RangonNewsDaily:: September 18, 2013
စစ်ကိုင်းတိုင်း မြစ်ချောင်းအင်းအိုင်များအတွင်း
ဘက်ထရီရှော့တိုက်၍ ငါးဖမ်းယူခြင်းသည် ငါးသားပေါက်လေး အများအပြား
သေဆုံးရပြီး ငါးမျိုးဥများစွာကို ပျက်စီးစေသည့်အတွက် ဘက်ထရီရှော့တိုက်ကာ
ငါးဖမ်းသူများကို ရေချိုငါးလုပ်ငန်းဥပဒေ ပုဒ်မ ၄၅ အရ ဖမ်းဆီး
အရေးယူသွားမည်ဖြစ်ကြောင်း ခရိုင် ငါးလုပ်ငန်းဦးစီးအရာရှိ ဦးမြင့်သိန်းမှ
ပြောကြားသည်။ ဒေသခံ
ပြည်သူတချို့သည် ရေချိုငါးလုပ်ငန်းဥပဒေအရ ငါးဖမ်းခွင့်
လျှောက်ထားခြင်းမရှိဘဲ ငါးဖမ်းယူခြင်းများ ရှိနေသည်ဟုလည်း ဦးမြင့်သိန်းက
ပြောသည်။
စက်တင်ဘာ ၁၅ ရက်က ကလေးမြို့နယ်၊ ကန်ပုလဲကျေးရွာ
လူနှစ်ဦးသည် ရေချိုငါးလုပ်ငန်း ဥပဒေအရ ငါးဖမ်းခွင့်ပြုမိန့် မရှိကြောင်း
စစ်ဆေးတွေ့ရှိရသဖြင့် ရဲစခန်းသို့ တိုင်ကြားခဲ့သည်ဟု အင်းသူကြီး
ဦးညွန့်လွင်က ပြောသည်။
ကလေးရဲစခန်း၏ မှတ်တမ်းများတွင်လည်း
လူနှစ်ဦးကို ဘက်ထရီရှော့တိုက် ငါးဖမ်းပစ္စည်းများနှင့်အတူ ခွင့်ပြုမိန့်မဲ့
ငါးဖမ်းယူသည့်အတွက်ဟုဆိုကာ ကလေးမြို့မရဲစခန်း (ပ)၄၀၁/၂၀၁၃
ရေချိုငါးလုပ်ငန်းဥပဒေ ပုဒ်မ ၄၅ အရ အမှုဖွင့်ထာပြီး ဒု-ရဲအုပ်ဋ္ဌေးလွင်က
စစ်ဆေး ဆောင်ရွက်လျက်ရှိသည်။
Mizzima - News, RangonNewsDaily
kolatt (Pabedan)
စက်တင်ဘာ ၁၅ ရက်က ကလေးမြို့နယ်၊ ကန်ပုလဲကျေးရွာ လူနှစ်ဦးသည် ရေချိုငါးလုပ်ငန်း ဥပဒေအရ ငါးဖမ်းခွင့်ပြုမိန့် မရှိကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ရဲစခန်းသို့ တိုင်ကြားခဲ့သည်ဟု အင်းသူကြီး ဦးညွန့်လွင်က ပြောသည်။
ကလေးရဲစခန်း၏ မှတ်တမ်းများတွင်လည်း လူနှစ်ဦးကို ဘက်ထရီရှော့တိုက် ငါးဖမ်းပစ္စည်းများနှင့်အတူ ခွင့်ပြုမိန့်မဲ့ ငါးဖမ်းယူသည့်အတွက်ဟုဆိုကာ ကလေးမြို့မရဲစခန်း (ပ)၄၀၁/၂၀၁၃ ရေချိုငါးလုပ်ငန်းဥပဒေ ပုဒ်မ ၄၅ အရ အမှုဖွင့်ထာပြီး ဒု-ရဲအုပ်ဋ္ဌေးလွင်က စစ်ဆေး ဆောင်ရွက်လျက်ရှိသည်။
Mizzima - News, RangonNewsDaily
kolatt (Pabedan)
0 comments:
Post a Comment