Pages

Friday, September 27, 2013

OIC နိုင်ငံခြားရေးဝန်ကြီးများအဖွဲ့ ရိုဟင်ဂျာ ကိစ္စဆွေးနွေး ရန် မြန်မာနိုင်ငံလာမည်

RangonNewsDaily:: September 27, 2013
အစ္စ လာမ္မစ်ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဖြစ်သောOIC ၏ နိုင်ငံခြား ရေးဝန်ကြီးများအဖွဲ့သည် မြန်မာ နိုင်ငံ
သို့လာရောက်ရန် အစီအစဉ် ရှိကြောင်း သိရသည်။အဆိုပါအဖွဲ့လာရောက် မည့် အစီအစဉ်နှင့်ပတ်သက်၍
နိုင်ငံတော်သမ္မတ ၏ ပြောရေး ဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီးဦးရဲထွဋ်က ''OIC အဖွဲ့ လာမယ်ဆိုတာတော့ သိပါတယ်။
သူတို့တွေ လေ့လာချင်တဲ့နေရာတွေနဲ့ ဒီဘက်ကခွင့် ပြုနိုင်တဲ့နေရာတွေအတွက် ညှိ နှိုင်းဆဲပဲရှိ ပါသေး တယ်
။ နောက် ဆုံးအခြေအနေတော့ မသိသေး ပါဘူး''ဟု ပြောသည်။
::
စက်တင်ဘာ၂၅ရက်ကကျင်းပခဲ့သောOIC အဖွဲ့၏ရိုဟင်ဂျာမူဆလင် လူနည်းစုရေးရာအစည်း အဝေးတွင်
OIC ၏ အတွင်းရေး မှူးချုပ် ပါမောက္ခအက်နီလတ် ဒင်အီဆာနိုဂလူ ဦးဆောင်သော အဖွဲ့ကို မြန်မာ နိုင်ငံသို
့စေလွှတ် ရန် ဆုံးဖြတ်ခဲ့ကြကြောင်း သိရ သည်။
::
OIC အဖွဲ့သည် မြန်မာနိုင်ငံ တွင် ပဋိပက္ခများဖြစ်ပွားခဲ့သော ရခိုင်ဒေသနှင့် နိုင်ငံအတွင်းရှိ မူဆလင်များရှိရာ အချို့သောနေ ရာများသို့သွားရောက်ရန် အစီ အစဉ်ရှိကြောင်း သိရသည်။
::
ယင်းနှင့်ပတ်သက်၍ရခိုင် ပြည်နယ်အစိုးရအဖွဲ့ ပြန်ကြား ရေးတာဝန်ခံ ဦးဝင်းမြိုင်က ''OIC လာမယ့်ကိစ္စ လုံး
ဝမဖြစ်နိုင်ဘူး။ ကျွန်တော်တို့အနေနဲ့ ဘာမှမသိ ရဘူး။ သေချာတာတစ်ခုက OIC ကို ရခိုင်ပြည်နယ်က ရခိုင်
လူမျိုး တွေက လုံးဝလက်မခံဘူးဆိုတာ တော့ သိတယ်။ ဒီသတင်းနဲ့ပတ် သက်ပြီး ကျွန်တော်တို့အနေနဲ့လုံးဝ မသိရတာပါ''ဟု ပြောသည်။
::
မူဆလင်များ၏အခြေအ နေကို တိုးတက်မှုရှိစေရန်အတွက် အကူအညီပေးအပ်သည့်နေရာ တွင် ပူးပေါင်း
ဆောင်ရွက်သွား ရန်ဆန္ဒရှိကြောင်းOIC အတွင်း ရေးမှူးက ပြောကြားခဲ့ကြောင်း ဘယ်လ်ဂျီယံအခြေစိုက် Kshmir Watch သတင်းဌာနတွင် ဖော်ပြ ထားသည်။
::
OIC အဖွဲသည် နိုင်ငံပေါင်း ၅ဝကျော်ဖြင့်ဖွဲ့စည်းထားပြီးယခင် က မြန်မာနိုင်ငံတွင်OICရုံးကို ဖွင့်လှစ်ခွင့်ပြု
ရန် တောင်းဆိုခဲ့မှု များရှိခဲ့သော်လည်း ပြည်သူများ ဝိုင်းဝန်းကန့်ကွက်မှုကြောင့် နိုင်ငံ တော်သမ္မတက OIC ရုံးကိုဖွင့်လှစ် ခွင့်မပြုဟု ၂၀၁၂ခုနှစ် အောက် တိုဘာလအတွင်း သတင်းထောက် များနှင့် တွေ့ဆုံစဉ်ပြောခဲ့
သည်။

Yangon Media ::-- , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment