Pages

Friday, September 27, 2013

ပျော်ပျော်ကြီးရောင်းပြီး ပျော်ပျော်ကြီးဝယ်နေကြတဲ့ သိန်း(၁၀၀)နှင့် (၁၂၀)တန် ကြားကားများ

RangonNewsDaily:: September 27, 2013

ယခုအချိန်တွင် “သ”အက္ခရာ၊ ကားစလစ်ဈေးနှင့် “ပ၊ လ” အက္ခရာ စလစ်ဈေးများ
အတန်းလိုက်ခွဲခြား ထားခြင်းမရှိတော့ပဲ ကားစလစ်ဆိုပါ က အမည်ပေါက်(၁၁၈)သိန်းဝန်းကျင် ထိ မြင့်တက်လာကြောင်း မင်းရဲကျော် စွာကားဝင်းအတွင်းမှ ၀ါရင့်ကားဝယ် ရောင်း အကျိုးတော်ဆောင်ကြီးတစ် ဦးမှ Auto World ဂျာနယ်သို့ ပြော ပြသည်။ ယခင်ကားဟောင်းများ လှောင် ထားသူများမှ စလစ်များထုတ်ရောင်း လာပြီး အပ်ကားဈေးကွက်မှာ အတော်ပင်လှုပ်ရှားနေကြောင်း ပြော ပြသည်။

“ “အ”အက္ခရာက အနှစ်(၂၀)မ ပြည့်သေးလို့ အအပ်လက်မခံသေးဘူး ဆိုတော့ ဒီ “သ”တို့ “လ”တို့ စလစ် ဈေးတွေက ပိုတက်လာတယ်။ ချဉ် ချဉ်တူးတူး စလစ်ဆိုရင်ပြီးရော။ အတန်းကိုမခွဲထားတော့ဘူး။ (၂၂) ရက်နေ့က (၁၁၈)သိန်း၊ (၂၃)ရက် နေ့မှာတော့ သိန်း(၁၂၀)နဲ့ ဖွင့်မယ် ထင်တယ်” ပြောပြသည်။

ကားသစ်များအရောင်းအ၀ယ် အေးစက်နေပြီး စလစ်ကပ် ၀ယ်သော သိန်း (၁၀၀)နှင့်(၁၂၀)တန် ကြားကား များမှာ ပျော်ပျော်ကြီးရောင်း၍ ပျော် ပျော်ကြီးပင် ၀ယ်ယူနေကြကြောင်း ပြောပြသည်။ စလစ်ဈေး(၁၁၈)သိန်း ထိမြင့်တက်နေ၍ AD Van, Probox, Fit စသည့်လူကြိုက်များသော ကားများမှာ နောက်ထပ် ငွေအလိုက် ပေးစရာမလိုဘဲ စလစ်ကပ်ရုံဖြင့် ၀ယ် ယူရနေသောကြောင့် ထိုကားများမှာ အရောင်းအ၀ယ် သွက်လျက်ရှိကြောင်း သိရသည်။

“ စလစ်ဈေးမြစ်ဖျားခံပြီး လူ ကြိုက်များတဲ့ AD Van, Probox, Fit တို့လို သိန်း(၁၀၀)နဲ့ (၁၂၀)တန် ကြားကားတွေကတော့ တော်တော် ကြီးကို အရောင်းသွက်နေတယ်။ ပျော်ပျော်ကြီးရောင်းပြီး၊ ပျော်ပျော် ကြီးကို ၀ယ်သွားကြတယ်။ အရင်က “သ”ကို AD Van နဲ့ စလစ်ကပ်မယ် ဆိုရင် ငွေအလိုက်ပေးရတာ များ တယ်။ အခု အဲဒီအဆင့်ကနေ “သ” ကို ရောင်း AD Van ကိုဝယ်ရင် ငွေ လေးငါးခြောက်သိန်းက ပိုနေတယ်။ အဲဒီတော့ ဒီကားတွေက အရောင်း သွက် နေတယ်” ဟု အဆိုပါ ကား ၀ယ်ရောင်း အကျိုးတော်ဆောင်ကြီးမှ ရှင်းပြသည်။

အမြင့်ကားများမှာမူ အ၀ယ်မရှိ သလောက်အေးစက်နေပြီး “အ”အက္ခ ရာ၊ “သ”အက္ခရာ ကားများမှာ ဈေး ကွက်တွင်ပင် ၀ယ်ယူမရရှိနိုင်တော့ ပဲ ယခင် “လ”နှင့် “ပ”တို့ကဲ့သို့ ကား ဟောင်းများပင် အရောင်းအ၀ယ်ပြန် သွက်လာကြောင်း သိရသည်။ စလစ် ဈေးမှာ ယခင်က အက္ခရာတန်းအလိုက် ဈေးကွာခြားသွားသော်လည်း ယခု အခါတွင် ဈေးကွားခြားခြင်းမရှိတော့ ဘဲ စလစ်စာရွက်ဖြစ်ပါက အရောင်း အ၀ယ်ဖြစ်ကြောင်း သိရသည်။ စလစ် ဈေးများ(၇၃-၇၄)သိန်း၊ ထိုမှ တစ် ဆင့်(၈၀-၈၅)၊ (၉၀-၉၅)မှ ယခုအ ချိန်(၁၂၀)၀န်းကျင်ထိမြင့်တက်လာ ခြင်းဖြစ်သည်။

Auto World Journal , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment