Pages

Wednesday, September 18, 2013

မန္တလေးတိုင်းတွင် လေးလအတွင်း စည်းကမ်းမဲ့ယာဉ်ဒဏ်ကြေး ကျပ်သန်းနှစ်ရာကျော်ရရှိ

Photo: မန္တလေးတိုင်းတွင် လေးလအတွင်း စည်းကမ်းမဲ့ယာဉ်ဒဏ်ကြေး ကျပ်သန်းနှစ်ရာကျော်ရရှိ
Wednesday, September 18, 2013

မန္တလေးတိုင်းဒေသကြီး အတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာစေရေး အတွက် မေလ ၇ ရက်နေ့မှ စတင် ဖမ်းဆီးစစ်ဆေးခဲ့ရာ စက်တင်ဘာ ၁၀ ရက်နေ့အထိ လေးလအတွင်း ဒဏ်ကြေးငွေ ကျပ်သန်းပေါင်း နှစ်ရာကျော် အခွန်ငွေရရှိ ပြီးဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေး ဝန်ကြီးဦးအောင်မောင်းက တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။

မန္တလေးမြို့တော် စည်ပင်သာယာရေး နယ်နိမိတ်ပြင်ပရှိ မြို့များတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာစေရေးအတွက် စည်းကမ်းလိုက်နာခြင်း မရှိသည့် ယာဉ်များကို ကျပ်သုံးသောင်းမှ ကျပ်တစ်သိန်းအထိ ဒဏ်ငွေဆောင်စေပြီး အဆိုပါ ရငွေများကို တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးနေကာ အဆိုပါရရှိသည့် ငွေများကို တိုင်းဒေသကြီးအစိုးရက လိုအပ်သည့် ကဏ္ဍများတွင် သုံးစွဲသွားမည်ဖြစ်ကြောင်း ၄င်းကဆိုသည်။

မြို့နယ်အလိုက် ဖမ်းဆီးရမိသည့် ဒဏ်ငွေများကို သက်ဆိုင်ရာ မြို့နယ်များ အတွက် အသုံးစရိတ်ငွေ အဖြစ် ပြန်လည် လွှဲပြောင်းပေးစေလိုကြောင်း ရမည်းသင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးတင်ဦးက ပြောကြားသည်။
"ရမည်းသင်းခရိုင်မှာ ဆိုရင် လေးလအတွင်း ဒဏ်ငွေဆောင်ရတဲ့ စည်းကမ်းမဲ့ ဆိုင်ကယ်နဲ့ ကားစီးရေ ၁၅၀၀ ဝန်းကျင် လောက်ရှိတယ်" ဟု ၄င်းကဆိုသည်။

ညောင်ဦးမြို့တွင် တစ်ရက်လျှင် စည်းကမ်းမဲ့ ယာဉ်စီးရေ ၂၀ ခန့် ဖမ်းဆီး ရမိလေ့ရှိပြီး တစ်စီးလျှင် ဒဏ်ငွေကျပ် သုံးသောင်း ဒဏ်ရိုက်ကြောင်း အစိုးရရုံးပိတ်ရက်တွင် တရားရုံး ပိတ်သောကြောင့် အဆိုပါ ဒဏ်ကြေးဆောင်နိုင်ခြင်း မရှိသဖြင့် စည်းကမ်းမဲ့ယာဉ် များကို စစ်ဆေးရေးအဖွဲ့ များက ယာယီ သိမ်းဆည်းသွားမည် ဖြစ်ကြောင်း ညောင်ဦးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဌေးက ပြောကြားသည်။

"မတ္တရာကို အလုပ်ကိစ္စနဲ့ သွားတာ၊ တည်းတဲ့အိမ်က ရေမရှိလို့ လမ်းထိပ်က 
အိမ်ကို ဆိုင်ကယ်နဲ့ ရေသွားချိုးတာ၊ အင်္ကျီလည်း မပါဘူး၊ လိုင်စင်လည်း မပါသွားဘူး၊ အဲဒါ ယာဉ်ထိန်းရဲက စစ်ပြီးတော့ လိုင်စင်မပါလို့ ဆိုပြီး ဒဏ်ငွေသုံးသောင်း ဆောင်ခိုင်းတယ်၊ ဒီနားကနေ ရေချိုးသွားတာပါ ဆိုပြီးပြောလည်း မရဘူး" ဟု မန္တလေးမြို့တော်ရှိ တိရစ္ဆာန်ဆေးကုဆရာဝန် အမျိုးသားတစ်ဦးက ဆိုသည်။

The Voice Weekly

RangonNewsDaily:: September 18, 2013

မန္တလေးတိုင်းဒေသကြီး အတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာစေရေး အတွက် မေလ ၇ ရက်နေ့မှ စတင် ဖမ်းဆီးစစ်ဆေးခဲ့ရာ စက်တင်ဘာ ၁၀ ရက်နေ့အထိ လေးလအတွင်း ဒဏ်ကြေးငွေ ကျပ်သန်းပေါင်း နှစ်ရာကျော် အခွန်ငွေရရှိ ပြီးဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေး ဝန်ကြီးဦးအောင်မောင်းက တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။ မန္တလေးမြို့တော် စည်ပင်သာယာရေး နယ်နိမိတ်ပြင်ပရှိ မြို့များတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာစေရေးအတွက် စည်းကမ်းလိုက်နာခြင်း မရှိသည့် ယာဉ်များကို ကျပ်သုံးသောင်းမှ ကျပ်တစ်သိန်းအထိ ဒဏ်ငွေဆောင်စေပြီး အဆိုပါ ရငွေများကို တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးနေကာ အဆိုပါရရှိသည့် ငွေများကို တိုင်းဒေသကြီးအစိုးရက လိုအပ်သည့် ကဏ္ဍများတွင် သုံးစွဲသွားမည်ဖြစ်ကြောင်း ၄င်းကဆိုသည်။

မြို့နယ်အလိုက် ဖမ်းဆီးရမိသည့် ဒဏ်ငွေများကို သက်ဆိုင်ရာ မြို့နယ်များ အတွက် အသုံးစရိတ်ငွေ အဖြစ် ပြန်လည် လွှဲပြောင်းပေးစေလိုကြောင်း ရမည်းသင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးတင်ဦးက ပြောကြားသည်။
"ရမည်းသင်းခရိုင်မှာ ဆိုရင် လေးလအတွင်း ဒဏ်ငွေဆောင်ရတဲ့ စည်းကမ်းမဲ့ ဆိုင်ကယ်နဲ့ ကားစီးရေ ၁၅၀၀ ဝန်းကျင် လောက်ရှိတယ်" ဟု ၄င်းကဆိုသည်။

ညောင်ဦးမြို့တွင် တစ်ရက်လျှင် စည်းကမ်းမဲ့ ယာဉ်စီးရေ ၂၀ ခန့် ဖမ်းဆီး ရမိလေ့ရှိပြီး တစ်စီးလျှင် ဒဏ်ငွေကျပ် သုံးသောင်း ဒဏ်ရိုက်ကြောင်း အစိုးရရုံးပိတ်ရက်တွင် တရားရုံး ပိတ်သောကြောင့် အဆိုပါ ဒဏ်ကြေးဆောင်နိုင်ခြင်း မရှိသဖြင့် စည်းကမ်းမဲ့ယာဉ် များကို စစ်ဆေးရေးအဖွဲ့ များက ယာယီ သိမ်းဆည်းသွားမည် ဖြစ်ကြောင်း ညောင်ဦးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဌေးက ပြောကြားသည်။

"မတ္တရာကို အလုပ်ကိစ္စနဲ့ သွားတာ၊ တည်းတဲ့အိမ်က ရေမရှိလို့ လမ်းထိပ်က
အိမ်ကို ဆိုင်ကယ်နဲ့ ရေသွားချိုးတာ၊ အင်္ကျီလည်း မပါဘူး၊ လိုင်စင်လည်း မပါသွားဘူး၊ အဲဒါ ယာဉ်ထိန်းရဲက စစ်ပြီးတော့ လိုင်စင်မပါလို့ ဆိုပြီး ဒဏ်ငွေသုံးသောင်း ဆောင်ခိုင်းတယ်၊ ဒီနားကနေ ရေချိုးသွားတာပါ ဆိုပြီးပြောလည်း မရဘူး" ဟု မန္တလေးမြို့တော်ရှိ တိရစ္ဆာန်ဆေးကုဆရာဝန် အမျိုးသားတစ်ဦးက ဆိုသည်။

The Voice Weekly , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment

 
world time