Pages

Friday, September 27, 2013

မြန်မာကျော် ပညာရှင်ကြီးများ၏ 'IT' စကားလုံးများ ရှင်းလင်းချက်

RangonNewsDaily:: September 27, 2013

မေး: ဖုန်း Root ဖောက်ခြင်း ဆိုသည်မှာ ဘာကိုဆိုလိုပါသလဲ?
ဖြေ : ဖုန်း Root ဖောက်ခြင်း ဆိုသည်မှာ
ဖုန်းထဲကို မြန်မာစာ Font ထည့်ခြင်းကို ခေါ်၏
--
မေး: Google ဆိုသည်မှာ အဘယ်နည်း?
ဖြေ : Google ဆိုသည်မှာ အင် တာ နက် လိုင်း ကျသွားခြင်းဟုတ်မဟုတ် သေချာအောင် စစ်ဆေးကြည့်နိုင်သောနေရာဖြစ်သည်
မေး: Android Os ဆိုသည်မှာ ဘာလဲ?
ဖြေ : Android Os ဆိုသည်မှာ iOS ၏ ရန်သူဖြစ်သည်
--
မေး : Facebook ဆိုသည်မှာ အဘယ်နည်း?
ဖြေ : Facebook ဆိုသည် မှာ ကိုယ်ပေါချင် ရာ နဲ့ ကိုယ်ပြောချင် ရာ ပြောလို့ရတဲ့ နေရာဖြစ်သည်
--
မေး : Facebook လူသုံးများလာခြင်း၏ အဓိက တရားခံမှာ ဘာလဲ?
ဖြေ : Mark Zuckerberg ဖြစ်သည်
--
မေး : Facebook Profile နဲ့ Facebook Fan Page ကွာခြားမှု ရှိပါသလား?
ဖြေ : Facebook Profile သည် Profile ပိုင် ရှင် က ကြိုက် ရာ တင် ပြီး
Facebook Fan Page သည် Admin တွေ ကြိုက် ရာ တင် သော နေရာများဖြစ်သည်
တကယ်တော့ ကွာခြားချက်မှာ နာမည်မတူခြင်းသာရှိ၏
--
မေး : Instagram နဲ့ Camera 360 ဆိုသည်မှာ ဘာလဲ?
ဖြေ : နှစ်ခုစလုံးသည် ဝက်ခြံ ပျောက်ဆေးဖြစ်သည်


ဒိုင်ယာရီ::-- , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment