Pages

Wednesday, September 18, 2013

“ရဟန်းနဲ့ ကား”

RangonNewsDaily:: September 17, 2013

ဒကာ - အရှင်ဘုရား ဘုန်းကြီးတွေ ကားမောင်းတာ ၀ိနည်းနဲ့ညီပါသလား။

ဆရာ - ၀ိနည်းနဲ့ ညီ၊ မညီကို ပြောရရင် အာပတ်အကြီး၊ အသေး အသာ
ထားလို့ မညီဘူးလို့ အရင်မှတ်ထားပါ။ ကားမောင်းတဲ့အခါ မောင်းတဲ့သူ
က ရှေ့နောက်၊ ၀ဲယာ ကြည့်ရတယ်မို့လား။

ဒကာ - မှန်ပါ့။ ဆရာ - အင်း၊ အဲဒါဆိုရင် မြို့ရွာအတွင်း လေးတောင်ခန့်မျှသာ ကြည့်ရမယ်
ဆိုတဲ့ သိက္ခာပုဒ်နဲ့တင် အာပတ်သင့်နေပြီ။ တခြားအာပတ်တွေတော့ မောင်း
သူရဲ့ အမူအယာကို ကြည့်ပြီး ဆုံးဖြတ်ရင် အများကြီး ထွက်လာနိုင်ပါသေး
တယ်။

ဒကာ - မှန်ပါဘုရား။

ဆရာ - နောက်တချက်က ဘုရားရှင် သိက္ခာပုဒ်တွေကို ပညတ်တဲ့အခါ ပ
ရိတ်သတ်လေးပါးရဲ့ အလိုကို လိုက်ပြီး ပညတ်တာများပါတယ်။ ဒါကို လ
ဟုက သိက္ခာပုဒ်တော်တော်များများမှာ တွေ့ရတယ်။ ဥပမာ ၀ါတွင်းဝါဆို
ရမယ်။ ၀ါမဆိုရင် အာပတ်သင့်တယ်။

ဒီအကြောင်းအရာကို သေချာပြန်ကြည့်ရင် ရဟန်းတွေ ၀ါတွင်းခရီးသွားလို့
ပညတ်တာပါ။ ငှက်ကလေးများတောင် မိုးတွင်းကာလ အသိုက်အတွင်းနေ
ထိုင်ကြတယ်။ ရဟန်းတွေများ လျောက်သွားနေကြတယ်ဆိုပြီး လူတွေက
ကဲ့ရဲ့ကြ၊ ရှုတ်ချကြ၊ အပြစ်တင်ကြတယ်။ ဒါကြောင့် မသွားရ၊ သွားရင် အ
ကြောင်းပြချက်ရှိရမယ်။ အဲဒီအကြောင်းပြချက်နဲ့ ညီရင်သွား။ သွားတဲ့အခါ
လည်း ၇ ရက်အတွင်း ပြန်လာဆိုပြီး ပညတ်ပါတယ်။

အခြား အခြားသိက္ခာပုဒ်တော်တော်များများလည်း အမြင်မတင့်တယ်တာ
တွေကို ပရိတ်သတ်လေးပါးက ကဲ့ရဲ့၊ အပြစ်တင်၊ ရှုတ်ချကြလို့သာ ဘုရား
ရှင်က ပညတ်တာ တွေ့ရမယ်။

ဒကာ - မှန်ပါဘုရား။

ဆရာ - ခုချိန်များ ဘုရားရှင်ရှိရင် ကားမောင်းနေတဲ့ ရဟန်းကို အပြစ်တင်
မလား၊ ချီးမွမ်းမလား။

ဒကာ - ဟာ ကဲ့ရဲ့မှာပေါ့ဘုရား။ ဆိုင်ရာသိက္ခာပုဒ်လည်း ပညတ်မှာပေါ့။

ဆရာ - ဒါပေါ့။ ဘုရားရှိရင် ကဲ့ရဲ့မယ်။ သိက္ခာပုဒ် ပညတ်မယ်။ ဘုရားရှင်
က ၀ိနည်း ပညတ်တယ်ဆိုတာ မကြည်ညိုသေးတဲ့သူတွေ ကြည်ညိုစေ
ဖို့၊ ကြည်ညိုရင်းစွဲ ရှိသူတွေကို ထပ်ဆင့်ကြည်ညိုစေဖို့ပါ။ ခုလို ကားကိုယ်
တိုင် မောင်းနေတဲ့ ရဟန်းကို ဒကာ၊ ဒကာမတွေမြင်ရင် ချီးမွမ်းမလား၊ ကဲ့
ရဲ့လား။ ကြည်ညိုနိုင်မလား၊ အကြည်ညိုပျက်မလား။

ဒကာ - ကဲ့ရဲ့တာ များမှာပါဘုရား။ ကြည်ညိုမှာလည်း မဟုတ်ပါဘူး။ ဒါ
ကြောင့်လည်း တပည့်တော် မေးတာပါ။ တပည့်တော် နားလည်ပါပြီ။

ဆရာ - အင်း အခြားဝိနည်းနဲ့ ပတ်သတ်ရင်ပြောစရာတွေ အများကြီး မ
ကုန်နိုင်ပါဘူး။ ဒီလောက်နားလည်ရင်ပဲ ရပါပီ။ ကျန်းမာပါစေ ဒကာကြီး။

ဒကာ - မှန်ပါဘုရား။ ခုလို သိရတဲ့အတွက် ဦးတင်ပါတယ်ဘုရား။

- ဒကာလေးတစ်ယောက် လာမေးတာပါ။ အခြားရှင်းပြတာတွေက အများကြီးရှိပေမဲ့ စာရှည်သွား
မှာစိုးရိမ်သည့်အတွက် ဒီလောက်သာ တင်
ပေးလိုက်ပါတယ်။ ဒီလောက်ဆိုရင်ပဲ နားလည် သဘောပေါက်မယ်လို့
မျှော်လင့်ပါတယ်။

“ဌေး”သာမဏေကျော်ဆရာတော်

0 comments:

Post a Comment