Pages

Friday, September 27, 2013

သံဖြူဇရပ်မှ ကျိုက္ခမီ သွားသောလမ်းတွင် ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင် တိုက်မိ

RangonNewsDaily:: September 27, 2013
စက်တင်ဘာ ၁၉ ကြာတပတေးနေ့ ညနေ ၅:၃၀ အချိန်တွင် သံဖြူဇရပ်မှ ကျိုက္ခမီ သွားသောလမ်း မိုင်တိုင် ၁/၄၀နှင့်၂/၄၀ကြား တောင်ဖလုကျေးရွာ အဝင်လမ်းဝ၌ ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင် တိုက်မိရာမှ ယဉ်
နှစ်စီးလုံးမှစီးနှင်းလာသောလူများဒဏ်ရာပြင်းထန်း၍သံဖြူဇရပ်မြို့ ပြည်သူ့ ဆေးရုံးသို့ပို့ဆောင်ခဲ့ရကြောင်း
သတင်းရရှိသည်။
ဖြစ်စဉ်ကို ရဲတပ်ဖွဲ့ မှစစ်ဆေးချက်အရ ကျိုက္ခမီ စက်စဲ မှသံဖြူဇရပ်မြို့ဘက်သို့ လာသော ဆိုင်ကယ်နံပါတ် ၁၃ယ/--Honda wave 110 အမဲရောင်ကို မောင်းနှင်းသူ မပန်းအိဖြူ(၁၅နှစ်) ကြံခိုင်ရေး ရပ်ကွက် သံဖြူဇရပ်မြို့
နေထိုင်သူမှ မောင်းနှင်းပြီး၎င်းနှင့်အတူမခင်နှင်းထား(၁၅နှစ်၊လိပ်စာတူ)မပွင့်ဖြူအေး(၁၃နှစ်)အောင်ကုသိုလ်
ရပ်ကွက် စီးနှင်းလာပြီး စက်စဲမှပြန်လာစဉ် တောင်ဖလုကျေးရွာ လမ်းဝ အရောက်တွင် ရှေ့ မှသွားနေသော ဆိုင်ကယ်အားကျော်တက်ရာ အရှိန်မထိန်းနှိုင်သဖြင့် တဖက်ယာဉ်ကျောမှ ယာဉ်အမှတ် ၃၁ယ/--Honda wave100 ကိုမြင့်စိုး(၂၄နှစ်၊ယာဉ်မောင်း) ကိုသီဟထွန်း(၂၇နှစ်၊စီးနှင်းသူ) ကျူံကဒါတ်ကျေးရွာ နေထိုင်သူ တို့ စီးနှင်းလာသော ဆိုင်ကယ်အား မျက်နှာခြင်းဆိုင် တိုက်ရာ ယာဉ်ပါ ငါးဦးလုံး ဒဏ်ရာပြင်ထန်းစွာ ရရှိသွား
ခြင်းဖြစ်ကြောင်းသိရသည်။
::
ကိုမြင့်စိုး မှာဒဏ်ရာပြင်းထန်သဖြင့် ည၉:၃၀ခန့်တွင် သံဖြူဇရပ်မြို့ ဆေးရုံး၌ သေဆုံးသွားသည်၊တာဝန်ရှိ
သံဖြူဇရပ်မြို့ မ ရဲစခန်းမှ အမှုဖွင့် အရေးယူလျက်ရှိကြောင်း သတင်းရရှိပါသည်။

Thanbyuzayat watch::-- , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment