RangonNewsDaily:: September 18, 2013
ဟောလိဝုဒ်မှဒါရိုက်တာတစ်ဦးသည် ပြည်တွင်း၌ ဖြစ်ရပ်မှန် ဇာတ်လမ်းအား
အခြေခံသည့် ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးမည်ဖြစ်ပြီး ယင်းဇာတ်ကားနှင့်
ပတ်သက်သော ဇာတ်ဝင်ခန်းများအတွက် ယခုအခါ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးမှ
တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ဆွေးနွေးညှိနှိုင်းဆဲဖြစ်ကြောင်း ဥက္ကဋ္ဌလူမင်းက မဇ္ဈိမသို့ ပြောကြား လိုက်သည်။
အဆိုပါဇာတ်ကားမှာ ဒုတိယကမ္ဘာစစ်အတွင်းက မြန်မာနိုင်ငံတွင်
တာဝန်ထမ်းဆောင်ခဲ့သော လေသူရဲတစ်ဦး၏ အတွေ့အကြုံများကို အခြေတည်ကာ
ရိုက်ကူးမည့် ဇာတ်ကားဖြစ်ပြီး မြန်မာနိုင်ငံမြောက်ပိုင်းရှိ မြစ်ကြီးနား၊
စစ်တကောင်းဒေသတို့ကို အဓိကထားကာ ရိုက်ကူးမည်ဖြစ်သည်။
“ဒီလအတွင်းမှာပဲ လာရောက်ဆွေးနွေးကြပါတယ်။ ကျွန်တော်တို့
ပထမဆုံးဆွေးနွေးကြတဲ့ အဆင့်ပဲရှိပါသေးတယ်။ ဒီလုပ်ငန်းဆောင်ရွက်ဖို့
စတင်နေတဲ့ အခြေအနေတော့မဟုတ်ပါဘူး။ ဘယ်လိုလုပ်ရမယ်ဆို တာတွေကအစ ပြောဆို
တိုင်ပင်နေတဲ့အဆင့်ပါ။
“ဒီလအတွင်းမှာပဲ လာရောက်ဆွေးနွေးကြပါတယ်။ ကျွန်တော်တို့ ပထမဆုံးဆွေးနွေးကြတဲ့ အဆင့်ပဲရှိပါသေးတယ်။ ဒီလုပ်ငန်းဆောင်ရွက်ဖို့ စတင်နေတဲ့ အခြေအနေတော့မဟုတ်ပါဘူး။ ဘယ်လိုလုပ်ရမယ်ဆို တာတွေကအစ ပြောဆို တိုင်ပင်နေတဲ့အဆင့်ပါ။
0 comments:
Post a Comment