Pages

Friday, September 27, 2013

“မင်းကင်းမြို့ရှိစာသင်ဝိုင်းတစ်ခုမှကလေးငယ်များအားမစင်ပုံးများစွန့်ပစ် ခိုင်းခြင်းကိစ္စ တားဆီး ဖြေရှင်းပေးစေလို”

RangonNewsDaily:: September 27, 2013
စစ်ကိုင်းတိုင်းဒေသကြီး ၊ ကလေးခရိုင် ၊မင်းကင်းမြို့စာသင်ဝိုင်းတစ်ခုမှ အထက်တန်း အဆင့် ကျောင်းသားလေးများအား ကျောင်းသူကျောင်းသား ဆရာဆရာမများ၏အပေါ့အပါးထည့်ထားသောပုံးများအားအလှည့်ကျစနစ်ဖြင့် စွန့်ပစ်ခိုင်းနေကြောင်း အဆိုပါ စာသင်ဝိုင်းအနီးတွင်နေထိုင်သူ တစ်ဦးမှ ပြောသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍၄င်းစာသင်ဝိုင်းတွင်ပညာသင်ကြားနေသော
ကျောင်းသားလေးတစ်ဦးကလည်း သေးပုံတွေကိုသားတို့ ကျောင်းသားတွေ အကုန်လုံးသယ်စွန့်တဲ့ အလုပ်လုပ်ရတယ် ကျောင်းသူတွေတော့ မပါပါဘူး။ ကျောင်းသားတွေကိုယ့်အလှည့်ကျနဲ့ ကိုယ် ပစ်ရတာပါ။ 
တစ်ဖွဲ့ကို (၈) ယောက် ဖွဲ့ထားပါတယ်။နောက်ပြီး သားတို့က အဲဒီ စာသင်ဝိုင်းကို တစ်နှစ်ကို သုံးခါခြောက်သောင်းကျပ် သွင်းရတယ်။ အားလုံးပေါင်း တစ်သိန်းရှစ်သောင်းပါ။သားတို့ ဒါတွေကို မလုပ်ချင်ဘူးဆိုရင်လည်း အိမ်က အငေါက်ခံရမှာစိုးလို့ပါလို့ ပြောခဲ့သည်။
ကျောင်းသားမိဘတစ်ဦးကတော့ ဒီကိစ္စသူ့ဆရာတွေသွားပြောရင်လည်သားသမီးတွေရဲ့ပညာရေးအတွက်ကစိုးရိမ်ရတယ်လေ။ဒါကြောင့်ကိုယ့်သားသမီးကိုမလုပ်စေချင်ပေမယ့်လည်း သားသမီးပညာရေးကို ထောက်ထားပြီး ဒီအတိုင်းပဲနေကြရတာပေါ့လို့ ပြောသည်။
၎င်းကိစ္စအား ကျောင်းသားများကျောင်းသားမိဘများကပညာရေးထောက်ထားကာနှုတ်ဆိတ်နေ
သော်လည်း ဒေသရှိလူမှုအဖွဲ့အစည်းတစ်ခုဖြစ်သည့်အထက်ချင်းတွင်း
ဒေသလူငယ်များကွန်ယက်မင်းကင်းမြို့လူငယ်များအနေဖြင့်မခံမရပ်နိုင်ဖြစ်ခဲ့ကြပြီးILOချင်း/စစ်ကိုင်းကိုယ်စားလှယ်သို့ပါတိုင်ကြားထားပြီးILO ဒေသကိုယ်စားလှယ် အနေဖြင့် မင်းကင်းမြို့ မြို့နယ်အုပ်ချုပ်ရေးသို့ ပြေလည်စေရေး ဆောင်ရွက်ပေးရန် ညှိနှိုင်း ပြောဆိုခဲ့သည်။
အဆိုပါကလေးငယ်များအားမစင်ပုံးများစွန့်ပစ်ခိုင်းသည့်စာသင်ဝိုင်းမှာ
မင်းကင်းမြို့အမှတ်(၁)ရပ်ကွက်ရှိထူးချွန်အောင်စာသင်ဝိုင်းဖြစ်ပြီး၎င်းကိစ္စအား ကျောင်းသားများနှင့် မိဘများမှ မပြောရဲပဲ ရှိနေသော်လည်းမင်းကင်းလူငယ်များမှလုံးဝမကျေနပ်ပဲမြို့နယ်အနေဖြင့်တာဆီးအရေးယူခြင်းပြုလုပ်မပေးပါကသက်ဆိုင်ရာဌာနများအထိစာတင်တိုင်ကြားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါ မစင်ပုံးများကို ညစဉ် အလှည့်ကျတာဝန်ဖြင့် ချင်းတွင်းမြစ်အတွင်း သို့ လည်ေးကာင်း ဆင်လည်တောင်ခြေ ရှိ တောစပ်အနီးသို့ လည်းကောင်း စွန့်ပစ်နေကြသည် ဟုလည်းသိရပါသည်။

မင်းကင်း စစ်နိုင်
သလ္လာဝတီတိုင်းမ်စ် , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment