲမှာ ဈေးကြီးပြီး မတန်ဘူးထင်တဲ့ အရာမျိုးလေးရှိရင် ပြောပြပေးပါဦး။
- အဲဒီလိုမျိုးပြောရရင်တော့ ညီမကတစ်မျိုး။ ကိုယ်ကြိုက်လို့
ရှိရင်တော့ ဈေးကြီးလည်း စားဖြစ်တယ်။ ကိုယ်ကြိုက်ပြီးတော့
အရသာလည်းရှိတယ်၊ ကိုယ့်အတွက် အဆင်ပြေတယ်ဆိုရင် ဈေးကြီးတယ်လို့
မသတ်မှတ်မိပါဘူး။

• စားဖူးသမျှထဲမှ ဈေးပေါပြီး တန်တယ်ထင်တဲ့ အစားအစာဆိုရင်ရော။
- ဈေးပေါပြီး တန်တာဆိုရင်တော့ အခုလို မိုးတွင်းမှာ
ကြက်မောက်သီးတွေစားဖြစ်တယ်။ သူက ဈေးလည်းပေါပြီးတော့
တန်လည်းတန်တယ်။ အများကြီးလည်းရတယ်လေ။
တစ်ထောင်ဖိုးလောက်ဆိုရင် တော်တော်များများလေးလည်းရတယ်လေ။

• စားသောက်ဆိုင်နဲ့ အိမ်မှာဆိုရင် ဘယ်မှာပိုစားချင်လဲ။
- အိမ်မှာကျတော့ ထုံးစံအတိုင်းစားနေကျ ထမင်းဟင်းပဲလေ။
စားသောက်ဆိုင်ကျတော့ ကိုယ်မစားဖူးတဲ့ အစားသောက်ဆန်းဆန်းလေးတွေ
ကို စားလို့ရတော့ စားသောက်ဆိုင်မှာတော့ ပိုစားချင်ပါတယ်။

• ညစာကို မိသားစုနဲ့ အိမ်မှာစားဖြစ်လား။
- အမှန်ပြောရမယ်ဆိုရင် ညီမက ရှုတင်တွေဘာတွေနောက်ကျတော့
အိမ်မှာ မိသားစုနဲ့မစားဖြစ်တာများပါတယ်။

• ညီအကြိုက်ဆုံး အသီးအနှံတွေကရော။
- အသီးအနှံကတော့ တော်တော်များများကြိုက်ပါတယ်။ ဖရဲသီးလိုမျိုး
အရည်ရွမ်းတဲ့ အသီးတွေကြိုက်ပါတယ်။ စပျစ်သီး၊ ကြက်မောက်သီး၊
လိမ္မော်သီးတို့ ကြိုက်ပါတယ်။

• အသားငါးတွေထဲမှာဆိုရင်ရော။
- အသားငါးဆိုရင်တော့ ငါးကို အကြိုက်ဆုံးပဲ။ အသားထဲမှာဆိုရင်တော့
ဝက်သားတစ်ခုကို တော်တော်ကြိုက်ပါတယ်။

• ဒေသအလိုက် အစားအစာတွေထဲမှာဆိုရင်ရော ဘယ်လိုအစားအသောက်
ကိုကြိုက်လဲ။
- ဒေသလိုက်ဆိုရင်တော့ ရှမ်းပြည်ကခေါပုတ်ကို အရမ်းကြိုက်တယ်။

• အစားအသောက်တစ်ခုကိုစားနေရင်း အဲဒီအထဲမှာ
ရွံစရာတွေဘာတွေရော တွေ့ခဲ့ဘူးလား။ တွေ့ရင်ရော ဘယ်လိုနေလဲ။
- တွ့ဖူးတယ်။ စားနေရင်းနဲ့ တစ်ခါတလေကျရင်
ပိုးကောင်လေးတွေ ကျနေတာတို့တွေ့ဖူးတယ်။
အဲဒီလိုမျိုးကျရင်တော့ ဖယ်လိုက်တယ်။ သိပ်ပြီးတော့ မရွှံတတ်ပါဘူး။

• ဒါဆိုအစားအသောက်စားနေရင်း ဘေးနားက သူငယ်ချင်းတွေက
ရွံစရာတွေဘာတွေ နောက်ရင်ရော ဘယ်လိုနေလဲ။
- အင်း အဲဒီလိုရွှံစရာတွေ ဘေးနားကလာနောက်ရင်တော့
ဆက်မစားချင်တော့ဘူး။

• အစားအသောက်က နိုင်ငံတစ်နိုင်ငံ လူမျိုးတစ်မျိုးရဲ့ ယဉ်ကျေးမှုကို
ဖော်ဆောင်နိုင်တယ်လို့ရောထင်မိလား။
- အင်းထင်ပါတယ်။ အခုမြန်မာဆိုလည်း မြန်မာထမင်းဟင်း၊ ငါးပိရည်၊
တို့စရာပေါ့။ ဒါတွေက ဘယ်နိုင်ငံမှလည်းမရှိဘူး။ ကိုယ့်နိုင်ငံမှာပဲရှိတာလေ။
ဒီတော့ မြန်မာ့ရိုးရာအစားအစာဆိုပြီးတော့လည်း ဖော်ပြလို့ရတယ်လေ။

• အခုနောက်ဆုံး ညီမလေး ယွန်းရွှေရည်ချက်တဲ့ဟင်းတွေကို လိုက်ပြီး
ချက် စားကြည့်မယ့် ပရိသတ်ကြီးအတွက် စကားလက်ဆောင်လေးကရော။
- အခု ညီမချက်ပြတဲ့ဟင်းတွေကို ပရိသတ်ကြီးလည်း အိမ်မှာ
အားရင်ပေါ့ ရုံးပိတ်တဲ့အခါဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ စားတဲ့အခါပဲဖြစ်ဖြစ်
ချက်စားရင် အရသာရှိရှိ သုံးဆောင်နိုင်ကျပါစေလို့ ပြောချင်ပါတယ်။

FOOD Magazine

RangonNewsDaily:: September 21, 2013

• အချက်အပြုတ်ကို ဘယ်အရွယ်လောက်ကစပြီး ၀ါသနာပါခဲ့တယ်လို့ထင်မိပါသလဲ။
- ဘယ်အရွယ်လောက်ကလည်းဆိုရင် ၉ တန်း၊ ၁၀ တန်းလောက် အမေနဲ့ ၀ိုင်းကူချက်ပြုတ်ပေးရင်းနဲ့ စပြီး
ဝါသနာပါခဲ့တာပါ။ • အခုဟင်းပွဲလေးကိုချက်ပြဖို့ စီစဉ်ဖြစ်သွားပုံလေးကရော။
 
- စီစဉ်ဖြစ်သွားပုံလေးက အစ်ကိုတို့မဂ္ဂဇင်းက ဟင်းလေးတွေချက်တာဝါသနာပါရင်ချက်ပြပါ။ အင်တာဗျူးပြီး ဓာတ်ပုံရိုက်မယ်ဆိုတော့ ညီမလည်း စိတ်ဝင်စားပြီးတော့ ကိုယ်ချက်တတ်တာလေးတွေကို အခုလိုချက်ပြ
မိသွားတာပါ။

• ယွန်းရွှေရည်ဘ၀မှာ ပထမဆုံးချက်ပြုတ်ဘူးတဲ့ ဟင်းပွဲကိုမှတ်မိသေးရင်ပြောပြပေးပါဦး။
 
- ပထမဆုံးချက်ဖြစ်တာဆိုရင်တော့ ကြက်သားနဲ့ အာလူးဟင်းဖြစ်မယ်ထင်တယ်။

• အဲဒီလိုပထမဆုံးချက်တုန်းက ဟင်းလက်ရာကရောဘယ်လိုနေလဲ။
 
- အရသာကတော့ အနေတော်လေးဖြစ်သွားမယ်ထင်တယ်။ကြက်သား၊ အာလူးမဆလာဟင်းကို အရမ်းအအီကြီးမဟုတ်အောင်ချက်ထားတာပါ။ ပထမဆုံးချက်တယ်ဆိုပေမယ့် အမေက
အနီးကပ်သင်ပေးတော့ အဆင်ပြေပါတယ်။

• ညီမချက်တဲ့ ဟင်းတွေထဲမှာမှ လူကြိုက်အများဆုံးဟင်းပွဲကရောဘာဖြစ်မယ်လို့ ထင်မိလဲ။
 
- အဲဒါဆိုရင်တော့ စောစောကပြောတဲ့ ကြက်သား၊ အာလူးဟင်းဖြစ်မယ်ထင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ အခုထက်ထိအိမ်မှာလည်း ညီမချက်တဲ့ဟင်းကို သူငယ်ချင်းတွေဖြစ်ဖြစ်၊
မိသားစုဝင်တွေဖြစ်ဖြစ် စားပြီးတော့ ကောင်းတယ်လို့ပြောကြတယ်။

• ညီမချက်တဲ့ဟင်းကိုစားပြီးတော့ ချီးမွမ်းခံရတုန်းက ခံစားချက်ကရော။
 
- ကိုယ်ချက်တဲ့ဟင်းကို သူများတွေက အားရပါးရစားပြီးတော့ကောင်းလိုက်တာ။ အရသာရှိလိုက်တာလို့ပြောတော့ကိုယ်လည်း ချက်ရကျိုးနပ်တယ်။ နောက် ၀မ်းလည်းဝမ်းသာမိတယ်။
နောက်ထပ်လည်း ချက်ကျွေးချင်မိတယ်။

• ဒီလိုချက်ပြုတ်တာတွေကို ညီမအနေနဲ့ ဘယ်သူတွေဆီကအဓိကသင်ယူပါသလဲ။
 
- အဓိကတော့ ညီမအမေလို့ ပြောရမှာပါပဲ။ ဘာဖြစ်လို့လည်းဆိုတော့အမေချက်တာ၊ ပြုတ်တာကို ညီမက ဘေးကနေကူညီရင်းနဲ့ချက်တတ်ပြုတ်တက်လာတာပါပဲ။

• ညီမ မကြိုက်တဲ့ အစားအစာတွေကရော ဘာတွေပါလဲ။
 
- အစားအစာနဲ့ပတ်သက်ရင် မကြိုက်တဲ့အစားစာက သိပ်မရှိပါဘူး။ဒါပေမယ့် ကိုယ်နဲ့မတည့်တဲ့ အစားစာတို့၊ ကိုယ့်ကိုအဆိပ်ဖြစ်စေမယ့်အစားအသောက်တို့ကိုတော့ မကြိုက်ပါဘူး။

• ငယ်ငယ်က အစားအသောက်နဲ့ပတ်သက်ပြီး အမှတ်တရအဖြစ်အပျက်လေးတွေရှိရင် ပြောပြပေးပါဦး။
 
- အမှတ်တရဆိုရင် ငယ်ငယ်တုန်းက ငါးရိုးဆူးဖူးတယ်။မျက်ရည်ကျလောက်အောင် တော်တော်လေးကို ခံရခက်ခဲ့ပါတယ်။နောက်ပိုင်း ငါးစားရင်တောင် ငါးရိုးဆူးမှာ ကြောက်မိပါတယ်။နောက်ထပ် အမှတ်တရကတော့ ကျောင်းမှာ စာသင်တဲ့အချိန်မှာဆီးထုပ်ခိုးစားလို့ ဆရာမဆူတာတော့ခံဖူးတယ်။ အခြားဟာတွေတော့သိပ်မမှတ်မိတော့ပါဘူး။

• မနက်စာကို ဘယ်အချိန်လောက်စားဖြစ်လဲ။ ဘာတွေနဲ့စားဖြစ်လဲ။
 
- မနက်စာကိုတော့ မနက် ၈ နာရီလောက်မှာ မုန့်ဟင်းခါးတို့ဘာတို့စားဖြစ်ပါတယ်။

• နေ့လယ်စာကျတော့ ဘာတွေနဲ့ စားတတ်တာများလဲ။
 
- နေ့လယ်စာကိုတော့ ညီမက မြန်မာထမင်းဟင်းပဲစားဖြစ်တယ်။များသောအားဖြင့် ၁၂ နာရီကျော်လောက် စားဖြစ်ပါတယ်။ရှုတင်မှာရှိတာများတော့ ရှုတင်ထမင်းဟင်းကိုစားဖြစ်တာများပါတယ်။ အသားလည်းပါတယ်။ ငါးလည်းပါတယ်။အရွက်ကြော်အစုံပေါ့။

• ညစာကျတော့ရော။
 
- ညီမက ညစာကိုတော့ သိပ်မစားဖြစ်ဘူး။ စားရင်တော့ အသီးအနှံတွေပဲစားဖြစ်တယ်။ ပန်းသီးတို့ဘာတို့ပေါ့။

• စားဖူးသမျှထဲမှာ တစ်သက်မမေ့နိုင်လောက်တဲ့ အစားအသောက်တွေဘာတွေရော ရှိလား။
 
တစ်သက်မမေ့လောက်တဲ့ဟင်းလိုမျိုးရယ်တော့သီးသန့်မရှိပါဘူး။ညီမကအစားအစာမှန်သမှအကုန်လုံးနီးပါး
ကြိုက်တာ့ယ်အစားပဲဖြစ်ဖြစ်စားဖြစ်တာများပါတယ်။ဒါပေမယ့်တစ်ခုတော့ရှိတယ်မမေ့တာက ရွှေစက်တော်
က မြေစာဥလေးစားရတာပါပဲ။ အဲဒါကိုလည်း အရမ်းကြိုက်တယ်။ ဒီမှာလည်း ရှာလို့မလွယ်ဘူး။

• ဒါဆို အိမ်မှာညီမအမေချက်တဲ့ဟင်းတွေထဲမှာဆိုရင် ဘယ်ဟင်းကိုကြိုက်လဲ။
 
- အမေချက်ရင်တော့ ၀က်သားဟင်းရယ်၊ ချဉ်ပေါင်ဟင်းရယ်ကိုတော့ကြိုက်မိတယ်။

• စားဖူးသမျှထဲမှာ ထူးဆန်းတယ်လို့ထင်တဲ့ အစားအသောက်ရောရှိလား။
 
- ပြောရမယ်ဆိုရင် ထူးထူးဆန်းဆန်း အသားငါးတွေကို တစ်ခါမှမစားဖူးဘူး။

• နိုင်ငံတကာ အစားအသောက်ထဲမှာဆိုရင်ရော ဘယ်လိုအစားအသောက်မျိုးကိုကြိုက်လဲ။
 
- များသောအားဖြင့်တော့ ညီမက ယိုးဒယားအစားအသောက်တွေကိုကြိုက်နှစ်သက်ပါတယ်။

• ညီမဘ၀မှာ အမှတ်တရဖြစ်တဲ့ အစားအစာရောရှိလား။ ဥပမာ အဲဒီ့အစားအစာကို စားလိုက်ရရင် တစ်နေ
ရာရာ၊ တစ်ချိန်ချိန်၊တစ်ယောက်ယောက်ကို သတိရမိတာမျိုးပေါ့။
 
- အဲဒီလိုမျိုးအစားအသောက်ဆိုရင်တော့ ငယ်ငယ် အတန်းကျောင်းသူဘ၀တုန်းက သူငယ်ချင်းတွေနဲ့ အသုပ်
တွေဝယ်စားတယ်။နောက် ၀က်သားတုတ်ထိုးတွေစားတယ်။ အခုထိလည်းလမ်းဘေးက အသုပ်စုံတို့၊ ၀က်
သားတုတ်ထိုးတို့စားမိရင်ငယ်ငယ်ကျောင်းတက်တုန်းက ဘ၀လေးကို ပြန်သတိရမိတယ်။

• စားဖူးသမျှအစားအသောက်တွေထဲမှာ ဈေးကြီးပြီး မတန်ဘူးထင်တဲ့ အရာမျိုးလေးရှိရင် ပြောပြပေးပါဦး။
 
- အဲဒီလိုမျိုးပြောရရင်တော့ ညီမကတစ်မျိုး။ ကိုယ်ကြိုက်လို့ရှိရင်တော့ ဈေးကြီးလည်းစားဖြစ်တယ်။ကိုယ်ကြိုက်
ပြီးတော့အရသာလည်းရှိတယ်၊ ကိုယ့်အတွက် အဆင်ပြေတယ်ဆိုရင် ဈေးကြီးတယ်လို့မသတ်မှတ်မိပါဘူး။

• စားဖူးသမျှထဲမှ ဈေးပေါပြီး တန်တယ်ထင်တဲ့ အစားအစာဆိုရင်ရော။
 
- ဈေးပေါပြီး တန်တာဆိုရင်တော့ အခုလို မိုးတွင်းမှာကြက်မောက်သီးတွေစားဖြစ်တယ်။ သူက ဈေးလည်းပေါ
ပြီးတော့တန်လည်းတန်တယ်။ အများကြီးလည်းရတယ်လေ။တစ်ထောင်ဖိုးလောက်ဆိုရင် တော်တော်များ
များလေးလည်းရတယ်လေ။

• စားသောက်ဆိုင်နဲ့ အိမ်မှာဆိုရင် ဘယ်မှာပိုစားချင်လဲ။
 
- အိမ်မှာကျတော့ ထုံးစံအတိုင်းစားနေကျ ထမင်းဟင်းပဲလေ။စားသောက်ဆိုင်ကျတော့ ကိုယ်မစားဖူးတဲ့ အ
စားသောက်ဆန်းဆန်းလေးတွေကို စားလို့ရတော့ စားသောက်ဆိုင်မှာတွေမှာ ပိုစားချင်ပါတယ်။

• ညစာကို မိသားစုနဲ့ အိမ်မှာစားဖြစ်လား။
 
- အမှန်ပြောရမယ်ဆိုရင် ညီမက ရှုတင်တွေဘာတွေနောက်ကျတော့အိမ်မှာ မိသားစုနဲ့မစားဖြစ်တာများပါ
တယ်။

• ညီအကြိုက်ဆုံး အသီးအနှံတွေကရော။
 
- အသီးအနှံကတော့ တော်တော်များများကြိုက်ပါတယ်။ ဖရဲသီးလိုမျိုးအရည်ရွမ်းတဲ့ အသီးတွေကြိုက်ပါတယ်။
 စပျစ်သီး၊ ကြက်မောက်သီး၊လိမ္မော်သီးတို့ ကြိုက်ပါတယ်။

• အသားငါးတွေထဲမှာဆိုရင်ရော။
 
- အသားငါးဆိုရင်တော့ငါးကိုအကြိုက်ဆုံးပဲ။အသားထဲမှာဆိုရင်တော့ဝက်သားတစ်ခုကို တော်တော်ကြိုက်
ပါတယ်။

• ဒေသအလိုက် အစားအစာတွေထဲမှာဆိုရင်ရော ဘယ်လိုအစားအသောက်ကိုကြိုက်လဲ။
 
- ဒေသလိုက်ဆိုရင်တော့ ရှမ်းပြည်ကခေါပုတ်ကို အရမ်းကြိုက်တယ်။

• အစားအသောက်တစ်ခုကိုစားနေရင်းအဲဒီအထဲမှာရွံစရာတွေဘာတွေရော တွေ့ခဲ့ဘူးလား။ တွေ့ရင်ရော
 ဘယ်လိုနေလဲ။
 
- တွေ့ဖူးတယ်။ စားနေရင်းနဲ့ တစ်ခါတလေကျရင်ပိုးကောင်လေးတွေ ကျနေတာတို့တွေ့ဖူးတယ်။အဲဒီလိုမျိုး
ကျရင်တော့ ဖယ်လိုက်တယ်။ သိပ်ပြီးတော့ မရွှံတတ်ပါဘူး။

• ဒါဆိုအစားအသောက်စားနေရင်း ဘေးနားက သူငယ်ချင်းတွေကရွံစရာတွေဘာတွေ နောက်ရင်ရော ဘယ်
လိုနေလဲ။
 
- အင်း အဲဒီလိုရွှံစရာတွေ ဘေးနားကလာနောက်ရင်တော့ဆက်မစားချင်တော့ဘူး။

• အစားအသောက်က နိုင်ငံတစ်နိုင်ငံ လူမျိုးတစ်မျိုးရဲ့ ယဉ်ကျေးမှုကိုဖော်ဆောင်နိုင်တယ်လို့ရောထင်မိလား။
 
-အင်းထင်ပါတယ်။အခုမြန်မာဆိုလည်း မြန်မာထမင်းဟင်း၊ငါးပိရည်၊တို့စရာပေါ့။ဒါတွေကဘယ်နိုင်ငံမှလည်း
မရှိဘူး။ ကိုယ့်နိုင်ငံမှာပဲရှိတာလေ။ဒီတော့ မြန်မာ့ရိုးရာအစားအစာဆိုပြီးတော့လည်း ဖော်ပြလို့ရတယ်လေ။

• အခုနောက်ဆုံး ညီမလေး ယွန်းရွှေရည်ချက်တဲ့ဟင်းတွေကို လိုက်ပြီးချက် စားကြည့်မယ့် ပရိသတ်ကြီးအ
တွက် စကားလက်ဆောင်လေးကရော။

- အခု ညီမချက်ပြတဲ့ဟင်းတွေကို ပရိသတ်ကြီးလည်း အိမ်မှာအားရင်ပေါ့ ရုံးပိတ်တဲ့အခါဖြစ်ဖြစ်၊ သူငယ်ချင်း
တွေနဲ့ စားတဲ့အခါပဲဖြစ်ဖြစ်ချက်စားရင် အရသာရှိရှိ သုံးဆောင်နိုင်ကျပါစေလို့ ပြောချင်ပါတယ်။

FOOD Magazine , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment