Pages

Saturday, September 21, 2013

မော်လမြိုင်မြို့နယ် တောင်ဝိုင်းရှုခင်းသစ်သို့ နိုင်ငံခြား ခရီးသွားများ ဆွဲဆောင်နိုင်ရေး လမ်းပြုပြင်ရန် လွှတ်တော်တွင် ဆွေးနွေး

Photo: မော်လမြိုင်မြို့နယ် တောင်ဝိုင်းရှုခင်းသစ်သို့ နိုင်ငံခြား ခရီးသွားများ ဆွဲဆောင်နိုင်ရေး လမ်းပြုပြင်ရန် လွှတ်တော်တွင် ဆွေးနွေး
Saturday, September 21, 2013 

မဲဆောက်-မော်လမြိုင် တိုက်ရိုက်လေယာဉ် ခရီးစဉ် ပြေးဆွဲပြီးနောက်ပိုင်း မော်လမြိုင်မြို့သို့ နိုင်ငံခြား ခရီးသွား အ၀င်များပြား လာသည့်အတွက် မော်လမြိုင်မြို့တောင်ဝိုင်း တောင်ရိုးတန်း ရှုခင်းသစ်ကို ခရီးသည်များ ဆွဲဆောင်နိုင်ရန်အတွက် လမ်းပြုပြင်နိုင်ရန် စက်တင်ဘာ ၁၉ ရက်က ကျင်းပခဲ့သည့် ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး ဒုတိယနေ့တွင် တင်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

"အေးချမ်းသာယာတဲ့ မော်လမြိုင်မြို့ကို နိုင်ငံခြား ခရီးသွားတွေ တစ်နေ့ထက်တစ်နေ့ ပိုလာရောက် လည်ပတ်နေပြီး မော်လမြိုင်မှာ နိုင်ငံခြားသားတွေကို နောက်ထပ်ဆွဲဆောင်နိုင်တဲ့ နေရာကတော့ လေယာဉ်ကွင်းအနီးက တောင်ဝိုင်းတောင်ရိုးတန်း ဖြစ်ပါတယ်။ တောင်ရိုးတန်းပေါ်ကကြည့်ရင် မော်လမြိုင်မြို့ရဲ့ အလှအပတွေကို အပြည့်အ၀မြင် တွေ့နိုင်ပါတယ်။ တောင်ဝိုင်းမဟာ ဗုဒ္ဓ၀င်ကနေ ကင်မွန်းချုံကန်ထိပ် တောင်ညိုတောင်တန်းပေါ် တက်တဲ့လမ်းက ကြမ်းပါတယ်။ ကတ္တရာခင်းဖို့ အစီအစဉ် ရှိမရှိ သိလိုပါတယ်" ဟု ဦးစိန်မြင့် (ကျိုက်ထိုမဲဆန္ဒနယ်-၂) က ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး ဒုတိယနေ့တွင် မေးမြန်းခဲ့သည်။

တောင်ဝိုင်းမဟာ ဗုဒ္ဓ၀င်ထိပ်မှ ကင်မွန်းချုံကန်ထိပ်၊ ၎င်းမှတောင်ညို တောင်တန်းသို့ တက်သောလမ်းသည် တစ်မိုင်ခြောက်ဖာလုံခန့်ရှိပြီး ယင်းလမ်းကြောင်းတွင် သာသနာ့မြေ၊ ကန့်သတ်နယ်မြေ၊ အချက်အချာ နေရာတစ်ခု ဖြစ်နေခြင်းတို့ကြောင့် ကွန်ကရစ်/ကတ္တရာ လမ်းခင်းရန် လောလောဆယ် အစီအစဉ် မရှိကြောင်း သက်ဆိုင်ရာ ၀န်ကြီးက ဖြေကြားခဲ့သည်။

မွန်ပြည်နယ် အတွင်းသို့ ၂၀၁၂ ခုနှစ်တွင် နိုင်ငံခြားသား ၁၉၂၁၅ ဦး လာရောက်ခဲ့ပြီး၊ ၂၀၁၃ သြဂုတ်လကုန်ထိ နိုင်ငံခြားသား ၁၉၉၃၆ ဦး လာရောက်ခဲ့ကြောင်း သိရသည်။

Eleven Media Group

မော်လမြိုင်မြို့ရှိ တောင်ဝိုင်းတောင်ညို တောင်တန်းအား တွေ့ရစဉ်
မော်လမြိုင်မြို့ရှိ တောင်ဝိုင်းတောင်ညို တောင်တန်းအား တွေ့ရစဉ်
RangonNewsDaily:: September 21, 2013

မဲဆောက်-မော်လမြိုင် တိုက်ရိုက်လေယာဉ် ခရီးစဉ် ပြေးဆွဲပြီးနောက်ပိုင်း မော်လမြိုင်မြို့သို့ နိုင်ငံခြား ခရီးသွား အ၀င်များပြား လာသည့်အတွက် မော်လမြိုင်မြို့တောင်ဝိုင်း တောင်ရိုးတန်း ရှုခင်းသစ်ကို ခရီးသည်များ ဆွဲဆောင်နိုင်ရန်အတွက် လမ်းပြုပြင်နိုင်ရန် စက်တင်ဘာ ၁၉ ရက်က ကျင်းပခဲ့သည့် ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး ဒုတိယနေ့တွင် တင်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။ "အေးချမ်းသာယာတဲ့ မော်လမြိုင်မြို့ကို နိုင်ငံခြား ခရီးသွားတွေ တစ်နေ့ထက်တစ်နေ့ ပိုလာရောက် လည်ပတ်နေပြီး မော်လမြိုင်မှာ နိုင်ငံခြားသားတွေကို နောက်ထပ်ဆွဲဆောင်နိုင်တဲ့ နေရာကတော့ လေယာဉ်ကွင်းအနီးက တောင်ဝိုင်းတောင်ရိုးတန်း ဖြစ်ပါတယ်။ တောင်ရိုးတန်းပေါ်ကကြည့်ရင် မော်လမြိုင်မြို့ရဲ့ အလှအပတွေကို အပြည့်အ၀မြင် တွေ့နိုင်ပါတယ်။
 
 တောင်ဝိုင်းမဟာ ဗုဒ္ဓ၀င်ကနေ ကင်မွန်းချုံကန်ထိပ် တောင်ညိုတောင်တန်းပေါ် တက်တဲ့လမ်းက ကြမ်းပါတယ်။ ကတ္တရာခင်းဖို့ အစီအစဉ် ရှိမရှိ သိလိုပါတယ်" ဟု ဦးစိန်မြင့် (ကျိုက်ထိုမဲဆန္ဒနယ်-၂) က ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး ဒုတိယနေ့တွင် မေးမြန်းခဲ့သည်။

တောင်ဝိုင်းမဟာ ဗုဒ္ဓ၀င်ထိပ်မှ ကင်မွန်းချုံကန်ထိပ်၊ ၎င်းမှတောင်ညို တောင်တန်းသို့ တက်သောလမ်းသည် တစ်မိုင်ခြောက်ဖာလုံခန့်ရှိပြီး ယင်းလမ်းကြောင်းတွင် သာသနာ့မြေ၊ ကန့်သတ်နယ်မြေ၊ အချက်အချာ နေရာတစ်ခု ဖြစ်နေခြင်းတို့ကြောင့် ကွန်ကရစ်/ကတ္တရာ လမ်းခင်းရန် လောလောဆယ် အစီအစဉ် မရှိကြောင်း သက်ဆိုင်ရာ ၀န်ကြီးက ဖြေကြားခဲ့သည်။

မွန်ပြည်နယ် အတွင်းသို့ ၂၀၁၂ ခုနှစ်တွင် နိုင်ငံခြားသား ၁၉၂၁၅ ဦး လာရောက်ခဲ့ပြီး၊ ၂၀၁၃ သြဂုတ်လကုန်ထိ နိုင်ငံခြားသား ၁၉၉၃၆ ဦး လာရောက်ခဲ့ကြောင်း သိရသည်။

Eleven Media Group , RangonNewsDaily
kolatt (Pabedan)



0 comments:

Post a Comment