Pages

Wednesday, September 18, 2013

ကော်ရှူလူငယ် ၈၀ခန့် လူမှုဝန်ထမ်းထိန်းသိမ်း

ကော်ရှူလူငယ် ၈၀ခန့် လူမှုဝန်ထမ်းထိန်းသိမ်း

ရန်ကုန်၊ စက်တင်ဘာ ၁၇

လူငယ်ထုအကြား ကော်ရှူသည့် ဓလေ့ များပြားလာသောကြောင့် လူမှုဝန်ထမ်း ဦးစီးဌာနက ပညာပေး အရေးယူမှုများ ဆောင်ရွက်လျက်ရှိရာ လက်ရှိအချိန်တွင် လူမှုဝန်ထမ်း ဦးစီးဌာန၏ လူငယ်ပြုပြင်ရေး သင်တန်းကျောင်းများ၌ ကော်ရှူ ကလေးသူငယ် ၈၀နီးပါး လက်ခံထားကြောင်း လူမှုဝန်ထမ်း ဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက The Voice သို့ ပြောကြားသည်။ 

လမ်းပေါ်တွင် ကော်ရှူနေသော ကလေးသူငယ်များကို တွေ့ရှိလျှင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက လူမှုဝန်ထမ်း ဦးစီးဌာနသို့ ပို့ဆောင်ပေးကြောင်း၊ ယင်းမှ အသက် ၁၈ နှစ်အောက် ယောက်ျားလေးများကို သန်လျင်နှင့် ငှက်အော်စမ်း လူငယ်လေ့ကျင့်ရေးကျောင်း၊ မိန်းကလေးများကို ထောက်ကြန့်အမျိုးသမီး ကလေးများသင်တန်းကျောင်း နှင့် မန္တလေး ရှိ လူမှုဝန်ထမ်းဦးစီးဌာန လူငယ်လေ့ကျင့်ရေး စခန်းသို့ တစ်ဆင့် ပြန်လည်ပို့ဆောင် ခဲ့ကြောင်း ၄င်းက ရှင်းလင်းပြောကြားသည်။ 

လေ့ကျင့်ရေးကျောင်း တစ်ကျောင်းလျှင် လူငယ်၂၀ဦးခန့် ရှိပြီး ယင်းလူငယ် များတွင် ဂေဟာသို့ ဒုတိယအကြိမ် ရောက်ရှိသော လူငယ်များလည်း ပါဝင်ကြောင်း၊ အချို့လူငယ် များသည် 
ပထမအကြိမ် ရောက်ရှိချိန်တွင် ကော်ရှူခြင်းဓလေ့ ပျောက်ကင်းသွားသော်လည်း ပြင်ပ ပတ်ဝန်းကျင်နှင့် ပြန်လည်ထိတွေ့ပါက ကော်ရှူခြင်း ပြန်လည်စွဲသွားကြောင်း လူမှုဝန်ထမ်း ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။ 

ယင်းကြောင့် လူမှုဝန်ထမ်း ဦးစီးဌာနက ကယ်ဆယ်ထားသော ကလေးသူငယ်နှင့် လူငယ်လေ့ကျင့်ရေး စခန်းများသို့ ဒုတိယအကြိမ် ပြန်ရောက်သော ကလေးသူငယ်များကို စိစစ်ရန် အတွက် ယခုလမှစတင်ကာ လေ့ကျင့်ရေးစခန်းသို့ ရောက်လာသော ကလေးငယ်များ၏ ကိုယ်ရေးရာဇဝင် များကို ပြုလုပ်သွားမည် ဖြစ်ကြောင်း အဆိုပါဌာနမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက The Voice သို့ ပြောကြားသည်။ 

တိုင်းဒေသကြီးနှင့်  ပြည်နယ်အစိုးရ များကလည်း လူမှုဝန်ထမ်းသို့ ရောက်ရှိလာသည့် ကော်ရှူကလေးသူငယ် များကို ရာဇဝတ်မှုရှိ၊ မရှိစစ်ဆေးကာ တွေ့ရှိပါက ကလေးသူငယ် ဥပဒေအတိုင်း အရေးယူမှုများ ပြုလုပ်သွားရန် ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ဆိုသည်။ 

ကျန်းမာရေးဝန်ကြီးဌာနက ကော်ရှူကလေးသူငယ် များအတွက် ကော်ရှူသုံးစွဲခြင်း တားဆီးရေး ဥပဒေတစ်ခု အမြန်ဆုံး ရေးဆွဲသွားရန် ရှိကြောင်း ဇူလိုင်လ ၄ ရက် နေ့တွင် ယခင်ကျန်းမာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်က ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

(ရလေး)

RangonNewsDaily:: September 18, 2013
လူငယ်ထုအကြား ကော်ရှူသည့် ဓလေ့ များပြားလာသောကြောင့် လူမှုဝန်ထမ်း ဦးစီးဌာနက ပညာပေး အရေးယူမှုများ ဆောင်ရွက်လျက်ရှိရာ လက်ရှိအချိန်တွင် လူမှုဝန်ထမ်း ဦးစီးဌာန၏ လူငယ်ပြုပြင်ရေး သင်တန်းကျောင်းများ၌ ကော်ရှူ ကလေးသူငယ် ၈၀နီးပါး လက်ခံထားကြောင်း လူမှုဝန်ထမ်း ဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက The Voice သို့ ပြောကြားသည်။ လမ်းပေါ်တွင် ကော်ရှူနေသော ကလေးသူငယ်များကို တွေ့ရှိလျှင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက လူမှုဝန်ထမ်း ဦးစီးဌာနသို့ ပို့ဆောင်ပေးကြောင်း၊ ယင်းမှ အသက် ၁၈ နှစ်အောက် ယောက်ျားလေးများကို သန်လျင်နှင့် ငှက်အော်စမ်း လူငယ်လေ့ကျင့်ရေးကျောင်း၊ မိန်းကလေးများကို ထောက်ကြန့်အမျိုးသမီး ကလေးများသင်တန်းကျောင်း နှင့် မန္တလေး ရှိ လူမှုဝန်ထမ်းဦးစီးဌာန လူငယ်လေ့ကျင့်ရေး စခန်းသို့ တစ်ဆင့် ပြန်လည်ပို့ဆောင် ခဲ့ကြောင်း ၄င်းက ရှင်းလင်းပြောကြားသည်။
လေ့ကျင့်ရေးကျောင်းတစ်ကျောင်းလျှင်လူငယ်၂၀ဦးခန့် ရှိပြီး ယင်းလူငယ် များတွင် ဂေဟာသို့ ဒုတိယအကြိမ် 
ရောက်ရှိသောလူငယ်များလည်းပါဝင်ကြောင်း၊ အချို့လူငယ် များသည် ပထမအကြိမ် ရောက်ရှိချိန်တွင် ကော်
ရှူခြင်းဓလေ့ ပျောက်ကင်းသွားသော်လည်း ပြင်ပပတ်ဝန်းကျင်နှင့် ပြန်လည်ထိတွေ့ပါက ကော်ရှူခြင်း ပြန်လည်
စွဲသွားကြောင်း လူမှုဝန်ထမ်း ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

ယင်းကြောင့် လူမှုဝန်ထမ်း ဦးစီးဌာနက ကယ်ဆယ်ထားသော ကလေးသူငယ်နှင့် လူငယ်လေ့ကျင့်ရေး စခန်း
များသို့ဒုတိယအကြိမ် ပြန်ရောက်သောကလေးသူငယ်များကိုစိစစ်ရန် အတွက် ယခုလမှစတင်ကာ လေ့ကျင့်
ရေးစခန်းသို့ ရောက်လာသောကလေးငယ်များ၏ကိုယ်ရေးရာဇဝင်များကို ပြုလုပ်သွားမည် ဖြစ်ကြောင်း အဆို
ပါဌာနမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက The Voice သို့ ပြောကြားသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ များကလည်း လူမှုဝန်ထမ်းသို့ ရောက်ရှိလာသည့် ကော်ရှူကလေးသူငယ် များကို ရာဇဝတ်မှုရှိ၊ မရှိစစ်ဆေးကာ တွေ့ရှိပါက ကလေးသူငယ် ဥပဒေအတိုင်း အရေးယူမှုများ ပြုလုပ်
သွား
ရန် ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ဆိုသည်။

ကျန်းမာရေးဝန်ကြီးဌာနက ကော်ရှူကလေးသူငယ် များအတွက် ကော်ရှူသုံးစွဲခြင်း တားဆီးရေး ဥပဒေတစ်ခု အမြန်ဆုံး ရေးဆွဲသွားရန်ရှိကြောင်းဇူလိုင်လ၄ ရက် နေ့တွင် ယခင်ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်
ကြီး
 ဒေါက်တာဝင်းမြင့်က ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

(ရလေး)
The Voice :;--RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment