Pages

Friday, September 27, 2013

မန်ချက်စတာ ယူနိုက်တက်အသင်းမှ ချီချာရီတိုဟာ (၁၈)ကိုက်ထဲမှာ ကြောက်စရာ အကောင်းဆုံး တိုက်စစ်မှုးဖြစ်ကြောင်း နည်းပြ ဒေးဗစ်မိုယက်စ်ပြောကြား

Photo: ချီချာရီတိုဟာ (၁၈)ကိုက်ထဲမှာ ကြောက်စရာ အကောင်းဆုံး တိုက်စစ်မှုးပါ 
Friday, September 27, 2013

(ဒေးဗစ်မိုယက်စ်) မန်ယူနိုက်တက် နည်းပြ ဒေးဗစ်မိုယက်စ်က ချီချာရီတိုသည် (၁၈)ကိုက်အတွင်းတွင် ပြိုင်ဘက်ကို အကောင်းဆုံး ဒုက္ခပေးနိုင်တဲ့ ကြောက်စရာ အကောင်းဆုံး တိုက်စစ်မှုးမျိုး ဖြစ်ကြောင်း ချီးကျူးလိုက်သည်။ မန်ယူနိုက်တက် အသင်းသည် ကပ်ပီတယ်ဝမ်း ဖလားတွင် ချီချာရီတို၏ တစ်လုံးတည်းသော အနိုင်ဂိုးဖြင့် လီဗာပူးလ် အသင်းအား နောက်ကောက်ချနိုင်ခဲ့သည်။ 

ချီချာရီတိုနှင့် ပတ်သက်ပြီး ဒေးဗစ်မိုယက်စ်က - "ဂိုးဧရိယာထဲမှာ ပြိုင်ဘက်နောက်ခံလူတွေရဲ့ အဓိက ထား လူကပ်ခံနေရတဲ့ အချိန်မှာ လှုပ်ရှားဖို့ ဆိုတာ တော်တော်လေးကို ခက်ခဲပါတယ်၊ ဒါပေမယ့် ချီချာရီတိုဟာ ဂိုးဧရိယာထဲမှာ အကောင်းဆုံး စွမ်းဆောင် နိုင်တဲ့ တိုက်စစ်မှုးပါ၊ ချီချာရီတိုဟာ (၁၈)ကိုက်အတွင်းမှာ ကြောက်စရာ အကောင်းဆုံး တိုက်စစ်မှုးတစ်ယောက်ပါ""ချီချာရီတိုဟာ  အထောင်တိုက်စစ်မှုး ပီသတဲ့ တိုက်စစ်မှုးပါ၊ ဂိုးရဖို့အတွက် အကောင်းဆုံး လှုပ်ရှားနိုင်တယ်၊ သူ့ရဲ့ အဆုံးသတ် အရည်အသွေးကတော့ အထူးစပယ်ရှယ်ပါပဲ၊ သေချာ ပြန်ကြည့် ကြည့်လိုက်ပါ၊ အန်ရီကေးကပ်ထားတာကို ညာဘက်ပြေးထွက်ဖို့ ခန္ဓာကိုယ် ယိမ်းပြပြီး၊ ရုတ်တရက် ဘယ်ဘက်ကို ပြေးထွက်လိုက်တယ်၊ ရောက်လာတဲ့ ဘောလုံးကို ပါးနပ်စွာနဲ့ အဆုံးသတ်ပေးခဲ့တယ်၊ သိပ်ကောင်းတဲ့ ဂိုးပါ" ဟု ချီးကျူးသွားခဲ့သည်။

Written by အောင်ဇော်လတ်(မိုးနဲ)
http://www.football-cafe.com/

RangonNewsDaily:: September 27, 2013
(ဒေးဗစ်မိုယက်စ်) မန်ယူနိုက်တက် နည်းပြ ဒေးဗစ်မိုယက်စ်က ချီချာရီတိုသည် (၁၈)ကိုက်အတွင်းတွင် ပြိုင်ဘက်ကို အကောင်းဆုံး ဒုက္ခပေးနိုင်တဲ့ ကြောက်စရာ အကောင်းဆုံး တိုက်စစ်မှုးမျိုး ဖြစ်ကြောင်း ချီးကျူးလိုက်သည်။ မန်ယူနိုက်တက် အသင်းသည် ကပ်ပီတယ်ဝမ်း ဖလားတွင် ချီချာရီတို၏ တစ်လုံးတည်းသော အနိုင်ဂိုးဖြင့် လီဗာပူးလ် အသင်းအား နောက်ကောက်ချနိုင်ခဲ့သည်။ ချီချာရီတိုနှင့် ပတ်သက်ပြီး ဒေးဗစ်မိုယက်စ်က - "ဂိုးဧရိယာထဲမှာ ပြိုင်ဘက်နောက်ခံလူတွေရဲ့ အဓိက ထား လူကပ်ခံနေရတဲ့ အချိန်မှာ လှုပ်ရှားဖို့ ဆိုတာ တော်တော်လေးကို ခက်ခဲပါတယ်၊ ဒါပေမယ့် ချီချာရီတိုဟာ ဂိုးဧရိယာထဲမှာ အကောင်းဆုံး စွမ်းဆောင် နိုင်တဲ့ တိုက်စစ်မှုးပါ၊ 
 
ချီချာရီတိုဟာ (၁၈)ကိုက်အတွင်းမှာ ကြောက်စရာ အကောင်းဆုံး တိုက်စစ်မှုးတစ်ယောက်ပါ""ချီချာရီတိုဟာ အထောင်တိုက်စစ်မှုး ပီသတဲ့ တိုက်စစ်မှုးပါ၊ ဂိုးရဖို့အတွက် အကောင်းဆုံး လှုပ်ရှားနိုင်တယ်၊ သူ့ရဲ့ အဆုံးသတ် အရည်အသွေးကတော့ အထူးစပယ်ရှယ်ပါပဲ၊
 
 သေချာ ပြန်ကြည့် ကြည့်လိုက်ပါ၊ အန်ရီကေးကပ်ထားတာကို ညာဘက်ပြေးထွက်ဖို့ ခန္ဓာကိုယ် ယိမ်းပြပြီး၊ ရုတ်တရက် ဘယ်ဘက်ကို ပြေးထွက်လိုက်တယ်၊ ရောက်လာတဲ့ ဘောလုံးကို ပါးနပ်စွာနဲ့ အဆုံးသတ်ပေးခဲ့တယ်၊ သိပ်ကောင်းတဲ့ ဂိုးပါ" ဟု ချီးကျူးသွားခဲ့သည်။

အောင်ဇော်လတ်(မိုးနဲ)
football-cafe , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment