Pages

Friday, September 27, 2013

အခြေခံဥပဒေမပြင်ရင် ၂၀၁၅ ရွေးကောက်ပွဲ တရားမျှတမှုမရှိနိုင်လို့ ဒေါ်စုပြော

RangonNewsDaily:: September 27, 2013
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ဆင်ရင် မြန်မာနိုင်ငံဟာ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေတယ်လို့ မဆိုနိုင်သလို၊ လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲဟာလည်း တရားမျှတမှုရှိမှာ မဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြောကြားလိုက်ပါတယ်။ ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်မှာကျင်းပတဲ့ အန်အယ်လ်ဒီ ပါတီတည်ထောင်ခြင်း ၂၅ နှစ်ပြည့် ငွေရတုအခမ်းအနားမှာ ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်တွေကို အခုလို ပြောကြားခဲ့တာပါ။

“၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ဘူးဆိုရင် ၂ဝ၁၅ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတယ်လို့ ပြောနိုင်မှာမဟုတ်ဘူး၊ လွတ်လပ်ရင် လွတ်လပ်လိမ့်မယ်၊ မဲထည့်တဲ့နေ့မှာ လွတ်လွတ်လပ်လပ်မဲထည့်ရင် မဲထည့်နိုင်လိမ်မယ်၊ ဒါပေမယ့် အစကတည်းက မျှတမှုမရှိတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာ ကျင်းပတဲ့ရွေးကောက်ပွဲဆိုတာ ဘယ်လိုမှမျှတနိုင်မှာမဟုတ်ဘူး၊ အဲဒီမမျှတတဲ့ ရလဒ်တွေအဖြစ်နဲ့ ပြဿနာတွေ အများကြီးပေါ်လာနိုင်တယ်”

ဒါ့ပြင် အမျိုးသားရင်ကြားစေ့ရေးအတွက် တပ်မတော်နဲ့ အရပ်သား နိုင်ငံရေးအဖွဲ့အစည်းတွေအကြား ထိတွေ့ဆက်ဆံမှုရှိဖို့ လိုအပ်ကြောင်း၊ ပြည်တွင်း ငြိမ်းချမ်းရေးရဖို့အတွက် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရမှာဖြစ်ကြောင်း၊ တရားဥပဒေ စိုးမိုးမှုရှိဖို့လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။ ဒီအခမ်းအနားကို နိုင်ငံခြားသံတမန်တွေ၊ နိုင်ငံရေးပါတီတွေက ခေါင်းဆောင်တွေအပြင် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။

RFA , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment