Pages

Saturday, September 21, 2013

“ နှစ်ပေါင်း ၁၂၀၀ ကျော် သက်တမ်းရှိ ကုန်အာန်ကျမ်းစာအုပ် တူရကီနိုင်ငံတွင်တွေ့ရှိ ”

RangonNewsDaily:: September 21, 2013
ဆွလာသ်(အစ္စလာမ်ဘာသာဝင်များ နေ့စဉ် ဝတ်ပြုခြင်း) ၀တ်ပြုသည့် ဖျာဖြင့်ထုပ်ထားပြီး လက်ဖြင့်ရေးသားထားသော နှစ်ပေါင်း ၁၂၀၀ ကျော်သက်တမ်းရှိ ကုန်အာန်ကျမ်းစာအုပ် တစ်အုပ်အား တူရကီနိုင်ငံအနောက်တောင်ပိုင်း Aegean ဒေသ Muğla ပြည်နယ်ရှိ ဗလီဝတ်ကျောင်းတော် တစ်လုံးတွင် တွေ့ရှိခဲ့သည်ဟု သိရသည်။ “သာမန် ကုရ်အာန်တစ်အုပ်လို့ ကျွန်တော်တို့ထင်ပြီး၊ အရေးကြီးတဲ့နေရာတွေကို အကြောင်းမကြားခဲ့ပါဘူး။ ဒါပေမယ့် ဒါဟာလက်နဲ့ရေးထားပြီး စာအုပ်ထဲကပုံစံတွေကလည်း လွန်ခဲ့တဲ့နှစ်ပေါင်း ၁၂၀၀ လောက်ကပုံစံ ဆိုတာ ကျွန်တော်နောက်ပိုင်းသိခဲ့ပါတယ်” ဟု ထိုကုရ်အာန်ကျမ်းစာအုပ် အားတွေ့ရှိခဲ့သူ Tepecik ဗလီဝတ်ကျောင်းတော်မှ ရှေ့ဆောင်ဆရာတော် Yüksel Kılınçarslan က တူရကီသတင်းအေဂျင်ဆီ Anadolu သို့ တနင်္လာနေ့ကပြောခဲ့သည်။

Aegean ဒေသ Bodrum အပန်းဖြေမြို့တွင်တည်ရှိသည့် Tepecik ဗလီဝတ်ကျောင်းတော်အား သက္ကရာဇ် ၁၇၃၇ တွင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါကုရ်အာန်ကျမ်းတော်မြတ်ကို Tepecik ဗလီဝတ်ကျောင်းတော်၏ မြေအောက်ခန်းတွင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး သမိုင်းပညာရှင်များ၏ စစ်ဆေးချက်များအရ လွန်ခဲ့သည့်နှစ်ပေါင်း ၁၂၀၀ ကျော်ကရေးသားထားခဲ့သည့် ကုရ်အာန်ကျမ်းစာအုပ် ဖြစ်ကြောင်း အတည်ပြုခဲ့သည်။ ထို ကုရ်အာန်ကျမ်းတော်မြတ်အား စတင်တွေ့ရှိခဲ့ပြီး Bodrum မြို့ရှိ မွဖ်သီ Emin Arık မှ လွန်ခဲ့သည့်နှစ်ပေါင်း ၁၂၀၀ က ကုန်အာန်ကျမ်းတော်မြတ်ဖြစ်ကြောင်း ပြောပြခဲ့ပြီးနောက် သမိုင်းပညာရှင်များအား ထပ်မံ စစ်ဆေးစေခဲ့ခြင်းဖြစ်သည်။

“အာဏာပိုင်တွေကိုပြောဖို့ ကျွန်တော် အန်ကာရာ(တူရကီ၏ ဒုတိယမြို့တော်)ကို သွားခဲ့ပြီး သူတို့က သက်ဆိုင်ရာအဖွဲ့အစည်းကိုအပ်ဖို့ ကျွန်တော့်ကိုပြောလိုက်ပါတယ်။ ” ဟု Tepecik ဗလီဝတ်ကျောင်းတော်၏ ရှေ့ဆောင်ဆရာတော် Yüksel Kılınçarslan ကထည့်သွင်းပြောကြားခဲ့သည်။

ထိုကုရ်အာန်ကျမ်းတော်မြတ်အား Bodrum Underwater Archaeology ပြတိုက်သို့ အခမ်းအနားဖြင့်လွှဲအပ်ခဲ့ပြီး လိုအပ်သောထိန်းသိမ်းမှုများပြုလုပ်ပြီးနောက် İzmir ရှိ လက်ရေး မူထိန်းသိမ်းရေးဌာသို့ပို့ဆောင်သွားမည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။

M-Media , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment