Pages

Friday, September 27, 2013

ပြဿ နာများမဖြေရှင်းနိုင် က ထားဝယ်စီမံကိန်း ရပ်ဆိုင်းထားရန် ထားဝယ် အမျိုးသမီးသမဂ္ဂ တောင်းဆို

Photo: ပြဿနာများ မဖြေရှင်းနိုင်က ထားဝယ်စီမံကိန်း ရပ်ဆိုင်းထားရန် ထားဝယ် အမျိုးသမီးသမဂ္ဂ တောင်းဆို
Friday, September 27, 2013

ထားဝယ်စီမံကိန်း အကောင်အထည် ဖော်ရာတွင် လတ်တလော ဖြစ်ပွားနေသော လျော်ကြေးကိစ္စများ အပါအဝင် အခြားပြဿနာများ မဖြေရှင်းနိုင်ပါက ထားဝယ် စီမံကိန်းကို ရပ်ဆိုင်းထားရန် ထားဝယ် အမျိုးသမီးသမဂ္ဂ (TWU) က တောင်းဆို ထုတ်ပြန်လိုက်သည်။

ရန်ကုန်တွင် စီမံကိန်း အကောင်အထည်ဖော်ရန် ထိုင်း-မြန်မာနှင့် ဂျပန်တို့ သုံးပွဲဆိုင် ဆွေးနွေးပွဲ ကျင်းပရန် ပြင်ဆင်နေစဉ် ယင်းသမဂ္ဂ၏ ထုတ်ဝေသော ‘ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့် ဒေသခံများ၏ ဆန္ဒ’ မှတ်တမ်းဗီဒီယို ဖြန့်ချိပွဲ အခမ်းအနားတွင် ထိုသို့ထုတ်ပြန် ပြောဆို လိုက်ခြင်း ဖြစ်သည်။
“ကျွန်မတို့က ဖွံ့ဖြိုးရေးကို ဆန့်ကျင်နေတာ မဟုတ်ဘူး။ ဒါပေမဲ့ ဒီကိစ္စတွေကို မရှင်းဘဲ စီမံကိန်း ဆက်မလုပ်စေချင်ဘူး” ဟု ထားဝယ် အမျိုးသမီးများ သမဂ္ဂ၏ အထွေထွေ အတွင်းရေမှူး မယ်စုစုဆွေက ပြောကြားသည်။

ထုတ်ဝေဖြန့်ချိလိုက်သည့် ၁၅ မိနစ်စာ ဗီဒီယိုမှတ်တမ်းတွင် ဒေသခံများထံ အသိမပေးဘဲ၊ လျော်ကြေးမပေးဘဲ ဥယျာဉ်မြေများကို မြေတူးစက်ဖြင့် တူးဖော်ခြင်း၊ စီမံကိန်း ယာဉ်ကြီးများ သွားလာမှုကြောင့် လမ်းများ ပျက်စီးခြင်း၊ ကျောက်ထုတ်မှုကြောင့် လယ်မြေများ အသုံးမပြုနိုင်တော့ခြင်း၊ လျော်ကြေးမည်မျှ ရရှိစေကာမူ လုံးဝမပြောင်းရွှေ့လိုသော ဒေသခံများ၏ စကားသံများကို ဖော်ပြထားသည်။

ထိုင်းဆောက်လုပ်ရေး ကုမ္ပဏီ အီတာလျံ-ထိုင်းက စီမံကိန်းကို ကနဦး တည်ထောင်ခွင့် ရထားသော်လည်း နောက်ပိုင်းတွင် ထိုင်းနှင့် မြန်မာ အစိုးရချင်း ပူးတွဲ အကောင်အထည်ဖော်မည့် စီမံကိန်းအဖြစ် အသွင်ပြောင်းခဲ့ပြီး ဝင်ရောက် ရင်းနှီးမြှုပ်နှံရန် ဂျပန်အစိုးရကိုလည်း ဖိတ်ခေါ် ထားသည်။

ကုမ္ပဏီကြောင့် ဖြစ်ပွားနေသော ပြဿနာများကို လက်ရှိအနေအထားတွင် အပြီးအပြတ် မကိုင်တွယ်ပါက ရင်းနှီး တည်ဆောက်သူအသစ် လက်ထက်တွင် တာဝန်မယူမည်ကို စိုးရိမ်သဖြင့် ပြဿနာများ အပြီးသတ် ကိုင်တွယ်ပြီးမှ စီမံကိန်း ဆက်လုပ်စေလိုကြောင်း ထားဝယ် ဖွံ့ဖြိုးရေးအဖွဲ့ (DDA) မှ ညှိနှိုင်းရေးမှူး ဦးရဲလင်းမြင့်က ပြောကြားသည်။

လျော်ကြေးငွေ ပြဿနာများကို ရှင်းလင်းရန် ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံ အစိုးရများ ကြိုးပမ်းနေပြီး အမေရိကန်ဒေါ်လာ သုံးဘီလီယံချီ လျော်ကြေးပေးရန် ရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရ အဖွဲ့အတွင်းရေးမှူး ဦးတင်သိန်းက ပြောကြားသည်။
“လျော်ကြေးပေးဖို့ လုပ်နေကြတာပဲလေ။ ဒါပေမဲ့ ဌာနဝန်ထမ်း လုပ်ငန်း ဆိုတော့ ချက်ချင်းတော့ ဘယ်လုပ်လို့ရမလဲ။ ပေးတာတော့ ပေးမှာပါ” ဟု ၎င်းကဆိုသည်။

အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းများ ပါဝင်သည့် ထားဝယ် စီမံကိန်းတွင် ပတ်ဝန်းကျင်နှင့် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေသော ရေနံဓာတု စက်ရုံ၊ ကျောက်မီးသွေးစက်ရုံ၊ ဓာတ်မြေသြဇာစက်ရုံ စသည်တို့ ပါဝင်မှုကြောင့် ဒေသခံ အရပ်ဘက် အဖွဲ့အစည်းများက အပြင်းအထန် ကန့်ကွက်လျက် ရှိသည်။

စီမံကိန်း ပထမအဆင့်အရ စီမံကိန်းအတွင်းရှိ ကျေးရွာခြောက်ရွာကို ပြောင်းရွှေ့ မည် ဖြစ်ပြီး လျော်ကြေးငွေ ပေးပြီးမှသာ ပြောင်းရွှေ့စေမည် ဖြစ်ကြောင်း ဦးတင်သိန်းက ဆိုသည်။

The Voice Weekly

RangonNewsDaily:: September 27, 2013

ထားဝယ်စီမံကိန်း အကောင်အထည် ဖော်ရာတွင် လတ်တလော ဖြစ်ပွားနေသော လျော်ကြေးကိစ္စများ အပါအဝင် အခြားပြဿနာများ မဖြေရှင်းနိုင်ပါက ထားဝယ် စီမံကိန်းကို ရပ်ဆိုင်းထားရန် ထားဝယ် အမျိုးသမီးသမဂ္ဂ (TWU) က တောင်းဆို ထုတ်ပြန်လိုက်သည်။ ရန်ကုန်တွင် စီမံကိန်း အကောင်အထည်ဖော်ရန် ထိုင်း-မြန်မာနှင့် ဂျပန်တို့ သုံးပွဲဆိုင် ဆွေးနွေးပွဲ ကျင်းပရန် ပြင်ဆင်နေစဉ် ယင်းသမဂ္ဂ၏ ထုတ်ဝေသော ‘ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့် ဒေသခံများ၏ ဆန္ဒ’ မှတ်တမ်းဗီဒီယို ဖြန့်ချိပွဲ အခမ်းအနားတွင် ထိုသို့ထုတ်ပြန် ပြောဆို လိုက်ခြင်း ဖြစ်သည်။
“ကျွန်မတို့က ဖွံ့ဖြိုးရေးကို ဆန့်ကျင်နေတာ မဟုတ်ဘူး။ ဒါပေမဲ့ ဒီကိစ္စတွေကို မရှင်းဘဲ စီမံကိန်း ဆက်မလုပ်စေချင်ဘူး” ဟု ထားဝယ် အမျိုးသမီးများ သမဂ္ဂ၏ အထွေထွေ အတွင်းရေမှူး မယ်စုစုဆွေက ပြောကြားသည်။

ထုတ်ဝေဖြန့်ချိလိုက်သည့် ၁၅ မိနစ်စာ ဗီဒီယိုမှတ်တမ်းတွင် ဒေသခံများထံ အသိမပေးဘဲ၊ လျော်ကြေးမပေးဘဲ ဥယျာဉ်မြေများကို မြေတူးစက်ဖြင့် တူးဖော်ခြင်း၊ စီမံကိန်း ယာဉ်ကြီးများ သွားလာမှုကြောင့် လမ်းများ ပျက်စီးခြင်း၊ ကျောက်ထုတ်မှုကြောင့် လယ်မြေများ အသုံးမပြုနိုင်တော့ခြင်း၊ လျော်ကြေးမည်မျှ ရရှိစေကာမူ လုံးဝမပြောင်းရွှေ့လိုသော ဒေသခံများ၏ စကားသံများကို ဖော်ပြထားသည်။

ထိုင်းဆောက်လုပ်ရေး ကုမ္ပဏီ အီတာလျံ-ထိုင်းက စီမံကိန်းကို ကနဦး တည်ထောင်ခွင့် ရထားသော်လည်း နောက်ပိုင်းတွင် ထိုင်းနှင့် မြန်မာ အစိုးရချင်း ပူးတွဲ အကောင်အထည်ဖော်မည့် စီမံကိန်းအဖြစ် အသွင်ပြောင်းခဲ့ပြီး ဝင်ရောက် ရင်းနှီးမြှုပ်နှံရန် ဂျပန်အစိုးရကိုလည်း ဖိတ်ခေါ် ထားသည်။

ကုမ္ပဏီကြောင့် ဖြစ်ပွားနေသော ပြဿနာများကို လက်ရှိအနေအထားတွင် အပြီးအပြတ် မကိုင်တွယ်ပါက ရင်းနှီး တည်ဆောက်သူအသစ် လက်ထက်တွင် တာဝန်မယူမည်ကို စိုးရိမ်သဖြင့် ပြဿနာများ အပြီးသတ် ကိုင်တွယ်ပြီးမှ စီမံကိန်း ဆက်လုပ်စေလိုကြောင်း ထားဝယ် ဖွံ့ဖြိုးရေးအဖွဲ့ (DDA) မှ ညှိနှိုင်းရေးမှူး ဦးရဲလင်းမြင့်က ပြောကြားသည်။

လျော်ကြေးငွေ ပြဿနာများကို ရှင်းလင်းရန် ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံ အစိုးရများ ကြိုးပမ်းနေပြီး အမေရိကန်ဒေါ်လာ သုံးဘီလီယံချီ လျော်ကြေးပေးရန် ရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရ အဖွဲ့အတွင်းရေးမှူး ဦးတင်သိန်းက ပြောကြားသည်။
“လျော်ကြေးပေးဖို့ လုပ်နေကြတာပဲလေ။ ဒါပေမဲ့ ဌာနဝန်ထမ်း လုပ်ငန်း ဆိုတော့ ချက်ချင်းတော့ ဘယ်လုပ်လို့ရမလဲ။ ပေးတာတော့ ပေးမှာပါ” ဟု ၎င်းကဆိုသည်။

အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းများ ပါဝင်သည့် ထားဝယ် စီမံကိန်းတွင် ပတ်ဝန်းကျင်နှင့် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေသော ရေနံဓာတု စက်ရုံ၊ ကျောက်မီးသွေးစက်ရုံ၊ ဓာတ်မြေသြဇာစက်ရုံ စသည်တို့ ပါဝင်မှုကြောင့် ဒေသခံ အရပ်ဘက် အဖွဲ့အစည်းများက အပြင်းအထန် ကန့်ကွက်လျက် ရှိသည်။

စီမံကိန်း ပထမအဆင့်အရ စီမံကိန်းအတွင်းရှိ ကျေးရွာခြောက်ရွာကို ပြောင်းရွှေ့ မည် ဖြစ်ပြီး လျော်ကြေးငွေ ပေးပြီးမှသာ ပြောင်းရွှေ့စေမည် ဖြစ်ကြောင်း ဦးတင်သိန်းက ဆိုသည်။

The Voice Weekly, RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment