Pages

Saturday, September 21, 2013

ရန်ကုန်နာရေးကူညီမှုအသင်း ဥက္ကဌ ဦးကျော်သူ နှင့် အဖွဲ့ ပြည်မြို့ရေဘေးသင့်များအားလာရောက်လှုဒါန်း


RangonNewsDaily:: September 21, 2013

ယနေ့မနက် (၉)နာရီအချိန်ခန့် ရန်ကုန်နာရေးကူညီမှုအသင်း ဥက္ကဌ ဦးကျော်သူသည် ပြည်မြို့ရေဘေးသင့်
ခံစားနေရသူများ အိမ်အရောက်လာရောက်လှုဒါန်းသွားကြောင်းသတင်းရရှိခဲ့ပါသည် အဆိုပါ နာ/ကူ ရန်ကုန် အဖွဲ့ကို ပြည်မြို့နေ မိုးမေတ္တာပရဟိတလူငယ်သွေးလှုရှင်များအသင်း မှ ဦးဆောင်ပြီး ပြည်မြို့ အတွင်းရေဘေးသင့်လျှက်ရှိသော နေရာ နှင့် ရေနစ်မြုပ်လျှက်ရှိသောနေအိမ်များသို့ လိုက်လံပို့ဆောင်ကူညီအားဖြည့်ခဲ့ပါသည်။ အဆိုပါပေးဝေလှုဒါန်းခဲ့သောပစ္စည်းများမှာ ဆီ(၁)ဘူး၊ငါးသေတ္တာ(၁)ဘူး၊ခေါက်ဆွဲခြောက်(၁)ထုတ်၊ဆား(၁)ထုတ်၊ရေသန့်ဘူးသေး(၁)ဘူး၊ဆန်(၂)ပြည် တချို့(၂ ပြည်ခွဲ) ၊ အစုံပါတစ်အိမ်ထောင်(၁)ထုတ်စီပေးဝေလှုဒါန်းသွားခဲ့ကြောင်းသတင်းရရှိခဲ့ပါသည်။ ဖိုးခေါင် နှင့် ချောင်းနားတန်းအတွက်(၂၂၅)ထုတ်၊ခရမ်းကုန်း(၉၅)ထုတ်၊န၀င်းဝါဆိုဘုန်းတော်ကြီးကျောင်းဝန်း

အတွင်းရှိ ရေဘေးသင့်ကယ်ဆယ်ရေးစခန်းအတွက်(၂၁)ထုတ်၊မာလကာကုန်း(၂၁)ထုတ်၊ရွှေပလ္လင်ပေါ်(၇)ထုတ်၊

ဖောင်တော်ဦး(၄)ထုတ်၊န၀င်း ၁၁ လမ်း(၁၁)ထုတ်၊အေးမြသာယာ(၈၈)ထုတ်လှုဒါန်းထားသည့်အပြင် ပြည်မြို့ရေဘေးသင့်ဒုက္ခသည်များ

အတွက်ဆိုပြီးတော့ သောက်ရေသန့်ဘူးကြီး(၉၀၀)ကိုလည်းလှုဒါန်းထားကြောင်း မြတ်လေးရုံဘုန်းတော်ကြီးစာသင်ကျောင်း မှ ကျောင်းသား/သူ များအတွက် ဗလာစာအုပ်ပေါင်း(၃၅)ဒါဇင်ကိုလည်းလှုဒါန်းသွားခဲ့ကြောင်းသတင်းရရှိခဲ့ပါသည်။ 
 
ကာလတန်ဖိုးကတော့(၁၆)သိန်းခွဲလောက်ရှိပါတယ် ကျွန်တော်တို့ မိုးမေတ္တာပရဟိတလူငယ်သွေးအလှုရှင်များအသင်း ကနေဦးဆောင်ကူညီပေးပြီး ရန်ကုန် နာရေးကူညီမှုအသင်း ဥက္ကဌ ဦးကျော်သူတို့အဖွဲ့တွေမှ လာရောက်လှုဒါန်းတာပါ ရန်ကုန်ရောပြည်ရောဆိုရင် အင်အား(၅၀)ခန့်လောက်ရှိပါတယ
 
် ဒုက္ခရောက်နေသူတွေ ကိုကူညီပေးခဲ့တာပါ တကယ်လိုအပ်နေတဲ့အချိန် နေရာမှာ တကယ်လိုအပ်နေမဲ့ပစ္စည်းတွေကို ကူညီမှုပေးခဲ့ရလို့ဝမ်းသာပါတယ်ဟု (မိုးမေတ္တာ ပရဟိတ လူငယ်သွေးအလှုရှင်များအသင်း.) အတွင်းရေးမှုး ဦးညီညီအောင် မှ ပြည်သတင်းသို့ပြောကြားသွားခဲ့ပါသည်။...

ဒုက္ခသည်တွေအားလုံး ကုန်းပေါ်ရောက်နေပါပြီ အခြားနယ်တွေမှာတော့ ကျော်သူတို့လာရင် တားစီးတာတွေ ရှိခဲ့တယ် ကျော်သူတို့စီးလာတဲ့လှေတောင်ကြောက်လို့ ပြန်သွားတာတွေလည်းရှိတယ် ဌာနဆိုင်ရာတွေကတားစီးမှုတွေကြောင့်ပါ အခုပြည်လာရတာတော်တော်လေးကို အစဉ်ပြေပါတယ် 
 
အားလုံးကတက်တက်ကြွကြွကူညီဆောင်ရွက်ပေးခဲ့ကြပါတယ် အခုပြည်ကရေဘေးသင့်တွေကို ကျွန်တော်ကိုယ်တိုင် အိမ်အရောက်လိုက်လံလှုဒါန်းတယ် ဒုက္ခရောက်နေတဲ့ သူတွေကလည်း ကျွန်တော်တို့အသင်းအဖွဲ့တွေကလာကူညီတာတွေ ပေးဝေလှုဒါန်းနေတာတွေ့တော့ ဆုတွေတောင်ပေးကြတယ် လှိုက်လဲဝမ်းသာမှုတွေနဲ့ ကျွန်တော့ကိုနူတ်ဆက်ကြတယ် ကျွန်တော်ဝမ်းသာပါတယ် 
 
န၀င်းထဲကဆိုလားပဲ ၀ါဆိုဘုန်းတော်ကြီးကျောင်းထဲကကယ်ဆယ်ရေးစခန်းမှာ ငယ်ငယ်ကတည်းက မီးလောင်ခံထားရတဲ့ ကလေးမလေးရှိတယ် ကျွန်တော်ကိုယ်တိုင်တွေ့ခဲ့ရတယ် ကလေးမလေးက ကျောင်းလည်းမတက်တော့ဘူးတဲ့ ကျွန်တော်က ဘာတွေဝါသနာပါလည်း လို့မေးတော့ ပန်ချီဆွဲတတ်ချင်တယ်ဆိုတာနဲ့ ကျွန်တော်က မိုးမေတ္တာက ကိုညီညီအောင်နဲ့ ချိတ်ပေးလိုက်ပါတယ် 
 
ဒီလိုလိုအပ်နေတဲ့သူတွေကို စိတ်ဓါတ်တွေခွန်အားတွေပေးဖို့ကလူတိုင်းမှာတာဝန်ရှိပါတယ် ကလေးမလေး ပန်ချီတွေကို သေသေချာချာဆွဲနိုင်အောင်သင်ပေးမယ် ပြီးရင် ပြိုင်ပွဲတွေမှာ ၀င်ပြိုင်ခိုင်းမယ် မိသားစုအတွက်လည်း အထောက်အကူရတာပေါ့ လူမျိုးရေးမခွဲခြားဘူး လူကျင့်ဝတ်နဲ့ညီဖို့အရေးကြီးပါတယ် လူထဲကလူတွေပါပဲ လူမျိုးဘာသာမခွဲခြားတာဟာ ပရဟိတ လို့ခေါ်ပါတယ် ဟု ရန်ကုန် နာ/ကူ အသင်း ဥက္ကဌ ဦးကျော်သူမှ ပြည်သတင်းသို့ပြောကြားသွားခဲ့သည်။.
 
.ပြည်သတင်း., RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment

 
world time